Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charlie Talbert
Rebel Ridge (2024)
နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေတော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းတယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ...
movie
Rebel Ridge (2024)
Lisa Frankenstein (2024)
Frankenstein ကိုပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေ အများကြီး ရှိသလို သူ့အကြောင်းလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီကားလေးကတော့ သူ့ချစ်သူ Lisa Frankenstein ရဲ့ အကြောင်းကို စိတ်ကူးယဥ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Cast တွေကလည်း အားလုံးနဲ့ မစိမ်းတဲ့ Cole Sprouse နဲ့ Kathryn Newton တဖိလစ်ပိုင် မင်းသမီး Liza Soberanoတို့ ပါဝင်ထားပါတယ်။Lisa ရဲ့ အမေဟာ အသတ်ခံခဲ့ရပြီးနောက်မှာ သူ့အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးရယ် မိထွေးနဲ့ပါတဲ့ အစ်မရယ် တို့နဲ့ အတူနေပါတယ်။ သူ့အစ်မက သူ့အပေါ် ကောင်းပေမယ့် မိထွေးက သူ့ကို တချိန်လုံး ငြိုငြင်နေတာပါ။ အမေကို ဆုံးရှုံးထားရလို့ စိတ်ဒဏ်ရာ ရနေတဲ့ Lisa က လူတွေနဲ့ အပြောအဆို အဆက်အဆံ မလုပ်တော့ဘဲ သင်္ချီုင်းကုန်း တစ်ခုထဲက ...
movie
Lisa Frankenstein (2024)
5.0
Joe Dirt 2: Beautiful Loser (2015)
ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Joe Dirt 2: Beautiful Loser (2015)
6.8
Quiz Lady (2023)
Quiz Lady ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ထွက် ဟာသ ဇာတ်မြူးကားလေးတစ်ကားဖြစ်ပါတယ်. ဒီဇာတ်ကားမှာက တကယ့် လူသိများမင်းသားမင်းသမီးတွေဖြစ်တဲ့ Grey Anatomy က Sandra Oh,Crazy Rich Asians ထဲက Awkwafina, သက်ကြီးပိုင်း ဆရာကြီးတွေဖြစ်တဲ့Will Ferrel, Holland Taylor တို့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်..ဇာတ်ကားလေးက ဟာသကားဆိုပေမဲ့ ကလိထိုးရယ်ခိုင်းတာမျိူး မဟုတ်ပဲသူတိ့ကို ကြည့်ရင် တစိမ့်စိမ့်သဘောကျလာလို့ ရယ်မောပျော်ရွှင်နေရမဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေး ပြောပြရမယ်ဆိုရင်တော့ မင်းသမီးအန်းဟာငယ်ငယ်လေးကတည်းက TV က လာတဲ့ Quiz အစီအစဥ်တစ်ခုကို နေ့စဥ့်မပြတ်ကြည့်ပြီး ကြီးပြင်းလာတဲ့ အသက် ၃၀ကျော်အရွယ် အူတူတူကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့အမေကတော့ သူမကို အကြွေးတွေနဲ့ထားခဲ့ပြီးသူနေထိုင်ရာ လူအိုရုံကနေပါ ပြေးသွားခဲ့ပါတယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့သူအစ်မနဲ့ ပြန်ဆုံစည်းပြီး အမေဖြစ်သူရဲ့ အမွေဆိုးကို ရင်ဆိုင်ဖြေရှင်းရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးတစ်လျှောက်လုံးမှာ မြင်တွေ့ရမှာကတော့ မင်းသမီးရဲ့ Character development, ...
movie
Quiz Lady (2023)
5.5
Discontinued (2022)
Discontinued (2022)~ Rotten Tomatoes - 89% ~ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးက ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တဲ့ အနာဂတ်မျိုးနွယ်စုတစ်ခုက ဖန်တီးကြိုးကိုင်ထားတဲ့ Simulated Reality တစ်ခု ဖြစ်နေမယ်လို့ တွေးဖူးကြတယ်မလား..အနာဂတ်လူသားတွေဟာ Variables တွေ ပြောင်းလဲသွားရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို စမ်းသပ်ဖို့ Simulation ဘီလျံပေါင်းများစွာ ဖန်တီးခဲ့ပြီးတော့ ကျွန်တော်တို့ကမ္ဘာဟာ အဲဒီဘီလျံပေါင်းများစွာထဲက တစ်ခုပဲ ဖြစ်တယ်။ ဒီကမ္ဘာကြီးက တကယ်ပဲ Simulated Reality ဖြစ်တယ်ဆိုတာကို အဆိုပါ Creators တွေက လူသားအားလုံးကို အသိပေးလိုက်တယ်။ ပြဿနာက အဲဒီ Simulation ကြီးက တစ်ပတ်အတွင်း ရပ်တန့်သွားတော့မှာ။ Creators တွေက လူသားတွေအတွက် ရွေးချယ်စရာ ၂ခုပေးတယ်။မင်းတို့သိခဲ့ဖူးတဲ့ လူတွေအားလုံးနဲ့ အရာအားလုံး မရှိတော့ပဲ လူက ထိန်းချုပ်စရာမလိုတဲ့ ဒီကမ္ဘာကြီးထဲမှာ ဆက်ပြီး ရှင်သန်ဖို့ကြိုးစားမလား ...
movie
Discontinued (2022)
2022
7.1
Where the Crawdads Sing (2022)
Where the Crawdads Sing (2022)~ IMDb rating - 7.1/10 ~Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာတော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ ...
movie
Where the Crawdads Sing (2022)
2022
7.8
The Big Short (2015)
The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie
The Big Short (2015)
5.0
Darlin’ (2019)
ပထမဇာတ်လမ်း "The Woman" အဆုံးသတ်မှာ လူသားစားမျိုးနွယ်ဖြစ်သည့်အမျိုးသမီးခေါ်သွားတာခံရပြီး တိရစ္ဆာန်တစ်ကောင်လိုကြမ်းတမ်းရိုင်းစိုင်းနေခဲ့တဲ့ဒါလင်လေးဟာ အခုဒီဇာတ်ကားထဲမှာတော့ ကတ်သလစ်ဘုရားကျောင်းတစ်ခုကိုရောက်ရှိသွားပြီးယဉ်ကျေးလိမ္မာကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာအောင်လို့နေထိုင်လုပ်ဆောင်ပုံတွေကိုတွေ့မြင်နိုင်မှာပါ...ဒါလင်တစ်ယောက်ပုံမှန်မိန်းကလေးတစ်ယောက်လိုနေထိုင်သွားနိုင်မှာလား...သူ့ဘေးနားမှာရှိနေကြသည့်သူတွေကရော သူ့အပေါ်တကယ်ကောင်းတဲ့သူတွေပဲလား၊သူ့ကိုခေါ်သွားသည့်အမျိုးသမီးသူ့နားပြန်ရောက်လာတဲ့အခါမှာရော ဘာတွေဆက်ဖြစ်လာမှာလဲဒီလိုအရာတွေကိုစိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်.... File Size : (943 MB ) & (430 MB)Quality :Web-DL 720pRunning Time :1 hr 40 minFormat : Mp4Genre : HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie
Darlin’ (2019)
2019
5.8
I Saw the Light (2015)
movie
I Saw the Light (2015)
2015