Channel Myanmar

Cem Cücenoğlu

My Father is a Hero/ Benim Babam Bir 2023
My Father is a Hero/ Benim Babam Bir 2023  Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ တူရကီမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ နိုင်ငံအသီးသီးကပြန်ရိုက်ထားကြတဲ့ သမီးလေးကိုထောင်ထဲခေါ်ထည့်ထားပြီး ကျပ်မပြည့်တဲ့အဖေဖြစ်သူနဲ့အပေါင်းအပါတစ်စုတို့ ဖွက်ထားကြတဲ့ရုပ်ရှင်လိုမျိုးကို မတူညီတဲ့ဇာတ်လမ်းမှာ တူညီတဲ့ရသခံစားစေရမယ်ထင်ပါတယ်။မိတဆိုးလေးမို့ သားဖြစ်သူကို တုန်နေအောင်ချစ်ရှာတဲ့ စည်ပင်သာယာဝန်ထမ်း ဆင်းရဲသားတစ်ယောက်။ ဆင်းရဲပေမဲ့ သားဖြစ်သူကိုဖူးဖူးမှုတ်ထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ကြတယ်။တရက် အဖေဖြစ်သူတို့သူငယ်ချင်းအုပ်စု ဘောလုံးကန်နေတုန်း သားဖြစ်သူဝင်ပါရင်း အမောဖောက်လဲကျသွားရာကစ နှလုံးအစားထုကုရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးက ငယ်သေးတဲ့အတွက် ကိုက်ညီတဲ့နှလုံးရှာတွေ့ပြီး ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှ အသက်ရှင်ဖို့ရာခက်ခဲတဲ့အခြေအနေ။ နှလုံးအစားထိုးကုသဖို့ ကိုက်ညီတဲ့နှလုံးမရခင်အချိန်မှာ စူပါဟီးရိုးတွေကိုကြိုက်နှစ်သက်တဲ့ သားဖြစ်သူရဲ့ စိတ်ကလေးလန်းဆန်းနေစေဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စူပါဟီးရိုးဝတ်စုံတွေချုပ် ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းတွေဖန်တီးပါတော့တယ်။အဖေတစ်ယောက်ရဲ့မေတ္တာတရားနဲ့ သူငယ်ချင်းတွေကြားကသံယောဇဉ်ကို အချိုးညီဖန်တီးရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(953 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Family, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

My Father is a Hero/ Benim Babam Bir 2023

The Nightingale of Bursa (2023) 6.8
The Nightingale of Bursa (2023)  ဒီရုပ်ရှင်လေးက ၁၉၈၆ ခုနှစ် မူဒန်ညာ ကမ်းခြေမြို့လေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ တူရကီ စကားပြော Musical Drama ရုပ်ရှင်ကားလေးပါ။ အချစ်၊ အလွမ်း၊ ဟာသ၊ ဂီတ ရသအမျိုးမျိုးပေးနိုင်တဲ့ ရုပ်ရှင်ကားမျိုး ဖြစ်ပြီး ကဗျာဆန်တဲ့ အချစ်ဇာတ်လမ်းကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်က အချိန်ပေးရတာတန်တဲ့ ရုပ်ရှင်လေးပါကန်ဂျစ်ဆယ်ဇန်ဟာ တစ်နေ့မှာ သီချင်းအခွေထုတ်မယ်ဆိုတဲ့ အိပ်မက်တွေ ထွေးပိုက်ထားတဲ့ ဂီတပညာရှင် တစ်ယောက်ပါ။ တစ်ရက်မှာတော့ ကံအကြောင်းတိုက်ဆိုင်စွာနဲ့ ကနွန်းတူရိယာ တီးတဲ့ သူငယ်ချင်း တက်စ်ကင်နဲ့ သူ့ ညီမ အာဇူ တို့နဲ့ ဆုံတွေ့ခဲ့ပြီး သုံးယောက်အတူ တီးတိုင်းတစ်ဖွဲ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဂီတကို ဝါသနာ အသီးသီးရှိကြတဲ့ ဒီလူသုံးယောက်ဟာ အခက်အခဲတွေကျော်ဖြတ်ပြီး ခွေထုတ်ဖို့ကြိုးစားကြပုံတွေ အလွဲတွေကနေ ရယ်စရာမောစရာ အဖြစ် ပြောင်းလဲရပုံတွေ ကန်ဂျစ်နဲ့ အာဇူတို့ရဲ့ ဆက်ဆံရေးအခြေအနေ စတာတွေကို ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးခင်ဗျာT ...
movie

The Nightingale of Bursa (2023)