Channel Myanmar
Chad Michael Collins
Sniper: Ultimate Kill (2017) 5.6
Sniper: Ultimate Kill (2017)  ဒီကားလေးကတော့ Sony ရဲ့ နိုင်ငံတကာမှာအောင်မြင်မှုရထားတဲ့စနိုက်ပါရုပ်ရှင်စီးရီးထဲမှာပါဝင်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီးHollywood စတား မိုက်ကယ်ကောလင်း က စနိုက်ပါဘရန်ဒန်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။စနိုက်ပါရုပ်ရှင်ကောင်းကောင်းကြည့်ရှုလိုသူတွေအတွက်ချန်မထားသင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း **************ဘရန်ဒန် ဟာ အမေရိကန် မရိန်းတပ်ရဲ့ စနိုက်ပါတစ်ယောက်ပါ။တစ်နေ့မှာတော့ မူးယစ်ဆေးနှိမ်နင်းရေးမစ်ရှင်တစ်ခုအ‌နေနဲ့ကိုလံဘီယာနိုင်ငံကိုသွားရဖိုဖြစ်လာတယ်။ ကိုလံဘီယာမူးယစ်ရာဇာ မိုရယ်လေး က ဒီယာဘလို လိုခေါ်တဲ့ ကြေးစားစနိုက်ပါတစ်ယောက်ကိုငှါးပြီး သောင်းကြမ်းနေတယ်။မူးယစ်နှိမ်နင်းရေး တပ်ဖွဲနဲ့ မိုရယ်လေးတိုအဖွဲ ဘယ်လိုတွေအပြန်အလှန်နွှဲကြမလဲ...ဘရန်ဒန်နဲ့ ဒီယာဘလိုတိုရဲ့ စနိုက်ပါချင်း နွှဲတဲ့ အက်ရှင်အခန်းတွေကိုအမေရိကန်ကားပီပီ အက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားကြရမှာပါ။တစ်ကားလုံး ပျင်းစရာမရှိအောင် ဇာတ်လမ်းဇာတ်ကွက်အပိုအလိုမရှိ အနှစ်အပြည့်နဲ့ဆွဲခေါ်သွားတာကြောင့် အက်ရှင်ကားချစ်သူတွေအနေနဲ့ အားလပ်ရက်မှာ ကြည့်ဖို ရုပ်ရှင်တစ်ကားရှာနေတယ်ဆိုရင်တော့ ဒီကားလေးကိုလည်း ကြည့်ရှုသင့်ပါကြောင်း.... File size…1.76GB / 807MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Sniper: Ultimate Kill (2017)
Sniper: Reloaded (2011) 5.5
Sniper: Reloaded (2011)  Sniper Reloaded ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ထွက်Rating R ရှိတဲ့ Sniper အသားပေး အက်ရှင်ဒရမ်မာကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Sniper နဲ့ military အက်ရှင်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။အတိုက်အခိုက် အပစ်အခတ်တွေက ကြမ်းတမ်းရက်စက်သလိုဇာတ်လမ်းကလည်း မဆိုးလှပါဘူး။ တချိန်က နာမည်ကျော်Sniper သမားတစ်ယောက်ရဲ့သား မရိန်းတပ်သားတစ်ယောက်လည်းဖြစ်တဲ့ မင်းသား Brandon ဟာ သူတာဝန်ကျရာ ကွန်ဂိုနိုင်ငံမှသူပုန်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အဖွဲ့သားအားလုံးဟာSniper သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီးသူတစ်ယောက်ပဲ ကံသီပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူ့ဘော်ဒါတွေအတွက် လက်စားချေချင်တဲ့ မင်းသားတစ်ယောက်သတ်တဲ့သူကို အစရှာ လိုက်လံစုံစမ်းတဲ့အခါမှာ ထွက်လာတဲ့အစကဘယ်လောက်ထိ ရှည်လျားပါဝင်ပတ်သက်နေမလဲ မင်းသားအနေနဲ့ရုန်းထွက်နိုင်ပါ့မလား ကြားထဲမှာ မိတ်ဆွေတွေ ချစ်သူခင်သူတွေကရောထိခိုက်သွားမှာလား စတာတွေကို ရင်ခုန်စွာ စောင့်ကြည့်ရမဲ့အက်ရှင်ကားကောင်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်........... File size…1.97GB / 1.05GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 31m Genre ….. Action , Thriller ...
