Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cathy Shim
6.0
Arranged Love (2023)
အင်္ဂလိပ်စကားပြော အိန္ဒိယ ရိုမန့်တစ် ရုပ်ရှင်လေးတစ်ကားဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ဆန်းတာမို့ အတော်လေးကြည့်ပျော်မှာပါမင်္ဂလာဆောင်က ထွက်ပြေးသွားသော သတို့သမီး မီရာဟာ ဦးလေးအဒေါ်နှစ်ယောက်နဲ့ နေထိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ မိန်းမငယ်လေးပါမင်္ဂလာဆောင်မှာ သတို့သားကို ငုတ်တုတ်မေ့ကျန်နေစေခဲ့ပြီး အရာအားလုံးကို စွန့်ပယ်လို့ အမေရိကားကို ထွက်လာခဲ့တဲ့ ၈ နှစ်ကြာမှာတော့ နည်းပညာစွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်လို့နေပြီ ဒါပေမဲ့ ကုမ္ပဏီဒေဝါလီခံမယ့်အရေး ပြဿနာတစ်ခုပေါ်လာတော့ကား ငွေကြေးလိုအပ်လာလို့ အိန္ဒိယက အဒေါ်တို့ထံ သူ့အမေရဲ့အမွေကို တောင်းရဖို့ဖြစ်လာတယ်သို့ပေမယ့်လည်း အိန္ဒိယလူမျိုးနဲ့ လက်ထပ်ရမယ်ဆိုတဲ့အချက် သေတမ်းစာမှာပါနေတာကြောင့် "ဟန်ဆောင်ယောကျာ်း" ရှာဖို့ အလုပ်မှာတော့ ... File size…(1.6 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie
Arranged Love (2023)
5.3
Balls of Fury (2007)
Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းကကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲကလူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါနောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီးငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ်အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ်ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီးပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲအဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက်သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ ...
movie
Balls of Fury (2007)
The Revenant (2009)
နယ်စပ်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ တပ်သားဘတ်ဂရေဂိုရီဟာ သေဆုံးပြီး၁လကျော်အကြာမှ သူ့အလောင်းကသူရဲ့မိသားစုတွေဆီကိုပြန်ရောက်လာပါတယ် သူ့ရဲ့မိသားစုတွေနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က သူ့ရဲ့သေဆုံးမှုအတွက်ယူကြုံးမရဖြစ်ကြရပြီး သူ့ရဲ့ချစ်သူကောင်မလေးကလဲ သူ့ကိုအရမ်းချစ်ပြီးလက်ထပ်ဖို့အထိရည်ရွယ်ထားတာမလို့ဖြေမဆည်နိုင်လောက်အောင်ကိုဝမ်းနည်းနေရပါတယ်ဒါပေမယ့် အလောင်းကိုမြေချပြီးနောက်ရက်မှာပဲ ဘတ်ဂရေဂိုရီကအခေါင်းထဲက ပြန်နိုးလာပြီး သူ့ကိုယ်တိုင်အရှင်လတ်လတ်မြေမြုပ်ခံထားရတယ်အထင်နဲ့ သူ့သူငယ်ချင်းဂျိုဝီကိုအပြေးသွားရှာပါတယ် ဒါပေမယ့်ဂျိုဝီမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဘတ်ဂရေဂိုရီကပုပ်သိုးပြီးအနံ့တောင်ထွက်နေပါပြီ ဒါပေမယ့်လည်းသစ္စာရှိလွန်းတဲ့သူငယ်ချင်းက သူ့ဘော်ဒါမိုက်ရူးရဲဆန်စွာ ဖွက်ထားပြီး လိုအပ်တာအကုန်လုံးကို ဥပဒေနဲ့ညီတာမညီတာမတွေးတော့ဘဲ အကုန်လိုက်လုပ်ပေးရာကစလို့ကြောက်မက်ဖွယ် ဗရမ်းဗတာကိစ္စတွေဖြစ်လာရပါတော့တယ်... File size…(1.7 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Del Lune
movie
The Revenant (2009)
The Plus One (2023)
ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖလော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။"Male of honor" အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ... လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
The Plus One (2023)
6.5
Paws of Fury: The Legend of Hank (2022)
Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie
Paws of Fury: The Legend of Hank (2022)
2022
5.6
The Sun Is Also a Star (2019)
The Sun is also a star တစ်နေ့တာလေးအတွင်းအတူရှိနေလိုက်ရုံနဲ့တင် အချစ်ဆိုတာကို ခံစားသိရှိနိုင်လိမ့်မယ်လို့ထင်မိလား ?? တွေးမိဖူးလား??? နယူးယော့ခ်ကနေ နေရပ်တိုင်းပြည်ကိုပြန်ရတော့မဲလူမည်းမလေး နာတာရှာက သူ့တိုင်းပြည်ကိုမပြန်ရရေးအတွက်တောင်းဆိုဖို့ တစ်ရက်တာလေးပဲကြိုးစားခွင့်ရှိနေတဲ့အချိန်လေးမှာ ဆေးကျောင်းသားလေး ကိုရီးယားကောင်လေး ဒန်နီရယ်နဲ့တွေ့ဆုံသွားပြီးနောက် ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို လူငယ်ဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့ အချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လူငယ်မှ တော်တော်လေးကိုလူငယ်ဆန်တယ်လို့ကိုပြောလို့ရပါတယ် အချစ်အတွက် အနာဂတ်တွေ ကိုယ့်ရှေ့ရေးတွေကိုတောင်မစဉ်းစားနိုင်လောက်တဲ့အထိကို ရူးရူးမိုက်မိုက်လူငယ်ဆန်ဆန်အတွေးတွေကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးလေးပဲ ခံစားကြည့်ရှုလိုက်ရအောင်ပါဗျာ။File size…(1.55 GB) and (725.26 MB) Quality…1080p Web-dl H264 FGT Format…mp4 Duration…1h 40min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm
movie
2019