Channel Myanmar

Cerra Angela Vallentine

The Legend of Catclaws Mountain (2024) 5.5
The Legend of Catclaws Mountain (2024)  ချန်နယ်မြန်မာပရိတ်သတ်ကြီး ခုတခေါက်ကြည့်ရှူရမှာကတော့ ၂၀၂၄ မှထွက်ရှိထားတဲ့ကြောင်လက်သည်းတောင်ရဲ့ ဒဏ္ဍာရီ ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်..ဇာတ်လမ်းကတော့ပေါ့ပေါ့ပါးပါးကလေးပုံပြင်လိုဇာတ်လမ်းသွားမျိုးလေးဖြစ်ပါတယ် နယ်မြို့လေးမှာနိစ္စဓူဝပုံမှန်ဘဝထဲမှာပဲ အသားကျနေတဲ့ မင်ဒီတို့မိသားစုမှာ မင်ဒီကတော့အများနဲ့မတူပဲ သူကတစ်ခုခုထူးခြားတာတွေကိုလုပ်ဖို့အတွက်မွေးဖွားလာတာလို့ယုံကြည်နေပါတယ်..ဇာတ်လမ်းအစမှာတော့ မမျှော်လင့်ပဲ သူတို့ရဲ့အဖေအိမ်ထောင်ဦးစီးရဲ့ ပန်းခြံကပိတ်ရတော့မဲ့ အနေအထားကိုကြုံလာပါတယ် ငွေကြေးအခက်အခဲကြောင့် ရေကြည်ရာမြက်နုရာ အလုပ်ပြောင်းတဲ့နေရာကိုရွှေ့ရတော့မလိုဖြစ်နေချိန်မှာ မင်ဒီဟာ ထူးခြားတဲ့ ယူနီကွန်းလိုစွတ်စွတ်ဖြူဖွေးနေတဲ့ မြင်းပုလေးတစ်ကောင်နဲ့တွေ့ခဲ့ရပါတယ် ဒီနယ်တစ်ဝိုက်မှာ တစ်နေ့ကျရင်မြင်းပုလေးတစ်ကောင်ကထိုက်တန်တဲ့သူကို ကြောင်လက်သည်းတောင်မှာဖွက်ထားတဲ့ ရွှေတွေဆီကိုလမ်းပြပေးလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီတွေကလည်းနာမည်ကြီးနေတာမလို့ မင်ဒီကတော့ ဒီမြင်းပုလေးကိုထူးခြားတဲ့မြင်းပုလေးလို့ထင်မှတ်လိုက်ပါပြီ ဒါပေမဲ့ကလေးပဲရှိသေးတဲ့ မင်ဒီတစ်ယောက် သူထင်ရာမြင်ရာကလေးအတွေးတွေပဲတွေးနေတာလားတကယ်ဆိုရင်ရောတောကြီးမျက်မည်းထဲကရွှေတွေဆီကိုဘယ်လိုများသွားနိုင်မှာလဲ ပြီးတော့ရွှေဆိုရင်ငမ်းငမ်းတက်မက်မောကြတဲ့ လူတို့သဘာဝအတိုင်း သွေးနံ့ရလို့ဝိုင်းလာတဲ့ငါးမန်းလိုလူတွေကိုရောသူတို့ဘယ်လိုများရင်ဆိုင်ရမလဲကို ပေါ့ပေါ့ပါးပါးကြည့်ရှူနိုင်မှာပါ  File size…2.88GB / 1.24GB Quality…WEB-DL 1080p  5.1CH / 720p Format…mp4 Duration….1h 44m Genre …..Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

The Legend of Catclaws Mountain (2024)

The Disaster Artist (2017) 7.4
The Disaster Artist (2017) The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie

The Disaster Artist (2017)

2017