Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Céline Carrère
The Beast (2024)
မနှစ်က ထွက်ရှိထားတဲ့ Sci-fi/Romance ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ မင်းသမီး Léa Seydoux နဲ့ မင်းသား George MacKay တို့ ဦးဆောင်ပါဝင်ထားပြီး rotten tomatoes - 86% ရရှိထားပါတယ်။ Artificial Intelligence တွေ စိုးမိုးတဲ့ ခေတ်မှာ လူသားတွေဟာ ခံစားချက်တွေကို ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ မြင်နေကြပါတယ်။ဒီ ခံစားချက်တွေကို ရှင်းထုတ်ပြီး DNA ကို သန့်စင်ဖို့ အတွက် Gabrielle ဟာ သူ့ရဲ့ အရင်ဘဝတွေကို ခုန်ကူးရမှာဖြစ်ပါတယ်။ သူ့ရဲ့ အတိတ်ဘဝမှာ မသေဆုံးဘဲ ထာဝရရှင်သန်နေတဲ့ အချစ်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်တွေပဲ ကြုံခဲ့ရပါတော့တယ်။File size…(2 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:26:00 Genre... Drama, Romance , ...
movie
The Beast (2024)
6.1
A Place to Fight For (2023)
A Place to fight for (2023)ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့ လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။ သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။ အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။ နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။ မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ် ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။ သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ ...
movie
A Place to Fight For (2023)
2023
7.1
Titane (2021)
TITANE(2021) ==============IMDb Rating (7.1) / Rotten Tomatoes (87%)Directed By Julia DucournauArt Filmတွေကို ရွေးတာများတဲ့ နာမည်အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Orကို ရခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီနှစ်ရဲ့ ခုထိအချိန်အတွင်းမှာ Art Filmလိုင်း Horrorလိုင်းမှာ အနောက်ရုပ်ရှင်ဖန်တွေကြား လူပြောအများဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။တစ်ချို့ကတော့ Titaneကို ဘာမှန်းမသိခြင်းနဲ့ surrealismဆန်ခြင်းဆိုတဲ့အပိုင်းမှာ သူ့လိုင်းက နာမည်ကြီးကားတွေဖြစ်ခဲ့တဲ့ Midsommarနဲ့ David Lynchရဲ့ Earserheadထက်ကို အတော်သာတဲ့ မာစတာပိစ်ရုပ်ရှင်လို့ဆိုကြပါတယ်။ ရှင်းရှင်းပြောရရင် ဘာမှန်းမသိတဲ့နေရာမှာ သာတာပါ။ Horror/Thrillerလိုင်းရဲ့ နတ်ဘုရားသဖွယ်ဖြစ်နေတဲ့ A24 Fanတွေကလည်း Titaneကို အတော်သဘောကျနေကြတယ်။ဇာတ်ကြောင်းကို စာ၂ကြောင်းလောက်ရေးပြ လိုက်ရင် အတော်စိတ်၀င်စားသွားကြမှာပေမဲ့ ကျွန်တော်လည်း ဘာမှန်းမသိဘဲ ကြည့်ရင်းမှ ဘာလဲဟဆိုပြီး ဖြစ်ခဲ့ရတာမို့ အဲဒီ၂ကြောင်းလောက်ကို ပြောမိရင်ကို နည်းနည်းပေါ့သွားမယ် ယူဆလို့ မပြောတော့ပါဘူး။ ကိုယ့်ဘာသာကြည့်ပြီးပဲ ဘာလဲဟ လိုက်ကြပါတော့။Cinematographyအပိုင်းမှာလည်း အတော်လေးချီးကျူးခံထားရပါတယ်။ လက်ရှိခေတ်ထထားတာ မကြာသေးတဲ့ နီယွန်ညဆန်ဆန်တွေလည်း တွေ့ရတယ်။ သတိချပ်စရာက Horror Thrillerပေမဲ့ Body Horrorပါ။ကျန်တာတော့ လန့်စရာ မပါပါဘူး။ဟုတ်ကဲ့ ဒီရုပ်ရှင်ဟာ မာစတာပိစ်ရုပ်ရှင်ပါပဲ။ သောက်ကျိုးနဲ ကြောင်တောင်နေတဲ့ ဘာပြချင်တာလဲဆိုတဲ့အချက်ကို ဖမ်းမရတဲ့ ဘုရားစူး မာစတာပိစ်ပါပဲ။ ရုပ်ရှင်ဟာ ဘာကိုမှ ပြဖို့ တာ၀န်မရှိပါဘူး။ Art Houseရုပ်ရှင် ပီပီသသပဲ ဒါရိုက်တာရဲ့ တင်ဆက်ပြသပုံက ပရိတ်သတ်ဘက်ကိုငဲ့ပြီး အကုန်ချပြမထားဘဲ သူပြချင်တဲ့နားကို ...
movie
Titane (2021)