Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charlie Yuen Cheung-Yan
7.7
Kung Fu Hustle (2004)
2004 ခုနှစ်ကထွက်ရှိခဲ့တဲ့ စတီဖင်ချောင်ပါဝင်တဲ့ Kung Fu Hustle ဆိုတဲ့ ဇာတ်ကားလေးကို အသစ်တစ်ဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဂိုဏ်းစတားတွေ နာမည်ကြီးတဲ့ခေတ်တစ်ခုမှာ လူမိုက်ဂိုဏ်းတွေထဲက ပုဆိန်ဂိုဏ်းသားတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်လေးတစ်ယောက်ဟာ တကယ့်သိုင်းဆရာကြီးတွေ ဇာတ်မြှုပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ ပြဿနာသွားရှာမိရာကနေ ဇာတ်လမ်းစတော့တာပါပဲ စတီဖင်ချောင်ရဲ့ ထုံးစံအတိုင်း ဟာသတွေနှောရင်း အပီအပြင်ဆော်ကြနှက်ကြတဲ့ သိုင်းကားတွေကို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ ပြန်ကြည့်တိုင်း မရိုးနိုင်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ ဒီဇာတ်ကားကို စတီဖင်ချောင်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားခဲ့ပြီးတော့ ဒီကားနဲ့ပတ်သက်လို့ သိပြီးသားတွေထဲက လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တချို့ကိုတင်ပြရရင် ၁ - ဇာတ်ကားထဲက ဝက်ယာတောလို့ခေါ်တဲ့ ရပ်ကွက်ဟာ စတီဖင်ချောင် ကြီးပြင်းခဲ့တဲ့ ဟောင်ကောင်က တိုက်ခန်းအိမ်ယာတစ်ခုကို ပုံစံယူတည်ဆောက်ထားတာပါ ၂- ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို တခြားလူမိုက်တွေနဲ့ မတူအောင်လုပ်ဖို့ စတီဖင်ချောင် စဉ်းစားခဲ့တဲ့နေရာမှာ သရုပ်ဆောင်သူဟာ အကသမားဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာ ဂိုဏ်းသားတွေ ကတဲ့အခန်းတွေပါလာတာဖြစ်ပါတယ် ၃- လူသတ်သမားနှစ်ယောက်ကို ငှားတဲ့အခန်းမှာ မူလဇာတ်လမ်းအရ ရေအောက်ငမန်းသိုင်းကွက်တွေ လုပ်ဖို့ ရှိခဲ့ပေမယ့် CGI သမားတွေ မတတ်နိုင်တာကြောင့် စောင်းနဲ့ပဲ တိုက်ခိုက်တာကို ပြောင်းလဲခဲ့တာပါ ၄- ...
movie
Kung Fu Hustle (2004)
6.3
The House That Never Dies ( 2014 )
CM ချစ်ပရိသတ်တို့အတွက် ဒီတစ်ခေါက် စိတ်လှုပ်ရှားဖွယ်ရာ The House ThatNever Dies ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကို ဘာသာပြန်ရင်းနဲ့မှာ ဇီဝေကောကောလို့ မှတ်ကျောက်တင်ကျန်ခဲ့တဲ့ ruby lin တစ်ယောက် ဘာလို့Light the Night မှာ Tony Yang နဲ့ loveline အဖြစ်ပြန်သုံးခဲ့တယ်ဆိုတာ...ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့ နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေ စပြောရမယ်... အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာ သတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာ တစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့် ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာ ကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်...ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့ ဆိုနိုင်မယ်... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ဒီအိမ်ကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်... ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်... အသံတွေကြားလိုက်... အနီရောင်ဝတ်စုံတွေနဲ့ လူတွေပေါ်လာလိုက်... ဒါတွေအပြင်... ခင်ပွန်းသည်ကိုပါ ဖောက်ပြန်နေတယ်လို့ အကြိမ်ကြိမ် သံသယဝင်လာပြီး ဒီအိမ်ပြောင်းလာပြီးတည်းက လင်မယားနှစ်ဦး မကြာခဏရန်ဖြစ်ပြီး ကွာရှင်းဖို့အထိတွေပါ ဖြစ်လာခဲ့တာပေါ့...ဒီလို ...
