Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cezary Pazura
5.5
Fuks 2 (2024)
Fuks 2 (2024)ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ ...
movie
Fuks 2 (2024)
2024
7.6
Three Colors: White (1994)
Three Colors: White (1994) Genre – Comedy, Drama, Romance IMDB – 7.6/10ဒုတိယကားကျ အဖြူရောင်၊ သူက ညီမှုမှုကို ကိုယ်စားပြုတာ။ ဒီဇာတ်လမ်းကျ မင်းသမီးဇာတ်မဟုတ်တော့ဘူး မင်းသားဇာတ် ဖြစ်သွားတယ်။ ပိုလန်နိုင်ငံသား ဆံပင်ပညာရှင် ကာရိုးလ်ဆိုတာ ပြင်သစ်နိုင်ငံသူ ချောချောလေးနဲ့ အိမ်ထောင်ကျထားတာ ဒါပေမဲ့ ၆ လလောက်ကြာတော့ မိန်းမဖြစ်သူက အသုံးမကျလို့ ကွာရှင်းလိုက်လို့ နိုင်ငံစွန့် အလုပ်စွန့်ပြီး ပြင်သစ်ကို တရားခွင်မှာ ကွာရှင်းဖို့ လိုက်လာတယ်။ ဒါပေမဲ့ မိန်းမက ဆုံးဖြတ်ချက် ပြတ်သားနေတဲ့အတွက် ပူးပေါင်းဖွင့်ထားတဲ့ လုပ်ငန်းလည်းရှုံး အဝတ်အိတ်တစ်ခုနဲ့ ပိုက်ဆံမရှိပဲ ပြင်သစ်မှာ ခွေးလုံးလုံး ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ မြေအောက်ဘူတာရုံထဲ ဖြစ်သလို ရှင်သန်နေရင်း ပိုလန်နိုင်ငံသားချင်းတူတဲ့ ဘဲကြီးတစ်ပွေနဲ့ တွေ့ပြီး အပြောင်းအလဲတွေဖြစ် မိန်းမဖြစ်သူကို ပြန်လိုက်ဖို့ ကြိုးစားရတာကို ကြည့်ရမှာပါ။ သူက ဘဲကြီးတလွဲတွေဖြစ်တာကို ပြထားပြီး ဟာသဆိုပေမဲ့လည်း ရယ်အားထက် ငိုအားသန်လေးတွေပါ ပြီးတော့ ညီမျှမှုကို ကိုယ်စားပြုတဲ့ဟာက နောက်ဆုံး ဇာတ်သိမ်းမှာ စပရိုက်စ် တိုက်သွားဦးမှာပါ။ ဒီကားထဲက မင်းသမီးနေရာကတော့ Before Trilogy ...
movie
Three Colors: White (1994)
1994
7.0
The Messenger(2019)
The Messenger(2019)*******************၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယကမ္ဘာစစ်မီးကိုမွေးခဲ့ပါတယ်။ ဒီဇာတ်ကားက အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်စပြီး ငါးနှစ်တာအကြာ ပိုလန်နိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားတာပါ။ ပိုလန်သားတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြပေမယ့် အင်အားကြီးတဲ့ဂျာမန်တွေကိုမယှဥ်နိုင်ခဲ့ပါဘူး။ ပိုလန်အစိုးရဟာလည်း နိုင်ငံတွင်းမှထွက်ပြေးခဲ့ရပြီး လန်ဒန်မှာအခြေစိုက်ကာ နယ်နှင်ခံအစိုးရဖြစ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ပိုလန်စစ်တပ်အချို့ဟာ မြေအောက်အဖွဲ့အစည်းတွေအဖြစ်၊ အိမ်စောင့်စစ်တပ်အဖြစ်နဲ့တော်လှန်ပုန်ကန်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ အစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတွေခြားနေရတော့ အရေးတကြီးဆက်သွယ်ဖို့ဆိုရင် အထောက်တော်တွေလိုလာပါပြီ။ သာမန်ကိစ္စမျိုးဆိုကြေးနန်းနဲ့ဆက်သွယ်ရပေမယ့် အရေးကြီးသတင်းအချက်အလက်တွေပေးပို့ချင်ရင်အထောက်တော်တွေကသာ ဂျာမန်တွေသိမ်းထားတဲ့ နိုင်ငံတွင်းခိုးဝင်ခိုးထွက်နဲ့ ဆက်သွယ်ပေးရပါတယ်။ ပိုလန်ကို ဂျာမဏီတို့စကျူးကျော်ခဲ့စဥ်က ဆိုဗီယက်တွေ ဝင်မစွက်ဖက်စေဖို့ဆိုပြီးဂျာမဏီနဲ့ ဆိုဗီယက်က ပိုလန်နိုင်ငံကိုခွဲဝေယူကြမယ်ဆိုကာ တိုးတိုးတိတ်တိတ်သဘောတူထားကြပါသေးတယ်။ နောက်တော့ ဆိုဗီယက်တွေလည်း ပိုလန်ကိုကျူးကျော်လာရော