Channel Myanmar

Chandan Roy

Sanak (2021) 8.1
Sanak (2021) IMDb Rating (8.1)ဒီဇာတ်ကားကတော့ သိပ်ပြီး ညွှန်းစရာတောင် မလိုတော့ဘူး ထင်ပါရဲ့ဗျာ။ ဇာတ်ကားတိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖိုက်တင်လှလှတွေ သုံးပြီး ရိုက်တတ်တဲ့ ကွန်မန်ဒိုမင်းသားလို့ အများခေါ်တဲ့ Vidyut Jammwalရဲ့ ဒီနေ့ထွက် ကားသစ်တစ်ကားပါပဲ။ဇာတ်လမ်းအစမှာတော့ ဇနီးမောင်နှံဘဝနဲ့ စမြင်ရပါတယ်။ ဇနီးချောလေးဟာ နှလုံးနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လုပ်ဖို့ လိုလာခဲ့တယ်။အားလုံးကို ရင်းရမယ့် ခွဲစိတ်မှုမို့ ဒီခွဲစိတ်မှုဟာ အောင်မြင်ဖို့ သူတို့ဇနီးမောင်နှံအတွက် တော်တော် အရေးကြီးပါတယ်။မမျှော်လင့်ဘဲ ဆေးရုံကို လက်နက်ကိုင်တွေ ရောက်လာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ ဆေးရုံမှာပဲ ရှိနေချိန်ပါပဲ။လက်နက်ကိုင်တွေနဲ့ သူတို့ ဇနီးမောင်နှံ ဘယ်လို ပတ်သက်နေလဲ၊ ဘယ်လိုဆက်ဖြစ်ကြမလဲ၊လက်နက်ကိုင်အဖွဲ့တွေက ဘယ်လို အကြောင်းကြောင့် ဒီဆေးရုံအတွင်းကို ရောက်လာခဲ့လဲ မင်းသားကြီးကရော ဘယ်လိုမျိုး ခုခံတိုက်ခိုက် ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyi Koe,Myint Thu & Thaik San တို့မှ တင်ဆက်ထားတာပါ။) File size…(2 GB)/ (1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Koe , Myint ...
movie

Sanak (2021)

HEVC 1080p
State of Siege: Temple Attack(2021) 9.3
State of Siege: Temple Attack(2021) State of Siege: Temple Attack (2021) မြန်မာစာတန်းထိုးအိန္ဒိယရုပ်ရှင်အထွက်ကြဲနေချိန်မှာ Akshaye Khanna ရဲ့ ဖြစ်ရပ်မှန်အခြေခံအကြမ်းဖက်နှိမ်နင်းရေးရုပ်ရှင်လေးတွေ့တာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။မေဂျာဟာနွတ်ဆင်းဟ်ဦးဆောင်ပြီး ကက်ရှ်မီးယားတနေရာကို စစ်ဆင်ရေးသွားကြတဲ့ NSG (National Security Guard) ကွန်မန်ဒိုတပ်ဖွဲ့ဟာ စစ်ဆင်ရေးမှာ တလွဲတချော်ဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းမိခဲ့ပေမယ့် ဟာနွတ်နဲ့ညီအကိုလိုနေတဲ့ ကပ္ပတိန်ဘီဘာ့ခ်တစ်ယောက် ကျသွားပါတယ်။ဒီဖြစ်ရပ်နောက်ပိုင်း နောင်တတွေရပြီး တစ်ချိန်လုံး သူ့ကိုယ်သူ အပြစ်တင်နေတဲ့ မေဂျာဟာနွတ်တစ်ယောက် ပြည်နယ်ဝန်ကြီးရဲ့ အစည်းအဝေးတစ်ခုကို လုံခြုံရေးယူပေးဖို့ အထက်ကတာဝန်နဲ့ သွားရင်း ကပ္ပတိန်ဘီဘာ့ခ်ရဲ့အသက်ကို နှုတ်ယူခဲ့တဲ့ အကြမ်းဖက်သမားအဖွဲ့နဲ့ တဖန်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပြီး အပစ်အခတ် အသတ်အပုတ်တွေများများပါတဲ့ အက်ရှင်ကားမို့ ဇာတ်လမ်းအကြောင်းအရာကို ဒီလောက်ပဲ ပြောပြလို့ ရပါတယ်။သူတို့နိုင်ငံပရိတ်သတ်တွေကိုယ်တိုင်က ကြည့်ရတာတန်တယ်လို့ ရီဗျူးပေးကြတာမို့ အချိန်ပေးရကျိုး နပ်မှာ သေချာပါတယ်။ Translated and Reviewed by : Myint ThuEncoded by : YKQuality : 1080p WEBDL and 720pFile Size : 1.83GB and 1GBDuration :1h 50mins
movie

State of Siege: Temple Attack(2021)

2021