Channel Myanmar

Céline Sciamma

Water Lilies (2007) 6.7
Water Lilies (2007) Water lilies (2007)IMDb rating - 6.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ်ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာတသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်ကဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေအဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကိုလှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီးruntime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…     2.1 GB /   854 MB Quality… Web-DL 1080p ...
movie

Water Lilies (2007)

2007