Channel Myanmar

CCH Pounder

Superman/Batman: Public Enemies (2009)
Superman/Batman: Public Enemies (2009) Superman/Batman: Public Enemies(2009) IMDb: 7.1/10 Rotten Tomatoes: 67% Superman/Batman: Public Enemies(2009) ဟာ DC Universe Animated Original Movies ရဲ့ ခြောက်ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ စူပါမန်းနဲ့ဘတ်မန်းတို့ နှစ်ယောက်ရဲ့လက်တွဲညီမှုကိုတွေ့ရမှာဖြစ်ပါတယ်။ အတော်လေးလည်းကောင်းမွန်လှတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း ဥက္ကာခဲ ကြီးတစ်ခု ကမ္ဘာကိုတည့်တည့်ကြီးဝင်လာနေပါတယ်။ ဂေါ့သမ်တစ်မြို့လုံးလည်း ကဗြောင်းကိုသတ်နေပါတယ်။ အားလုံးထဲမှာအဆိုးဆုံးကတော့ လက်စ်လူသာတစ်ယောက် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတာပါပဲ။စူပါဟီးရိုးဆိုရင်ကြည့်မရတဲ့ လက်စ်လူသာတစ်ယောက် စူပါဟီးရိုးတွေကို လိုက်လံဖမ်းဆီးပါတော့တယ်။ လူသာဟာစူပါမန်းကိုလူသတ်ကောင်လို့ အကွက်ဆင်ပြီး လူထုနဲ့သွေးခွဲလိုက်ပါတော့တယ်။ တစ်ဖက်မှာက ဥက္ကာခဲ၊ တစ်ဖက်မှာက အာဏာရော ဉာဏ်ရည်ရောပြည့်စုံတဲ့ လက်စ်လူသာ၊ အဲဒီလူနှစ်ယောက်ကို စူပါမန်းနဲ့ဘတ်မန်းတို့နှစ်ယောက်ဘယ်လိုများ ရင်ဆိုင်သွားမှာလဲ။ File size…    1.2 GB /  577 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 7m Genre ..... Animation/Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Superman/Batman: Public Enemies (2009)

Batman: Assault on Arkham (2014) 7.4
Batman: Assault on Arkham (2014) Batman: Assault on Arkham (2014) IMDb: 7.4/10Assault On Arkham အတွက် အညွှန်းအနေနဲ့ကတော့ Suicide Squad ဇာတ်ကားမှာတုန်းကAmanda Waller ကို သိခဲ့ကြမှာပါအဲ့ဒီ့ Amanda Waller ဟာ ဒီကားမှာလည်း Mission တစ်ခုအတွက်Suicide Squad အဖွဲ့သားတွေကို စုဆောင်းပါတယ် အဖွဲ့ဝင်အဟောင်းတွေ ပါသလိုအဖွဲ့ဝင် အသစ်တွေလဲ ပါဝင်ပါတယ်။ Amanda ဟာ ပစ္စည်း တစ်ခု အတွက်Gotham မြို့မှာ ရှိတဲ့ Arkham စိတ္တဇအကျဉ်းထောင်ကို သူ့ရဲ့ Suicide Squad အဖွဲ့သားတွေကို ချိုးဖောက်ဝင်ရောက်စေပါတယ်ဒါပေမယ့် သူတို့အတွက် ခက်ခဲတဲ့ အဟန့်အတားတစ်ခုကတော့ Gotham မြို့ဆိုတာကအားလုံးသိတဲ့ အတိုင်းပဲ Batman ရဲ့ မြို့တော်ဖြစ်တဲ့အတွက် သူတို့လို Villianတွေခြေရှုပ်ဖို့သိပ်မလွယ်ကူပါဘူး ဒီလို စိတ်လှုပ်ရှား စရာတွေ နဲ့ ပြည့်နေတဲ့ ဒီဇာတ်ကားမှာAmanda ဟာ Arkham မှာ ...
movie

Batman: Assault on Arkham (2014)

2014
Rustin (2023) 6.6
Rustin (2023) Rustin (2023)~ IMDb - 6.6/10, Rotten Tomatoes - 85% ~Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်… Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်… သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်…အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် ...
movie

Rustin (2023)

2023
Avatar: The Way of Water (2022) 8.1
Avatar: The Way of Water (2022) Avatar: The Way of Water (2022) ======================== IMDb Rating - 8.1/10(function(f,b,n,j,x,e){})();2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက် ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ဇာတ်လမ်းအကျဉ်း ............................ ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင် လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Avatar: The Way of Water (2022)

2022
4K HEVC
Avatar (2009) 7.8
Avatar (2009) Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်...Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ ... လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ ...
movie

Avatar (2009)

2009
4K HEVC IMAXHDR
End of Days (1999) 5.8
End of Days (1999) End of Days (1999)ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ ...
movie

End of Days (1999)

