Channel Myanmar

Charles Dance

Ali G Indahouse (2002)
Ali G Indahouse (2002)  Sacha Baron Cohen၊ Martin Freeman နဲ့ Rhona Mitra တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Comedy/ Drama ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်က ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ အကြံအစည်နဲ့ ရပ်ကွက်ထဲက အလုပ်မရှိအကိုင်မရှိ ရက်ပ်ရွတ်ပြီး အလေလိုက်နေတဲ့ အလီ ဂျီ ကို သူတို့ပါတီရဲ့ ကိုယ်စားလှယ်အနေနဲ့ မြေတောင်မြှောက်ပေးလိုက်ကာ သူ သောက်တလွဲလုပ်တာတွေကို လိုက်မထိန်းဘဲ တမင်လွှတ်ထားလိုက်တဲ့အခါ အလီ ဂျီတစ်ယောက် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဘယ်လိုတွေ မွှေမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K ...
movie

Ali G Indahouse (2002)

Alien³ (1992) 6.4
Alien³ (1992)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien³ (1992)

1992
The First Omen (2024) 6.8
The First Omen (2024)  ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့အစပထမကို ရိုက်ကူးထားတာပါ။ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်းရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာလူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင်ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင်Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက်တန်တန် ရထားတယ် ပြောရမှာပါပဲ။မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာတင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲOmen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း****************ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် ...
movie

The First Omen (2024)

Ghostbusters (2016) 6.8
Ghostbusters (2016) Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor  သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie

Ghostbusters (2016)

2016
4K HEVC
Woman in Gold (2015) 7.3
Woman in Gold (2015)  ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie

Woman in Gold (2015)

Dracula Untold (2014) 6.3
Dracula Untold (2014) Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ.... တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ... အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား.... ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား...ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ....ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်... စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်... သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်...တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး...ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်...တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး...ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်...မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်...ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်...ထို ၃ ရက်အတွင်းမှာ ...
movie

Dracula Untold (2014)

2014
4K HEVC
Underworld: Blood Wars(2016) 6.5
Underworld: Blood Wars(2016) Underworld: Blood Wars(2016)*****************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)     File size… 1.05GB& 429MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 31min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Blood Wars(2016)

Underworld: Awakening(2012) 6.7
Underworld: Awakening(2012) Underworld: Awakening(2012)*****************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)   File size… 3.8GB& 909MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 28min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Awakening(2012)

Pride and Prejudice and Zombies (2016) 6.0
Pride and Prejudice and Zombies (2016)  ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Cinderella (2015)ထဲကမင်းသမီးချော Lily James နဲ့ Maleficent ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့မင်းသား Sam Riley တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွန်ဘီကားလေးပဲဖြစ်ပါတယ်။ ဒီဇွန်ဘီကားဟာ 19 ရာစုမှာအ‌ခြေတည်ထားပြီး ထူးဆန်းတဲ့ ဇွန်ဘီပလိပ်ရောဂါကြောင့်အင်္ဂလန်နိုင်ငံဟာ စစ်တလင်းဖြစ်ခဲ့ရပုံကိုပြသထားပါတယ်။ ဒီဇာတ်ကားထဲကဇွန်ဘီတွေက သာမာန်ဇွန်ဘီကားတွေထဲကလို တွေ့ကရာအကုန်လိုက်ကိုက်နေတာမျိုးမဟုတ်ပဲသူတို့မှာလည်း ဦးနှောက်ရှိတဲ့အတွက် ဉာဏ်ပြေးကြပါတယ်။ ဝူးရှူးဝါးတွေမလုပ်ပဲလူ့ ဦးနှောက်စားရဖို့အတွက် ထောင်ခြောက်လည်းဆင်တတ်သလို လူတွေကြားထဲလည်းသွားလာတတ်ကြပါသေးတယ်။ ဒီလိုဉာဏ်ကောင်းတာကြောင့်ပဲ ဇွန်ဘီတွေကတ‌ဖြေးဖြေးနဲ့အင်အားကောင်းလာတာမို့ လူသားမျိုးနွယ်တွေအတွက် ခြိမ်း‌ခြောက်မှုကြီးတစ်ရပ်ဖြစ်လာပါတော့တယ်။ ဒီလိုတွေကြားထဲမှာမှ လူသဘောလူ့သဘာဝလူမှုရေး ချစ်ရေးကြိုက်ရေး နိုင်ငံရေး ဒါမျိုးတွေကိုရောထည့်ပေါင်းစပ်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇွန်ဘီကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့အမြင်တစ်မျိုးထူးခြားနေမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ညွှန်းလိုက်ပါရစေ။ File size…1.59 GB / 750MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Pride and Prejudice and Zombies (2016)