movie
Sniper: Reloaded (2011)
Sniper: Legacy (2014) 5.5
Sniper: Legacy (2014)  Sniper Legacy (2014) ဇာတ်ကားဟာ 2011 ခုနှစ်ထွက်Sniper Reloaded ရဲ့အဆက်ဖြစ်ပြီး ရှေ့ကားရဲ့ ခြေရာကိုကောင်းကောင်းလိုက်နင်းထားနိုင်တဲ့ Sniper အသားပေးAction ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။အရင်ကားထဲက မင်းသားကျော် သရုပ်ဆောင်ထားတဲ့Brandon Beckett ဟာ ဒီကားထဲမှာလဲ အဓိကအနေနဲ့ဆက်လက်ပါဝင်နေတုန်းပါပဲ။ဇာတ်လမ်းလေးရဲ့အစမှာတော့ ယခင်စစ်သားဟောင်းတစ်ယောက်က အကြောင်းတစ်စုံတစ်ခုကြောင့်အာဖဂန်နစ္စတန်က မစ်ရှင်တစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ အရာရှိတွေအားလုံးကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံလုပ်ကြံနေတာနဲ့ စထားပါတယ်။ သူ ဘာအကြောင်းတွေကြောင့်ဒီလိုလုပ်ကြံနေတာလဲ။ အဲဒါတွေကို အဖြေရှာဖို့ မင်းသားရဲ့ဆရာအပေါ် တာဝန်ကျလာတဲ့အခါမှာ မင်းသားနဲ့ ဘယ်လိုပူးပေါင်းပြီး အဖြေရှာမလဲ သူတို့ရဲ့ ရည်မှန်းချက်ကရောအောင်မြင်မှာလား မင်းသားရဲ့အဖေ တစ်ချိန်က နာမည်ကျော်Sniper ဖြစ်ခဲ့တဲ့သူကရော နောက်ကွယ်မှာ ဘာအကြောင်းတွေရှိနေမှာလဲ မင်းသားအနေနဲ့ လုပ်ကြံမှုတွေကို တားဆီးနိုင်ပါ့မလားစတာတွေကို ပစ်ခတ်ခန်း အကောင်းစားတွေနဲ့ R rating အဆင့်မျိုးကြည့်ရမှာဖြစ်လို့ အက်ရှင်ကားကြိုက်သူတွေ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..... File size…2.14GB / 1.15GB Quality…WEB-Rip 1080p  ...
movie
Sniper: Legacy (2014)
Lake Placid 2 (2007)
Lake Placid 2 (2007)  (function(f,b,n,j,x,e){})();ဒီဇာတ်ကားကတော့ Lake Placid ကားတွရဲ့နှစ်ကားမြောက်ပါ။ဒီဇာတ်ကားမှာတော့ မိန်းမြို့က‌ရေကန်တစ်ခုမှာ လူတွေပျောက်ပျောက်နေတဲ့သတင်းက ခဏခဏကြား‌နေရပါတယ်။ ရေကန်နားကို စခန်းချခရီးထွက်သူတွေရော စူးစမ်းရှာတွေတဲ့သူတွေရောအကုန်လုံးကသတိမမူပဲလာရောက်ကြပြီး ပျောက်ချင်းမလှပျောက်သွားကြတယ်။ဒီကိစ္စကရေကန်မှာ တာဝန်ကျတဲ့ ရှရစ်ဖ်ရိုင်လီအတွက်ခေါင်းခဲစရာတွေဖြစ်လာပါတော့တယ်။ အကြောင်းအရင်းကိုရှာဖွေကြည့်တဲ့အခါမှာဧရာမမိကျောင်းတွေကြောင့်ဆိုတာသိသွားတယ်။ မိကျောင်းတွေကိုစခန်းလူတွေနဲ့ အမဲလိုက် သမားစထရတ်သာစ်တို့နဲ့အတူ ဘယ်လိုနှိမ်နင်းမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည်ရှု့ပေးကြပါဦး။ File size…1.87 GB / 1.12 GB Quality…WEB-Rip  1080p / 720p Format…mp4 Duration….1h 28m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Lake Placid 2 (2007)
Assailant (2022)
