Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charles Sherlock
7.6
All That Heaven Allows (1955)
All That Heaven Allows (1955) IMDb: 7.6/10 Genre: Drama / Romanceအရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး "နှစ်ယောက်တည်းနေချင်တယ်" ဆိုတဲ့ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာသူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာနေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာလိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကိုဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့်လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ...
movie
All That Heaven Allows (1955)
7.8
East of Eden (1955)
East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie
East of Eden (1955)
1955
7.6
Breakfast at Tiffany’s (1961)
Breakfast at Tiffany's (1961)~ IMDb - 7.6/10, Rotten Tomatoes - 88% ~ဒီကားလေးကတော့ ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် အထူးတလည်ရှင်းပြစရာ လိုမယ်တောင်မထင်ပါဘူး။ ရွှန်းလဲ့တဲ့မျက်ဝန်းပိုင်ရှင် ကမ္ဘာကျော် ဖက်ရှင်အိုင်ကွန် မင်းသမီး အော်ဒရီဟပ်ဘန်းပါဝင်တဲ့ အောင်မြင်မှုများစွာကိုသိမ်းပိုက်ပြီး ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့၊ များနေဆဲဖြစ်တဲ့ အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb - 7.6/10 || Rotten Tomatoes - 88% အသီးသီးရရှိထားပြီး Breakfast at Tiffany's ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဟော်လီဂိုလိုက်လီးဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ လွတ်လပ်မှုကိုအလွန်မြတ်နိုးသူဖြစ်ပြီး သူအရမ်းချစ်ရတဲ့ စစ်တပ်ထဲက အစ်ကိုဖြစ်သူဖရဒ် ပြန်ထွက်လာတဲ့အခါမှာ သူနဲ့အတူ နောင်ရေးအေးအေးနေရအောင် ကြံဆပြီး ရရာအခွင့်အရေးတိုင်းကို စူးစမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာချောမောသူဖြစ်တဲ့အပြင် သူ့ရဲ့သွက်လက်ချက်ချာမှုကြောင့် လူမှုဆက်ဆံရေးကျင်လည်သူလည်းဖြစ်ပါတယ်။သူနေထိုင်တဲ့တိုက်ခန်းအောက်ထပ်ကိုရွှေ့ပြောင်းလာသူကတော့ ပေါလ်ဗာဂျက်ခ်ဆိုတဲ့ သာမန်လူတန်းစားယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ သော့မရှိတာကြောင့် ဟော်လီ့ရဲ့အခန်းတံခါးကိုသွားခေါက်ရာကနေစပြီး ...
movie
Breakfast at Tiffany’s (1961)
1961
7.4
To Catch a Thief (1955)
To Catch A Thief (1955)IMDb Rating (7.4) / Rotten Tomatoes (94%)Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ် ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့ ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပနေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ...
movie
To Catch a Thief (1955)
4K HEVC