Channel Myanmar

Charlie Simpson

I Sell the Dead (2008) 6.0
I Sell the Dead (2008) I Sell the Dead (2008)=================ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့‌သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ...
movie

I Sell the Dead (2008)

Basic Instinct 2 (2006)(18+) 6.5
Basic Instinct 2 (2006)(18+) Basic Instinct 2 (2006) အညွှန်း***************************(18+ Erotic  အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါ.) စုံထောက်ကားဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေအတွက်ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်....တင်ပါးလွှဲထိုင်ချက်နဲ့ကမ္ဘာလောကြီးက ပုရိသအပေါင်းကို ဆွဲလှုပ်ခဲ့ဖူးတာကို အားလုံးသိကြမယ်ထင်ပါတယ်..အဲဒီ အထဲ မြန်မာက လူငယ်တွေပါ မပါတော့ ကျွန်တော်လည်းမပြောတတ်.. မင်းသမီးကတော့ 90s kid တို့အသဲစွဲ Sharon Stone ပါ.. သူ့ဇာတ်ကားတွေကြည့်ဖူးတဲ့လူတွေကတော့ သူ့ရဲ့အကြည့် သူ့ရဲ့အသံနဲ့တင်ရင်ဖိုလှိုက်မောခဲ့ရတာတွေကို ပြန်အမှတ်ရပါလိမ့်မယ် ဒီဇာတ်ကားထဲမှာလည်း သူဟာ ဆွဲ‌ဆောင်မှုရှိတဲ့ရွှေရောင်ဆံပင်ပိုင်ရှင်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်...စကားလုံးအသုံးအနှုန်းတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့တော့ သင့်တော်မှာမဟုတ်ပါဘူးဇာတ်လမ်းအညွှန်းကက်သရင်းထရာမယ်ဆိုတဲ့အမျိုးသမီးဟာ စွန့်စားရတာကိုစွဲလမ်းနေ‌တဲ့စိတ်ရောဂါတစ်မျိုးကို ခံစားနေရတဲ့လူတစ်ယောက်ပါ... သူ့ရဲ့စွန့်စားမှုတွေကြောင့် သူ့ကိုယ်သူတင်မကဘဲ သူတစ်ပါးကိုပါအသက်သေစေတဲ့အထိဖြစ်လာတဲ့အခါမှာ သူဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်... အဲဒီအချိန်မှာ သူ့ရဲ့စိတ်အခြေအနေကို အကဲဖြတ်သုံးသပ်ဖို့အတွက် မိုက်ကယ်ဆိုတဲ့စိတ်ရောဂါကုဆရာဝန်ဆီမှာ သူကုသခဲ့ပါတယ် ဒီလိုကု‌သနေတဲ့အချိန်အတောအတွင်းမှာလည်းသူ့အနီးအနားကလူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာကြရပါတယ်... ဒီတော့ ဒီအမှုကို သေသေချာချာလိုက်လံစုံစမ်းပြီးရှာဖွေဖော်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ ကြည့်ရှုသူအားလုံးစိတ်ထဲမှာ သို့လောသို့လောနဲ့ရင်တမမကြည့်ရှုရမယ့်ဇာတ်ကားဖြစ်တဲ့အကြောင်းကတော့ အာမခံလိုက်ပါရစေ....   File Size :(3.08GB)(0.9GB) and (338MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Mystery ...
movie

Basic Instinct 2 (2006)(18+)