Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charles T. Massey
5.6
Good Egg (2023)
Good Egg (2023)မကြာခင် အသက်၄၀ပြည့်တော့မယ့် ဂျက်ဆီကာက သူ့အရွယ်အမျိုးသမီးတို့ထုံးစံအတိုင်း ကလေးယူဖို့ခက်ခဲတာကို ကြိုးပမ်းရင်း ခင်ပွန်းဖြစ်သူနဲ့အတူ မမျှော်လင့်ဘဲ စွန့်စားခန်းကြုံလိုက်ရတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ဂျက်ဆီကာက ဆရာမဖြစ်ပြီး ခင်ပွန်းဂေါ်ဒန်ကတော့ ဘဏ်တစ်ခုက အိုင်တီသမားဖြစ်ပါတယ်။ သူတို့လင်မယားက ကလေးယူဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ဂျက်ဆီကာရဲ့အသက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဆရာ၀န်ရော ဂေါ်ဒန်ကပါ အလှူရှင်ဆီက မျိုးဥ၀ယ်ဖို့ တိုက်တွန်းပေမဲ့ ဂျက်ဆီကာက သူတို့ကလေးကို အမျိုးကောင်းသားလေးဖြစ်ချင်တာရော စာရွက်စာတမ်းပေါ်က အချက်အလက်ပဲသိရပြီး အပြင်မှာ မရင်းနှီးတဲ့သူဆီက မလိုချင်တာကြောင့်ပါ ကြန့်ကြာနေခဲ့ပါတယ်။နောက်တော့ မထင်မှတ်ဘဲ ဘရစ်ဂျစ်ဆိုတဲ့မိန်းကလေးကို လူဆိုးတွေလက်က ကယ်မိရာကနေ သူ့ဆီက မျိုးဥ၀ယ်ဖို့ဖြစ်သွားပါတယ်... ဘရစ်ဂျစ်က ငွေ အရေးတကြီးလိုနေပြီး တရား၀င်မျိုးဥ၀ယ်ရင် အရမ်းဈေးကြီးတာကြောင့်ပါ။ကံဆိုးတာကတော့ ဂျက်ဆီကာတစ်ယောက် ဘရစ်ဂျစ်နဲ့ပတ်သက်မိရာက သူ့ပြဿာနာထဲ ရောပါသွားပြီး လူဆိုးတွေပြန်ပေးဆွဲတာခံရပါတော့တယ်။ တစ်ဖက်မှာလည်း ဂေါ်ဒန်က မိန်းမပျောက်လို့လိုက်ရှာရင်း လူဆိုးတွေလက်ကနေ ဂျက်ဆီကာကို ကယ်ထုတ်တာကို ဟာသလေးတွေနဲ့အတူ ရှုစားရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune ...
movie
Good Egg (2023)
2023
7.4
Till (2022)
Till (2022)၂၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။)အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း ...
movie
Till (2022)
2022