Assailant (2022)  Action/Thriller ကြိုက်တဲ့ သူတွေအတွက် မနှစ်ကထွက်ထားတဲ့ Assailant ဆိုတဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်ရေး အဆင်မပြေတဲ့ Jason နဲ့ Zoe တို့ ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်ရေး အကြံပေးဆီကို သွားကြရင်း ရန်တွေဖြစ် ပြဿနာတက်ကာ သူတို့အိမ်ထောင်ရေးကို ကယ်တင်နိုင်ဖို့အတွက် သူတို့နှစ်ဦးချစ်သူဘဝကသွားခဲ့တဲ့ Caribbean တစ်ဝိုက်ကကျွန်းတွေကို ခြေလျင်လျှောက်ခရီးထွက်ဖို့ သဘောတူခဲ့ကြပါတယ်။ခရီးရဲ့ အစမှာထဲက မပြေလည်လာခဲ့ရင်း Taxi ထဲအဝင် ရေဒီယိုသတင်းမှာ လူသတ်သမားတစ်ယောက် လွတ်မြောက်နေတာကိုသိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်အတူ ညစာစားဖို့ စားသောက်ဆိုင်တစ်ခုမှာ Michael ဆိုတဲ့လူနဲ့ သိကျွမ်းခဲ့ပြီး အစမှာတော့ မိတ်ဖွဲ့ဆွေဖွဲ့ရင်း နောက်ပိုင်းမှာ Michaelက ထူးဆန်းလာပြီး Jason နဲ့ Zoeတို့ရှေ့မှာ လုံခြုံရေးတစ်ယောက်ကို ရန်ပြုခဲ့ပါတယ်။ နှစ်ယောက်လုံး ကြောက်လန့်တကြားထွက်ပြေးခဲ့ပေမယ့် Jasonရဲ့ ပိုက်ဆံအိတ်ကတော့ စားသောက်ဆိုင်မှာ ကျန်နေခဲ့ပါတယ်။ နောက်ရက် ကျွန်းတစ်ခုပေါ်မှာ သူတို့ထွက်ဖို့ ...
movie
Assailant (2022)
Sniper: G.R.I.T. – Global Response & Intelligence Team (2023)
Sniper: G.R.I.T. – Global Response & Intelligence Team (2023)   ယူကီ လို့ခေါ်တဲ့ ဂျပန်မလေးဟာ ဂရစ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူ့ကို မယ်လ်တာ အစိုးရ‌ဆီက အာဏာသိမ်းပြီး နိုင်ငံကိုအုပ်ချူပ်နေ‌တဲ့ လူတစ်စုကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။နောက် ၆လကြာတဲ့အထိ ယူကီဟာ သူ့ရဲ့ မစ်ရှင်ကိုလုပ်နေရင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပါတော့တယ် တစ်ရက်မှာတော့ သူတို့ရဲ့ ဂရစ်အဖွဲ့အစည်းဆီကို ယူကီဟာ အရေးပေါ်အကူအညီတောင်းခံခဲ့ပါတယ် အဲ့ဒီအချိန်မှာ ဂရစ်အဖွဲ့ဟာ ဘရန်ဒန်နဲ့ ဇီးရိုးလို့ခေါ်တဲ့ အေးဂျင့်နှစ်ယောက်ကို ယူကီကို ကယ်ဖို့နဲ့ ယူကီရဲ့ မစ်ရှင်ကို အဆုံးသတ်အောင်လုပ်ပေးဖို့ ထပ်မံစေလွှတ်လိုက်ပါတယ်။ဘရန်ဒန် နဲ့ ဇီးရိုးတို့ရဲ့ Pro ဆန်ဆန် မစ်ရှင်လုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာဖြစ်ပြီး တကားလုံးမှာ Action ခန်းတွေအပြည့်ပါတဲ့အတွက် Action ကြိုက်သူတွေ သဘောကျစေမှာပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban 
movie
Sniper: G.R.I.T. – Global Response & Intelligence Team (2023)
Dead Zone (2022)
Dead Zone (2022)  ဒီတစ်ခါတော့ အကြမ်းစားကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန က ဓာတ်ခွဲခန်းတစ်ခုနဲ့ ကာကွယ်ဆေးထုတ်နေရင်းကနေ ပိုးမွှားတွေကို မထိန်းချုပ်နိုင်ပဲ ပျံ့နှံ့ကူးစက်သွားခဲ့တာပါ အဲဒီအချိန်မှာပဲ အဲဒီမြို့ကို ဖျက်ဆီးလိုက်ပြီးတော့ Dead-Zone အဖြစ်သတ်မှတ်လိုက်ပါတော့တယ် အဲဒီဓာတ်ခန်းခွဲမှာတော့ သေချာမစမ်းသပ်ရသေးတဲ့ ရှေ့ပြေး ကာကွယ်ဆေးကို အထူးတပ်ဖွဲ့တစ်ဖွဲ့က သွားယူပေးရမှာပါ မြို့ပျက်ကြီးဖြစ်ပြီးတော့ ရေဒီယိုသတ္တုကြွတာတွေ ရောဂါကူးစက်ခံရထားတဲ့သူတွေ ကြားထဲမှာ ကာကွယ်ဆေးကို သွားယူရင် ဘာတွေဘယ်လိုကြုံရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.34gb)/(733MB)/(373MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Action / Horror / Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
