Channel Myanmar

Charlie Cho

Happy Ghost 4 (1990) 5.7
Happy Ghost 4 (1990) 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်.. အရှေ့က ၃ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ်ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ ဘာမှဆက်စပ်မှုမရှိပါဘူး. အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်...အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး ဇာတ်လမ်းဇာတ်ကွက်တူညီခြင်းမရှိလို့ ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူးအရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ်လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကို ရောက်ရှိသွားပါတယ် ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်တွေကို သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ် ဒါက အပိုင်း ၁ ပါ.. အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ........ ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Happy Ghostရဲ့ကူညီပေမယ့် အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့် လက်ရှိဘဝကအားကွေ့ဟာတော်တော်စိတ်ညစ်နေရပါပြီ။ အဲဒါကြောင့် သူ့ရဲ့အရင်ဘဝအစောင့်အရှောက်သရဲHappy Ghostကို အမြန်ထွက်သွားစေချင်နေလှပြီ။ အဲဒီလိုနဲ့အရင်ဘဝကကောင်းမှုတွေ အရမ်းလုပ်ခဲ့တာကြောင့် ဘုရားဖြစ်တော့မှာဖြစ်လို့ထွက်သွားရတော့မယ့်အချိန်မှာမှ မကျွတ်မလွတ်သရဲတစ်ကောင်ကရန်ညှိုးထားပြီး အားကွေ့ရဲ့ကောင်မလေးကိုလိုက်သတ်တဲ့အတွက် ...
movie

Happy Ghost 4 (1990)

1990
Police Story (1985) 7.5
Police Story (1985)   ကယ်ဗင် တဖြစ်လည်း ဂျက်ကီချမ်း ဟာ အထူးရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ဟာ မူးယစ်ဆေးကုန်သည်အကောင်ကြီးဖြစ်တဲ့ ချူထောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးစကြပါတယ်။ စစ်ဆင်ရေး အောင်မြင်ပြီး ကယ်ဗင်တစ်ယောက် ချူထောင်ကို ဖမ်းမိလိုက်နိုင်ပေမယ့် သူ့ကိုထောင်ချဖို့အထိ သက်သေမလုံလောက်တဲ့အတွက် ချူထောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မစ္စဖောင်ကို အမှုကကွင်းလုံးကျွတ်လွှတ်ပေးမည် ဖြစ်ပြီး တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ချူထောင်ရဲ့ဒုစရိုက်မှုတွေကို ဝန်ခံထုတ်ပြောစေဖို့ ရဲဌာနဘက်က ကမ်းလှမ်းခဲ့ပါတယ်။ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့ မျက်မြင်သက်သေမစ္စဖောင်ကို ကာကွယ်ဖို့အတွက် ကယ်ဗင်ကို တာဝန်ပေးလိုက်ပါတော့တယ်။ ချူထောင်ဟာ တရားခွင်မှာ မစ္စဖောင်တစ်ယောက် ဝန်ခံထုတ်ပြောမှာစိုးတဲ့အတွက် မစ္စဖောင်ကိုရော ကယ်ဗင်ကိုပါ နှုတ်ပိတ်ပစ်ဖို့အတွက် သူ့လူတွေကို စေခိုင်းလိုက်ပါတော့တယ်။ ချူထောင်ဟာ ရဲဌာနအတွင်းမှာပါ သူလျှိုတွေထည့်ထားတဲ့အတွက် ကယ်ဗင့်ခမျာ သူ့အားသူကိုးပြီး မစ္စဖောင်ကို ဘယ်လိုကာကွယ်မလဲ၊ ချူထောင်ကို ထောင်ထဲထည့်နိုင်ဖို့အရေးကို ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ထုံးစံအတိုင်း တမိုးအောက်ဂျက်ကီချန်း ဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည် အက်ရှင်ခန်းကောင်းကောင်းနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File ...
movie

Police Story (1985)

1985
[18+]Flirting in the Air (2014)
[18+]Flirting in the Air (2014) ၂၀၁၄ ခုနှစ်ကနေ မင်မင်းဆက်ခေတ်ကို ခုန်ကူးသွားမယ့် ကမ္ဘာပတ်တဲ့ကပ္ပတိန်ကူး...လေယာဉ်ကိုအရမ်းရူးသွပ်တဲ့ ကပ္ပတိန်ကူး...မိန်းကလေးတွေဆို အရမ်းချစ်တဲ့ ကပ္ပတိန်ကူး...၂၁ ရာစုမှာ ပွေရှုပ်တာအားမရလို့ ‌မင်မင်းဆက်အထိသွားရှုပ်မယ့် ကပ္ပတိန်ကူး...ကပ္ပတိန်ကူးရဲ့ဂေါ်ချက်ကတော့ သူဌေးရဲ့မိန်းမနဲ့မှ ဆတ်ဆတ်လူးနတ်ပူးမိပါတော့တယ် ။ သူဌေးက သိသွားပြီး အလုပ်ထွက်ခိုင်းခဲ့တာကြောင့် နောက်ဆုံးတစ်ခါလေယာဉ်မောင်းရင်း လေယာဉ်ပေါ်မှာလည်း လေယာဉ်မယ်တွေကို အလွတ်မပေးခဲ့ပါဘူး။မိုးမမြင်လေမမြင်ကဲနေကြတုန်း လေယာဉ်ကြီးက သံလိုက်စက်ကွင်းထဲဝင်ရောက်သွားတဲ့အခါ... ‌ရှေးဘုရင် မင်မင်းဆက်ဆီ ဝုန်းခနဲရောက်သွားပါတော့တယ်။ ကပ္ပတိန်ကူးပဲလေ... ငြိမ်ငြိမ်ဘယ်နေပါ့မလဲ။ မင်မင်းဆက်မှာ နှာဘူးလိုက်ထရင်း မင်မင်းဆက်သမိုင်းရဲ့ အရေးပါဆုံးဖြစ်ရပ်ထဲမှာ သူဝင်ပါမိသွားတဲ့အခါ....ပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ အဆင်ပြေတဲ့ကားလေးဖြစ်ပေမယ့် မိသားစုနဲ့တော့အတူတူမကြည့်နဲ့နော်။ တော်ကြာနေ နရင်းအုပ်ခံနေရမှာစိုးလို့ပါ ။ပါ၀င်ထားတဲ့သူတွေကလည်း ရှောင်လင်ဘောလုံးကားထဲက ဖက်တီးတို့ တကယ့် ဟာသနဲ့ ငဘူးအုပ်စုဖြစ်တဲ့သူတွေ အပြင် ဒါရိုက်တာကလည်း Sex and Zen ရိုက်တဲ့သူဆိုတော့ ရှယ်ပေ့ါ ။File Size__(1.1GB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:33:00 Type__Adult, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded ...
movie

[18+]Flirting in the Air (2014)