1999
Face/Off ( 1997 ) 7.3
Face/Off ( 1997 ) အက်ရှင်၊ thriller လို့ပြောတာနဲ့ ဘယ်ခေတ်ကိုရောက်ရောက်ရိုးမသွားမယ့် ရုပ်ရှင်တစ်ကား တင်ပေးလိုက်ပါတယ်။IMDb 7.3 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်ကြည့်ဖူးသူတွေကတော့ မေ့မှာမဟုတ်ပါဘူး။ နီကိုးလတ်ကေ့ နဲ့ဂျွန်ထရာဗိုတာတို့ အပြိင်ကျဲခဲ့တဲ့ကားပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ရိုက်ချက် အားလုံးကောင်းပါတယ်။ သားဖြစ်သူကို သတ်သွားတဲ့အကြမ်းဖက်သမားကို တစ်ဘဝလုံး နှစ်မြှပ်ပြီး လိုက်ဖမ်းနေခဲ့တဲ့အက်ဖ်ဘီအိုင်အေးဂျင့် ရှောင်ဟာ နောက်ဆုံးတော့အကြမ်းဖက်သမား ကတ်စတာကို မိသွားပါတယ်။ မိသွားချိန်မှာကတ်စတာ ထောင်ခဲ့တဲ့ ဗုံးနေရာကို သိဖို့အတွက် ကတ်စတာရဲ့မျက်နှာကိုခွာယူပြီး ခွဲစိတ်ပြုပြင်ပြီး ကတ်စတာ အဖြစ်ဟန်ဆောင်စုံစမ်းနေရပါတယ်။ဒီအချိန်မှာပဲ ကတ်စတာက ရှောင်ရဲ့ မျက်နှာကို ယူပြီးအက်ဖ်ဘီအိုင်အေးဂျင့်အဖြစ် ပြန်လိုက်ဒုက္ခပေးတဲ့အခါမှာ….. Quality : Bluray 1080p (5.1ch ) HEVC & Bluray 720pDuring : 2h 18 minFormat : mkv ( 1080p ) , mp4 ( 720p )Subtitle ...
movie

Face/Off ( 1997 )

1997
[+18] Sliver(1993) 5.0
[+18] Sliver(1993) [+18] Sliver (1993) Dark Side Production မှတင်ဆက်သည်..... IMDb Rating.... 5.0/10  ရုံးပိတ်ရက်လည်းဖြစ်သည်က တစ်ကြောင်း ၊အေးမြတဲ့ဆောင်းရာသီဖြစ်သဖြင့် အပြင်ထွက်လျှင် အေးသောကြောင့် အခန်းအောင်းနေတတ်သည့် ကျွန်ုပ်တို့ ပုရိသအပေါင်းတို့အဖို့လွန်စွာမှပျင်းရိညဉ်းငွေ့ဖွယ်နေ့ရက်များဖြစ်ပေသည်...ထိုသို့သောအချိန်များကို စနစ်တကျကုန်ဆုံးဖို့ရာ  ဇတ်လမ်းကောင်းလေးနဲ့ ဖြတ်သန်းသင့်သဖြင့်  မည်သည့်ဇာတ်လမ်းအမျိုးအစားကိုရွေးချယ်ကြည့်ရှုရမည်ကိုသိသော်လည်းအချက်အလက်များနှင့် ကိုက်ညီသည့် အနှီဇာတ်ကားကိုရွေးချယ်ဖို့အခက်ရှိနေကြမည်ဖြစ်သည်...ဇာတ်လမ်းလည်းကောင်းရမည်...မင်းသမီးကလည်း စပါးကြီးမြွေတစ်ကောင်လိုညှို့အားပျင်းသည့်မင်းသမီးမျိုး..ရှောင်လွှဲရန်ခက်ခဲသည့် လောကဇာတ်ခုံမှာ ဖိုမကိစ္စရပ်များ ဒါတွေပြည့်စုံရမည်....ဒီလိုအချက်များနှင့်ကိုက်ညီသည့်ဇာတ်ကားကို Dark Side မှာ ညွှန်းဆိုပေးရမည်ဆိုလျှင်တော့ .Sliver(1993) ကိုကြည့်ပါလို့ပဲ ပြောချင်သည်..... Sliver ဆိုတာ U.S အသုံးအရတော့ အထပ်မြင့်တိုက်ခန်း အဆောက်အဦးပါ။ ဒီ ဇာတ်လမ်းက Silver တစ်ခုက အဖြစ်အပျက်တွေ အကြောင်းပါ။ဒီအဆောက်အဦး လူသေမှု ၂ခုဖြစ်ခဲ့ပြီး ပိုင်ရှင်ကလည်း ဘယ်သူမှန်းမသိရပါဘူး။ Carleyလို့ခေါ်တဲ့ စာအုပ်အယ်ဒီတာမလေး အဲ့ဒီ အဆောက်အဦးကို ရောက်လာပြီးတဲ့နောက် လူသေမှုတွေလည်း ထပ်ဖြစ်ခဲ့ပါတယ်။ဒီလူသတ်မှုတွေဟာ သူမနဲ့တိုက်ရိုက်ပတ်သက်လာတဲ့အချိန်မှာ၊အဆောက်အဦးပိုင်ရှင်ကလည်း သူမ လုံးဝမမျှော်လင့်ထားတဲ့ သူဖြစ်နေတဲ့အပြင်လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေတဲ့ ...
movie

[+18] Sliver(1993)

1993