Dead Zone (2022)
Sniper: Rogue Mission (2022) 4.7
Sniper: Rogue Mission (2022) Sniper: Rogue Mission (2022)Sniper ကား ပရိသတ်တွေအတွက် ဒီလထွက် စနိုက်ပါကား အသစ်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အက်ရှင်ကားအနေနဲ့ဆို အတော်ကြည့်ကောင်းတယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ပါ။ ဒီကားရဲ့ ဒါရိုက်တာ Oliver Thompson ဟာလည်း Stranger Things ရဲ့ Editor လုပ်ခဲ့ပြီး ဒီကားမတိုင်ခင်ကားဟာ ရိတ်တင်လည်းမဆိုးသလို ဆုပေးပွဲတွေက ဆုတွေလည်းရရှိခဲ့ပါတယ်။ ဒီကားကလည်း အက်ရှင်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းတဲ့ကားပါပဲ။ဇာတ်လမ်းကတော့ အထက်လူကြီးတစ်ယောက်က လူကုန်ကူးတဲ့လူနဲ့ပေါင်း နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး အကျင့်ပျက်ခြစားနေတာကို ဖော်ထုတ်ဖို့ကြိုးစားရာက ဆိုင်းငံ့ခံလိုက်ရတဲ့ အထူးအေးဂျင့်တွေအကြောင်းပါ။ အထက်လူကြီးတွေက သူတို့ဘက်မနေပေမဲ့ မှန်ရာကို မရမကလုပ်ချင်တဲ့ သူတို့တွေ သူတို့ဘော်ဒါခပ်ကြမ်းကြမ်းကောင်တွေနဲ့စုပြီး ဖော်ထုတ်ဖို့ကြိုးစားကြတဲ့ စနိုက်ပါကားအလန်းစားပါ။ မင်းသားဟာဆို ရုပ်ရှင်ထဲက စကားအရတော့ ကမ္ဘာပေါ်မှာ အတော်ဆုံးစနိုက်ပါသမားပါ။ သူတို့အပြင် ဂျပန်မင်းသမီးချောချောလေးကလည်း ခပ်မိုက်မိုက် လုပ်ကြံရေးသမားအဖြစ်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းလေးလည်း ကြည့်ပျော်သလို G.I Joe ...
movie
Sniper: Rogue Mission (2022)
2022
Sniper: Assassin’s End (2020) 7.3
Sniper: Assassin’s End (2020) စနိုက်ပါဇာတ်လမ်း၊ အက်ရှင်ဇာတ်လမ်း ကြိုက်သူတွေအတွက် တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် နိုင်ငံမှာ အခြားနိုင်ငံက ဝန်ကြီးတစ်ယောက် စနိုက်ပါနဲ့ အပစ်ခံလိုက်ရပါတယ်။ အဲဒီ ပစ်တဲ့သူဘယ်သူလဲဆိုတာ သဲလွန်စတွေအရ စုံစမ်းတော့ ဘက်ကက် ဆိုတဲ့ လက်ဖြောင့်တပ်သား တပ်ကြပ်ကြီး တစ်ယောက် ဖြစ်နေတာကိုတွေ့ရတာပါပဲ။ ဒါပေမယ့် ဘက်ကက်က ချောက်တွန်းခံရတာဖြစ်ပြီး သူ့ကို ဖမ်းထားတုန်းမှာပဲ နှုတ်ပိတ်ဖို့ကြိုးစားလာပါတယ်။ ဒီတော့ သူ့အဖေရယ်၊ ထောက်လှမ်းရေး အေးဂျင့်တစ်ယောက်ရယ် အကူအညီနဲ့ တရားခံအစစ်ကိုလိုက်ရှာပြီး အမှန်ကို ပေါ်လာအောင် ကြိုးစားရပါတော့တယ်။   File Size - 1GB Quality - Bluray 720P Subtitle - Burmese (Hardsub) Translator - Little Neo Encoder - Thit San Khant
movie
Sniper: Assassin’s End (2020)
2020
Company of Heroes (2013) 5.1
movie
Company of Heroes (2013)
2013