Channel Myanmar

Chaams

Boat (2024) 7.7
Boat (2024) Boat (2024)လှေIMDb-7.9/10အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ....။ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမ‌ကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်....။ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်....။ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်....။တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့....။ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…3.3GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie

Boat (2024)

Local Sarakku (2024) 7.1
Local Sarakku (2024) Local Sarakku(2024) (ပြည်တွင်းဖြစ်အရက်)IMDb 7.4/10 နာမည်ကြီးဟာသသရုပ်ဆောင် ယိုဂီဘာဘူပါဝင်ထားတဲ့ တမီးလ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆာရာဗာနားဆိုတဲ့ လူတစ်ယောက်ဟာ နေ့နေ့ညည အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိတဲ့ အရက်ဂျိုးကြီးတစ်ယောက်...ညီမဖြစ်သူရဲ့ဝင်ငွေကိုပံ အားကိုးနေရတာကြောင့် အရက်ဖိုးလေးကိုက်အောင် ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း အမျိုးမျိုးအဆင်မပြေ...တစ်ရက်မှာတော့ ဆာရာဗာနားတို့အိမ်နားကို မာဟက်ရှ်ဆိုတဲ့ မိန်းမချောလေးပြောင်းလာခဲ့တယ်... မာဟက်ရှ်က မထင်မရှားသရုပ်ဆောင်လေးတစ်ယောက်ဖြစ်ပေမယ့် ရတဲ့အလုပ်ကို ကျေနပ်စွာလုပ်ပြီး ကြိုးစားတဲ့သူ...ဆာရာဗာနားတစ်ယောက် မာဟက်ရှ်ကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ... အရက်ဂျိုးကြီးတစ်ယောက် ဘာတွေဆက်လုပ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲတော့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.37GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Local Sarakku (2024)

2023
Pei Mama (2021) 5.4
Pei Mama (2021) ကောလိကူးမား (Yogi Babu) မိသားစုတွေက ငွေအတွက်ဆိုရင် ဘာမဆိုလုပ်မယ့် မိသားစုတွေပါ။ လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က သူရောင်းချမယ့်အိမ်မှာ သရဲတွေသောင်းကျန်းနေတဲ့အတွက် နှင်ပေးနိုင်မယ့်လူရှာနေတဲ့ အချိန်မှာလဲ လွယ်လွယ်နဲ့ငွေရမယ့်အလုပ်ထင်တဲ့အတွက် အတင်းဝင်လုံးပြီး သရဲနှင်တဲ့မိသားစုဟန်ဆောင် အလုပ်ကိုလက်ခံခဲ့ပါတယ်။သူတို့တွေ ပတ်တူမာလိုင်ဘန်ဂလိုဆိုတဲ့ လူသူမနီးတဲ့နေရာက အိမ်ထဲကိုဝင်မိတဲ့အချိန်ကျမှပဲ သူတို့အထင်မှားခဲ့ပြီဆိုတာကိုသိရပါတော့တယ်။ အိမ်အတွင်းက တစ်ကောင်တည်းမဟုတ်ပဲ မိသားစုလိုက်ရှိနေတဲ့ သရဲတွေဟာ သူတို့ကိုချုပ်နှောင်ထားခဲ့ပြီးတော့ ဘာကြောင့် သူတို့တွေ အခုလိုဘဝရောက်ရတယ်ဆိုတဲ့အကြောင်းတွေကို ပြသ အကူအညီတောင်းခံလာခဲ့ပြီး သူတို့ကို ဒီဘဝရောက်အောင်အကောက်ကြံယုတ်မာခဲ့သူတွေကို လက်တုန့်ပြန်ဖို့ ကြိုးစားကြပါတော့တယ်။ဒီတောနယ်အစွန်အဖျားက အိမ်တစ်လုံးကို ဘာကြောင့် ဒီလူတွေ အသည်းအသန်လိုချင်နေကြတာလဲ။ ဘာကြောင့် ဒီမိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရုံတင်မကပဲ တစ္ဆေဘဝထိလိုက်ဒုက္ခပေးနေကြတာလဲ။ ငွေရဖို့ ဘာမဆိုလုပ်မယ့် ကောလိကူးမားတို့ မိသားစုလဲ အမြင်မှန်ရပြီးပြောင်းလဲသွားဖို့ဖြစ်လာမလားစတာတွေကို ဘာဘူးကြီး ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားလုံးပါးစပ်မစေ့တမ်း နေရမယ့် ခွီနေရမယ့်ဟာသတွေအပြည့်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ File size…(1.9 GB) / (1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias & San Thu Aung
movie

Pei Mama (2021)

HEVC 1080p