movie
The House That Never Dies ( 2014 )
6.7
Once Upon a Time in Shanghai (2014)
၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကားဟောင်း ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဂျပန်ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို နောက်ခံထားပြီး ဂိုဏ်းတွေ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ပိုင်နက်အရှုပ်တော်ပုံတွေကြားက ကွန်ဖူးပညာပြခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbကတော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူတွေ လာကြတဲ့မြို့ကြီးပါ။ ဒါပေမဲ့ အလွှာပေါင်းစုံ၊ လူပေါင်းစုံရှိနေတဲ့ မြို့ကြီး ဖြစ်နေတာရယ် ခေတ်မီတိုးတက်သလောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှုတွေ အတော် များတာရယ်ကြောင့် ကောင်းစားသွားသူထက် လက်လျော့သွားသူ၊ အသက်ပေးလိုက်ရသူတွေက ပိုများနေတာပါ။မာဝေကျင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်းခေါင်းဆောင် လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်နေတဲ့ လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာဝေကျင်းကို တပည့်အဖြစ် မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မာဝေကျင်းနဲ့ ...
movie
Once Upon a Time in Shanghai (2014)
6.6
Tiger Cage (1988)
ဒီဇာတ်ကားကတော့ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်ဂျက်မဇာတ်ကား In The Line of Duty ဇာတ်ကားတွေလိုပါပဲ...လူဆိုးဂိုဏ်းတွေနဲ့ ဟောင်ကောင်စုံထောက်ရဲတွေကြားက စွန့်စားခန်းတွေကို ရိုက်ကူးထားတာပါ။မင်းသား Donnie Yen,Jacky Cheung,Simon Yam,Uncle Tat...မင်းသမီး Carol Cheng,Irene Wan တို့လို ဟောင်ကောင်ရွှေခေတ်ရဲ့ နာမည်ကြီးတွေပါဝင်ထားပါတယ်...IMDb Rating(6.6) ထိ ရရှိထားပြီး ဖိုက်တင်ခန်းတွေလဲကြမ်းသမို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါဘူး။ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=in+the+line+of+duty ကြည့်လို့ရပါတယ်။ File size…(1.8 GB)/(700 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Murphy
movie
Tiger Cage (1988)
5.5
Jump (2009)
ကွန်ဖူးဟာသတွေနဲ့ လောကကြီးရဲ့ စောင်တလွဲတွေကိုဟားတိုက်တတ်တဲ့ ဆရာကြီး စတီဖင်ချောင်ကိုယ်တိုင် ဇာတ်ညွှန်းရေးသားဖန်တီးထားတဲ့ Kunhfu Dance ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်။ မင်းသမီးချော Zhang Yuqi နဲ့ မင်းသားချော Daniel Wu တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...