Your Highness (2011) 5.5
Your Highness (2011)  ဒီ ကားလေးကတော့ စွန့်စားခန်းတွေ နဂါးတွေပါတဲ့ Fantasyအကြောင်းပါတိုင်းပြည်တစ်ခုမှာ Fabious နဲ့ Thadius ဆိုတဲ့ညီအကို၂ယောက်ရှိတယ်Fabious က နေရာတကာသိပ်တော် သိပ်အောင်မြင်တဲ့ hero ပေါ့ဘုရင်ဖြစ်လာမဲ့ သားအကြီးလည်းဖြစ်တယ် အမြဲတမ်းစွန့်စားခန်းသွားလူဆိုးတွေနှိမ်နှင်းနဲ့ လူချစ်များတဲ့သူပေါ့ Thadius ကတော့ ဘာမှမလုပ်တဲ့အပျင်း ညီလေး။ တနေ့တော့ Fabius က စွန့်စားခန်းက ပြန်လာရင်း ကောင်မလေးတစ်ယောက်ခေါ်လာပြီး လက်ထပ်မယ်လုပ်ရော လက်ထပ်ပွဲမှာ ထုံးစံအတိုင်း လူဆိုးကြီးကလာဖျက်ပြီး သတို့သမီးကိုခိုးရာက Thadiusနဲ့ Fadius တို့ညီအကို စွန့်စားခန်းအတူ ပထမဆုံးထွက်ရတော့ ဘာဆက်ဖြစ်ကြမလဲကြည့်ရအောင်....ရှေးခေတ်ကားမို့ ဖော်ချွတ်ခန်းတွေပါပါတယ် ဆိုတာ ကြိုပြောလိုက်ပါရစေ...  File size…2.78GB / 1.05GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal ...
movie

Your Highness (2011)

2011
The Book of Vision (2021) 6.4
The Book of Vision (2021)  IMDb - 6.2/10ဇာတ်လမ်းအညွှန်းအေဗာ ဟာ ဆရာဝန်တစ်ယောက်အဖြစ် ရပ်တည်မယ့်အစားတက္ကသိုလ်တစ်ခုမှာ ဆေးပညာသမိုင်းကို သုတေသနလုပ်ဖို့ဆုံးဖြတ်လာခဲ့ပါတယ်။ သူက ၁၈ရာစုပိုင်း ရှေးဟောင်းဆေးပညာသမိုင်းကို လေ့လာမှာဖြစ်ပြီး သူရှာတွေ့သွားတာကတော့သမားတော် ဂျိုဟန်အန်းမက်သ် ရဲ့ လက်ရေးမှတ်တမ်းစာအုပ်ဖြစ်ပါတယ်။ သမားတော် အန်းမက်သ်က လူနာတွေရဲ့ ခံစားချက်တွေ၊အကြောက်တရားတွေနဲ့ စိတ်ကူးအိပ်မက်တွေကို နားထောင်ပေးရင်းဒါတွေကို အခြေခံပြီး လူနာတွေကို ကုသပေးတာဖြစ်ပါတယ်။အဲ့ခေတ်အခါက သစ်ပင်၊တောတောင်တွေကို နတ်ကိုးကွယ်သလိုကိုးကွယ်ကြတဲ့သူတွေနဲ့ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ယူဆကြတဲ့သူတွေအကြား ပဋိပက္ခဖြစ်မှုတွေနဲ့အတူ ယနေ့ခေတ်ဆေးပညာအနေနဲ့ ဖြစ်တည်လာမယ့် ဆေးပညာအသစ်ကို အစားထိုးအသုံးပြုလာကြတော့မယ့် အချိန်ကာလဖြစ်ပါတယ်။ ဒီခေတ်ကြီးထဲမှာဖြစ်တည်ခဲ့ကြတဲ့ လူနာတွေရဲ့ စိတ်ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေအကြောင်းကို အန်းမက်သ်ရဲ့ စာအုပ်ထဲမှာရေးသားထားပါတယ်။ အေဗာ တစ်ယောက် ဒီစာအုပ်ကို ဖတ်ရင်းသူကိုယ်တိုင် ဇာတ်ဆောင်နေရာတွေမှာ ခံစားကြည့်ပြီး သူကြုံတွေ့နေရတဲ့ အကျဉ်းအကျပ်အတွက် ဒီစာအုပ်ကနေ ဘယ်လို စိတ်ခွန်အားရသွားသလဲဆိုတာကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းက မိနစ်၉၀သာ ကြာမြင့်ပြီး ၁၈ရာစုအပြင်အဆင်လေးတွေလည်း ကြည့်ရှုနိုင်မယ့်အပြင် mystery တွေကို ...
movie