ပိုလန်တို့ခမျာဘယ်သူ့ကိုအရင်တိုက်လို့တိုက်ရမယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ် မသိဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ မဟာမိတ်တပ်ပေါင်းစုတွေကလည်း ပိုလန်ကို ကူညီဖို့ထက် အခြားစစ်မျက်နှာပြင်ကိုသာအာရုံများနေပါတယ်။ ဒီလို ကူရာကယ်ရာမဲ့နေတဲ့ ပိုလန်အိမ်စောင့်စစ်တပ်နဲ့ ပိုလန်နယ်နှင်ခံအစိုးရကြားအထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးခဲ့ရလဲ၊ ဒီရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး၊ စစ်ရေးကာလကနေ ပိုလန်တို့ ဘယ်လိုရုန်းထွက်တော်လှန်ခဲ့ကြလဲဆိုတာ မြင်တွေ့ရမယ့် စပိုင်ဆန်ဆန် အက်ရှင်ကားကောင်းတစ်ကားပါ....File Size :(1.6GB) and (802MB) Quality ...
movie
The Messenger(2019)
6.7
Operation Nation(2022)
Operation Nation(2022)**********************ဒီဇာတ်ကားကတော့ ၂၀၂၃ ဧပြီလမှာပဲထွက်ရှိထားတဲ့ Netflix ရဲ့ပိုလန်နိုင်ငံရေးဟာသဒရမ်မာကားလေတစ်ကားပဲဖြစ်ပါတယ်။ စတက်ရှ်ဟာ ညီမဖြစ်သူနဲ့အခန်းအတူတူနေထိုင်နေရပြီးကားပါကင်မှာအစောင့်လုပ်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုချို့ချို့တဲ့တဲ့နေရတာကိုစိတ်ကုန်ပြီး တိုးတက်အောင်လုပ်ချင်နေသူလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် တတိယအင်ပါယာကြီးကိုထောက်ခံသူလည်းဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအကိုဖြစ်သူရိုမန်က သူရဲ့အဖွဲ့ထဲကိုဝင်ဖို့စတက်ရှ်ကိုခေါ်ခဲ့ပါတယ်။စတက်ရှ်တစ်ယောက်လည်း လက်ရှိဘဝကနေပြောင်းလဲဖို့ဆိုရင် ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ပြီးအဲ့ဒီအဖွဲ့ထဲကိုဝင်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်...File Size : (1.4GB) and (597MB) Quality : WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:37:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
Operation Nation(2022)
6.5
Pitbull: Last Dog (2018)
သဘာဝကျကျစုံထောက်ကားကြည့်ချင်သူတွေအတွက် ပိုလန် စုံထောက် ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Pitbull:The last dog (2018) နဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကခပ်အေးအေးဖြစ်ပြီးတော့ အရမ်းတော် ထူးချွန်ပြီး လက်နဲ့တို့လိုက်တာနဲ့ လွင့်သွားအောင်လုပ်မယ့် မင်းသားမပါတဲ့ကားပါ။ပစ်မလွဲမင်းသားလည်းမဟုတ်ပါဘူး။ပိုလန်က မြို့တစ်မြို့က ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းကို ရဲတစ်ယောက်က အသွင်ယူဝင်ရောက်ပြီး တစ်ဆင့်ချင်းဖြိုခွင်းသွားတဲ့ ဇာတ်ကားပါ။အကုန်လုံးသဘာဝကျကျလေး အပြင်မှာဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တစ်ခုကိုပုံဖော်ထားသလိုရိုက်ကူးထားတာပါ။IMDB Rating ကတော့ 6.4 ထိရရှိထားပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)File Size : (800 MB) and (380 MB) Quality : Blu-Ray 720p Running Time : 2hr 04min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPRiNTER Translated by d3mon Encoded by Thanhtike Zaw
movie
Pitbull: Last Dog (2018)
2018