တောမှာမွေးပြီး ဖခင်ဖြစ်သူရဲ့သိုင်းပညာတွေသင်ယူရင်း ကြီးပြင်းလာတဲ့ ချိုင်ဖုန့်ရဲ့ တကယ့်ဝါဿနာ အစစ်အမှန်က က တာပါ။မြို့ပြကိုတစ်ခါမှမရောက်ဖူးတဲ့ ချိုင်ဖုန့်တစ်ယောက် တစ်နေ့မှာ သူငယ်ချင်းတစ်ချို့နဲ့ မြို့ကိုတက်ပြီး အလုပ်လုပ်ဖို့ အခွင့်အရေးရလာတဲ့အခါ...သူ့ရဲ့ဝါဿနာ အစစ်အမှန်ကို ဖော်ထုတ်ဖို့အခွင့်အရေးကို ဘယ်လိုရှာဖွေမှာလဲ။ ရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်နိုင်မှာလားဆိုတာ...။ဒီရုပ်ရှင်က ဟာသ/အကတွေကိုမှ အတုယူစရာ အားတက်စရာတွေပညာပေးလေးတွေနဲ့ မွမ်းမံပြီးပေါ့ပေါ့ပါးပါးရိုက်ပြထားတာတဲ့အပြင် မမZhang ရဲ့ အလှအပတွေကို တစ်ဝကြီးခံစားရဦးမှာမို့ စိတ်ဓါတ်ကျနေချိန်မှာ ကြည့်ဖို့တန်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို SST မှ တင်ဆက်ထားပါတယ်။) File size…(2.1 GB)/(900 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:27:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by SST
movie
Jump (2009)
7.3
Dragon Inn (1992) New Dragon Gate Inn
The New Dragon Gate Inn / Gragon Inn (1992) ===================== IMDb Rating. - 7.3/10Rotten Tomatoes - 78%မာယာများတဲ့ ကန္တာပြင်ရာသီဥတုဟာ အစောကမှ ခြစ်ခြစ်တောက်နေသာရာက ခုတစ်ဖန် သည်းကြီးမည်းကြီး မိုးတွေရွာနေပေါ့။ ဒီအပြောကျယ်တဲ့ကန္တာပြင်မှာ လူတွေရဲ့ တစ်ခုတည်းသော မှီတည်ရာက နဂါးအင်း။ လူ့ကမ္ဘာကိုရှုပ်ထွေးရက်စက်တဲ့ နေရာလို့ဆိုရင် နဂါးအင်းဟာ အဲ့ဒီရှုပ်ထွေးရက်စက်မှုအပေါင်းကို တပ်မက်စွာ သိမ်းဆည်းရာနေရာဖြစ်တယ်။ နဂါးဂိတ်နားက နဂါးအင်းဟာ လွင်တီးခေါင်ကန္တရမှာ ထီးတည်းတည်ရှိနေတဲ့ အိုအေစစ်မဟုတ်တဲ့ ငရဲ။ လူဆိုးသူခိုးတွေရဲ့ ဆုံမှတ်နေရာ။ တွေးကြည့်လို့တောင်မရတဲ့ ရက်စက်မှုတွေ ဒီနေရာမှာရှိတယ်။နဂါးအင်းကိုရောက်လာသူတို့ဟာ ကိုယ်တိုင်တောင်မသိလိုက်ရဘဲ ဇာတ်တူသားစားသူတွေ ဖြစ်လာတယ်။ နဂါးအင်းရဲ့ စားဖိုခန်းထဲက ဘာဘရီယန်တစ်ကောင်ဟာ လျှို့ဝှက်လမ်းကကျလာတဲ့ လူသေတွေကို အရိုးအတိကျန်အောင်နွှင်ပြီး ပေါက်စီ လုပ်တယ်။နဂါးအင်းရဲ့ ဆိုင်ရှင်မိန်းမလှဟာ သူ့အလှမှာ ယစ်မူးပျော်၀င်သူ ယောကျာ်းသားတို့ကို အသားလုပ် ရောင်းတယ်။ နယ်စပ်မျဉ်းမှာရှိနေတဲ့ မသာမယာ ဒီနဂါးအင်းကို ရောက်လာသူတို့မှာ ကောင်းသော ရည်ရွယ်ချက်များ မရှိခဲ့ကြဘူး။ ကလဲ့စား တဏှာ အာဏာ ရန်ကြွေး ငွေအရေး ဤအချက်များမှ မကင်းလွတ်ကြဘူး။ ဒီလူတွေကပဲ နဂါးအင်းကို ရက်စက်စေတာလား နဂါးအင်းကိုယ်၌ကပဲ ခက်ထန်နေတာလားလဲ မသိရဘူး။ ဘယ်လိုပဲဆိုဆို သူရဲကောင်းတွေတောင် ရင်မဆိုင်ဝံ့တဲ့ ဒီကန္တာအလယ်က နဂါးအင်းမှာ မလှပတဲ့ ဇာတ်လမ်းများစွာဖြစ်ပြီးခဲ့ပြီး ...
movie
Dragon Inn (1992) New Dragon Gate Inn