The Book of Vision (2021)

Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)

Me Before You (2016) 7.4
Me Before You (2016) Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou ...
movie

Me Before You (2016)

2016
4K HEVC
Last Action Hero (1993)
Last Action Hero (1993) IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie

Last Action Hero (1993)

Michael Collins(1996) 7.1
Michael Collins(1996) Michael Collins(1996)********************သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီမင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိMichael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေDublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်းလွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Michael Collins(1996)

Johnny English Strikes Again (2018) 6.2
Johnny English Strikes Again (2018) IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie

Johnny English Strikes Again (2018)

2018
4K HEVC
The Admiral (2015) 7.0
The Admiral (2015) The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ...
movie

The Admiral (2015)

2015
Against the Ice (2022) 7.8
Against the Ice (2022) Against the Ice (2022)=================IMDb Rating - 7.8/10ကဲ ဖြစ်ရပ်မှန်ရုပ်ရှင်လေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ အာတိတ် မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တွေ နယ်မြေသစ်တွေကို ရှာဖွေ နေကြတဲ့ခေတ်ပေါ့။ ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းကို အမေရိကန်ဟာ သူတို့တွေ့ရှိထားပြီး နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခု ရှိပါတယ် ဆိုပြီး အဆိုပြုလာပါတယ်။ ဒါကို ဒိန်းမတ်နယ်မြေသစ်ရှာဖွေရေး လူစွန့်စား အဖွဲ့တစ်ဖွဲ့က မဟုတ်မမှန်ကြောင်း သက်သေပြဖို့ ကြိုးစားရင် ပျောက်ဆုံးသွား ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ ရေခဲပြင်ရာသီဥတုနဲ့ အသက်ရှင်ဖို့ ခက်လွန်းတဲ့ ဒီနယ်မြေတွေထဲမှာ ပျောက်ဆုံးသွားတဲ့ အဖွဲ့ကိုရှာဖွေရင်း ဒိန်းမတ်ရဲ့မြေကို အမေရိကန်မပိုင်ဆိုင်စေဖို့ သက်သေပြဖို့ ကြိုးစားခဲ့တဲ့ လူစွန့်စားနှစ်ဦးရဲ့ စိတ်ဓာတ်၊ စွန့်စားမှု၊ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ သူတို့နေရာကနေ ဝင်ခံစားရင် ရင်တဖိုဖိုကြည့်ရမှာမို့ အားပေး လိုက်ပါဦး။ဒီကားမှာ Game of Throne ထဲက Jaime Lannister က အဓိကဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - ...
movie

Against the Ice (2022)

2022
The King’s Man (2021) 6.7
The King’s Man (2021) The King's Man (2021)================IMDb Rating - 6.7/102021 ပြီးဆုံးခါနီးမှာ အားလုံးပဲမျှော်လင့်ခဲ့ကြတဲ့ King's Man ရုပ်ရှင်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ ထုံးစံအတိုင်းပဲ ကင်းစ်မန်းရုပ်ရှင်တွေကတော့ ကျွန်တော်တို့ကို စိတ်မပျက်စေရပါဘူး။ ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ အရင် ကင်းစ်မန်းနှစ်ကားရဲ့ အဆက်မဟုတ် ပါဘူး။ ကင်းစ်မန်းအဖွဲ့ဖြစ်ပေါ်လာပုံ ဇစ်မြစ်ကိုပြတဲ့ဇာတ်ကားပါ။ ပထမကမ္ဘာစစ် အင်္ဂလန် ရုရှား ဂျာမနီ အမေရိကန် စစ်ပွဲသမိုင်းကို အခြေခံပြီး ကင်းစ်မန်းတွေရဲ့ စစ်ဆင်ရေးကို ပြသထားတာပါပဲ။ အားရပါးရကို ကြည့်လို့ကောင်းပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (3.94 GB) / (1.59 GB) / (814 MB) / (531 MB) Quality – WebRip - (4K HEVC) / (1080p) / (720p) / (480p) Duration ...
movie

The King’s Man (2021)

2021