Channel Myanmar

Charlotta Björck

Thank You, I’m Sorry (2023) 6.0
Thank You, I’m Sorry (2023)  ဘယ်လိုအခက်အခဲတွေ ဘယ်လိုအဖြစ်ဆိုးတွေကြုံနေရပါစေ။နောက်ဆုံးမှာတော့ ကိုယ့်အနားမှာရှိနေပေးနိုင်မှာကိုယ့်မိသားစုပဲ ရှိပါတယ်။ဘယ်လောက်ပဲမိသားစုအချင်းချင်းပြဿနာတွေတက်တက် စိတ်တွေဆိုးဆိုးအချိန်တန်ရင်တော့သွေးကစကားပြောမှာပါပဲ။ ဒီ Thank You I'm Sorryဆိုတဲ့ဇာတ်ကားလေးထဲမှာလည်း ဘယ်အချစ်ကမှ မိသားစုရဲ့ချစ်ခြင်းလောက်မကြီးမားဘူးဆိုတာကို ပြသပေးသွားမှာပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီး Rotten Tomatoes မှာတော့ Rating 100%ရထားပါတယ်။ဆာရာမှာဒန်နီရယ်ဆိုတဲ့ ခင်ပွန်းနဲ့အဲလိယော့ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး မကြာခင်မွေးဖွားလာတော့မဲ့ ကလေးလေးတစ်ယောက်ကလည်းဗိုက်ထဲမှာရှိနေပါတယ်။သာယာပျော်ရွှင်နေတဲ့ သူတို့မိသားစုလေးရဲ့ဘ၀ကိုအပြောင်းအလဲ ကြီးဖြစ်သွားစေခဲ့တာကတော့ ရုတ်တရက်ကြီးဒန်နီရယ်နှလုံးဖောက်ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုလေးရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီးကို ဆာရာတစ်ယောက်ဗိုက်တစ်လုံးကလေးတစ်ဖက်နဲ့အံကြိတ်ပြီးရင်ဆိုင်နေရပါတော့တယ်။ဒီလိုအချိန်မှာ သူ့ဆီကနေတစ်ယောက်ထွက်ခွာသွားပေမယ့် တခြားတစ်ယောက်ကတော့သူ့ဘ၀ထဲကိုပြန်ဝင်လာခဲ့ပါတယ်။အဲ့ဒီတစ်ယောက်ကတော့ သူနဲ့အဆက်အသွယ်ဖြတ်ထားတာကြာပြီ ဖြစ်တဲ့သူ့အစ်မလင်ဒါပဲဖြစ်ပါတယ်။ဆာရာရဲ့ ဘ၀ထဲကိုလင်ဒါပြန်ဝင်ရောက်လာပြီးနောက်မှာ ညီအစ်မနှစ်ယောက် အတူတူလောကဓံတွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဘယ်လိုဆူးညှောင့်ခလုတ်တွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုရမဲ့မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.39 GB / 592 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Thank You, I’m Sorry (2023)