Channel Myanmar

Charlie Cox

The Merchant of Venice (2004)
The Merchant of Venice (2004) အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie

The Merchant of Venice (2004)

The Theory of Everything (2014) 7.7
The Theory of Everything (2014) The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80%ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ...
movie

The Theory of Everything (2014)

2014
[18+] Tirante El Blanco(2006) The Maidens’ Conspiracy
[18+] Tirante El Blanco(2006) The Maidens’ Conspiracy Tirante El Blanco (or) The Maidens' Conspiracy(2006)ဒီဇာတ်ကားကတော့ ဓားချင်းခုတ်တော့မှာလိုလို စစ်တိုက်တော့မှာလိုလို ပတ္တယားတီးတော့မှာလိုလို ဆော်ကြူမှာလိုလို ဟိုလိုလို ဒီလိုလို စပိန်ဇာတ်ကားလေးဖြစ်ပြီးတော့ တချို့ဇာတ်ဝင်ခန်းတွေကတော့  18+ ပါ။ဇာတ်လမ်းကတော့.... ဂရိအင်ပါယာကြီးကို တူရကီတွေထိပါးတော့ ဧကရာဇ်ဘုရင်က စစ်ကူတောင်းရသတဲ့။ ဆက်ခံသူသားက တိုက်ပွဲမှာကျ၊ ဧကရာဇ်က လူအို၊ မိဖုရားက အိမ်ထောင်ရေးဖောက်ပြန်၊ မင်းသမီးက 16 နှစ်မ ဆိုတော့၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ နန်းတွင်းရေးတွေကြောင့် စစ်ရှုံးတာ မဆန်းဘူးပေါ့‌ဗျာ။စစ်ကူရောက်လာတဲ့ ဗိုလ်မင်းက တိုက်ရည်ခိုက်ရည်ကောင်း၊ လူချောလူလှ။ စစ်ပွဲတွေမှာ အောင်နိုင်မှုတွေ ယူလာပေးပါတယ်။ ဒါပေမဲ့ ‌ဗိုလ်မင်းက ဧကရာဇ်ရဲ့သမီးတော် 16 နှစ်မကို တက်ချိုင်တော့ ပြဿနာတွေ ဖြစ်ကြတာပေါ့ဗျာ။အပျိုတော်တွေကြား ဗိုလ်မင်းကို လိုတဲ့သူရှိသလို၊ မလိုတဲ့သူလည်းရှိ။ မင်းသမီးနဲ့ ဗိုလ်မင်းကို အောင်သွယ်သူက အောင်သွယ်၊ ဖျက်သူကဖျက်။ ဇာတ်ရှုပ်ကြီးပါပဲ။ဒီလိုနဲ့ အင်ပါယာကြီးတစ်ခုလုံးက မင်းသမီးပုခုံးပေါ် ကျရောက်လာတဲ့အခါ 16 နှစ်မ လေး ဘာလုပ်မလဲ၊ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြဦးစို့။18 ...
movie

[18+] Tirante El Blanco(2006) The Maidens’ Conspiracy

Casanova(2005) 7.0
Casanova(2005) Casanova(2005)**************Heath Ledger ပါဝင်ပြီး ဆုကြီး ၅ ဆုတောင်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..ညှို့ဓာတ်ပြင်းလွန်းပြီး မိန်းကလေးတိုင်းလိုလိုကိုဆွဲဆောင်နိုင်တဲ့ ကာဆာနိုဗာ.. အမျိုးသမီးငယ်၊ အပျိုစင်တွေ၊ အိမ်ထောင်ရှိအမျိုးသမီးတွေသာမက မယ်သီလရှင်တွေကိုပါဆွဲဆောင်ပြီးအိပ်ရာထဲခေါ်နိုင်တဲ့အတွက် တရားရုံးကပါကြိုးပေးသတ်ချင်နေတဲ့သူ.. အဲဒီလိုလူတစ်ယောက် တစ်နေ့မှာတော့ အရာရှိတွေလိုက်ဖမ်းလို့ပြေးရင်းအမျိုးသမီးတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားပါတော့တယ်.. ထို "ဖရန်ချက်စ်ကာ"ဆိုတဲ့အမျိုးသမီးလေးမှာလည်း စေ့စပ်ထားတဲ့သူရှိတဲ့အခါ.. ကာဆာနိုဗာတစ်ယောက် ဖရန်ချက်စ်ကာ့စေ့စပ်ထားတဲ့သူနေရာက ဟန်ဆောင်ပါတော့တယ်။ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ တခြားမိန်းကလေးတွေနဲ့မတူထူးခြားတဲ့သူတကယ်ချစ်တဲ့ဖရန်ချက်စ်ကာရဲ့အချစ်ကို ရနိုင်ပါ့မလား.. အလိမ်တွေရောဘယ်လိုပေါ်ကုန်မလဲ..File Size :(2.04GB)(1.04 GB) and (293 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:52:00 Genre : Adventure, Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Casanova(2005)

Spider-Man: No Way Home ( 2021 ) 9.1
Spider-Man: No Way Home ( 2021 ) စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ(function(f,b,n,j,x,e){})();IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲအောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါအညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioကဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်းအဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီးပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့်အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကိုအကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ...
movie

Spider-Man: No Way Home ( 2021 )

Stardust (2007) 7.6
Stardust (2007) "အချစ်ရယ် မင်းအချစ်ကိုသာရမယ်ဆို မိုးပေါ်ကကြယ်ကို ဆွတ်ခူးရ ဆွတ်ခူးရပါ" တဲ့ ဒါပေမဲ့ မိုးပေါ်ကကြယ်လေးက ကောင်မလေးချောချောလေးဖြစ်နေခဲ့ရင်ရော?? ဟုတ်ပါတယ်။ ထရစ်စတန်သရုန်းတစ်ယောက် သူ့အချစ်ကိုသက်သေပြဖို့ ကြယ်ကိုလိုက်ရှာရာကနေ ကြယ်ကကောင်မလေးဖြစ်နေတဲ့အခါ… သူ့ချစ်သူဆီခေါ်ဆောင်သွားရာကနေ လမ်းခရီးမှာ ကြယ်လေးက သူထင်သလောက်ရိုးရှင်းမနေဘဲ အနှောင့်အယှက်မျိုးစုံနဲ့ ရင်ဆိုင်ရပါတော့တယ်။ ထရစ်စတန်သရုန်းကောင်လေးရဲ့နောက်ကြောင်းကလည်း သူထင်ထားသလို သာမာန်ဘဝလေးမဟုတ်ပါဘူး။ ဒီကားလေးက romance, mystery အကုန်ရောစပ်ထားဖြစ်တဲ့အတွက် စိတ်ကူးယဉ်ဆန်ဆန် ရိုတဲ့ကားကောင်းလေးတွေကြိုက်တတ်ရင်… အချစ်ကအရာရာကျော်ဖြတ်ရဲလောက်အောင် အစွမ်းရှိကြောင်း ပြောပြထားတဲ့ကားကောင်းလေးမို့ မလွတ်တမ်းကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။File size…(1.79 GB) and (923.5 MB) Quality…1080p Blu-Ray H264 FGT Format…mp4 Duration…2h 7min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Ngeu Mon
movie

Stardust (2007)

2007
Chain Reaction (1996) 5.6
Chain Reaction (1996) အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူ‌တွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie

Chain Reaction (1996)

19962007