Channel Myanmar

Charlie Clark

Sixty Six (2006) 6.7
Sixty Six (2006)  ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Sixty Six (2006)

Match Me If You Can (2023)
Match Me If You Can (2023) လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ...
movie

Match Me If You Can (2023)

Green Ghost and the Masters of the Stone (2022) 4.2
Green Ghost and the Masters of the Stone (2022) Green Ghost and the Masters of the Stone (2022)ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Action Drama အမျိုးအစား ဖြစ်ပါတယ်"ချာလီ" ဆိုတဲ့ သူက ကားရောင်းဝယ်ရေး စင်တာရဲ့ဥက္ကဌ ဖြစ်ပြီး ဘဝကို သာမန်လေးပဲ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါ ကမ္ဘာမြေပျက်ဆီးနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာချိန်မှာတော့ သူ့ရဲ့ မွေးစားမိသားစုက သူ့ကို လာခေါ်ခဲ့တယ် သူ ဘဝတစ်လျှောက်လုံး လျှို့ဝှက်ခံခဲ့ရတဲ့ ကိစ္စလေး တစ်ခုကတော့ သူတို့ မိသားစုက ကမ္ဘာမြေက လူသားမျိုးနွယ်တွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့ဖြစ်နေတယ် ဆိုတာပါပဲသူ့ရဲ့ မွေးစား မိသားစုနဲ့အတူ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။Genre.....Action, Adventure, Comedy Quality…. 1080p | 720p | 480p File size…1.2GB | 677MB | 292MB Format… ...
movie

Green Ghost and the Masters of the Stone (2022)

2022