Channel Myanmar

Catherine Steadman

Salmon Fishing in the Yemen (2011) 6.8
Salmon Fishing in the Yemen (2011)  cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန့်ဟာသဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမည်ကအတိုင်းယီမင်နိုင်ငံလို အပူပိုင်းဒေသ နိုင်ငံတစ်ခုမှာ ဆယ်လ်မွန်ငါးတွေမွေးမြူဖို့ ကြိုးစားတာပါ။ဆယ်လ်မွန်ငါးတွေရဲ့ တခြားငါးတွေနဲ့ မတူတဲ့ သဘောသဘာဝကအားလုံးသိကြတဲ့ အတိုင်းပဲ သူတို့ဟာ ရေငံမှာ ကြီးထွားရှင်သန်ကျက်စားကြပြီး ဥဥမျိုးပွားချိန်အတွက်ကျမှ ရေကိုဆန်တက်ပြီးသူတို့ရဲ့ ဇာတိမူလ မြစ်ဖျားခံရာ ရေချိုဒေသတွေဆီ ကူးခတ်ပြန်ကြတာပါ။ဆယ်လ်မွန်ငါးတို့ရဲ့ ဇွဲလုံ့လ ဝီရိယဉာဉ်ဟာ လူသားတွေအတွက်အားကျပမာယူစရာ ဖြစ်သလို ငါးဖမ်းသမားတွေအတွက်လည်းဆယ်လ်မွန်ငါးတွေဟာ တန်ဖိုးရှိတဲ့ ငါးမျိုးစိတ်ပါပဲ။ဇာတ်ကားမှာတော့ ယီမင်နိုင်ငံက ခေါင်းဆာင် စော်ဘွားကြီးတစ်ယောက်ဟာ သူသဘောကျလှတဲ့ ဆယ်လ်မွန်ငါးတွေကိုနိုင်ငံထဲမှာ ရှိစေချင်တဲ့ ဆန္ဒအရ ငွေကုန်ကြေးကျ ဘယ်လောက်များနေပါစေ..ရအောင်လုပ်မယ်ဆိုပြီး ပရောဂျက်အတွက်အကြံပေးကုမ္ပဏီက သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဟယ်ရီယက်ဆိုတဲ့အမျိုးသမီးလေးကို တာဝန်ပေးလိုက်ပါတယ်။ဒေါက်တာအဲဖရက်ဒ်ဂျုံးစ်ဆိုတဲ့ ငါးပါရဂူဘွဲ့ရ အစိုးရအရာရှိတစ်ယောက်ကို နိုင်ငံရေးအရ ချစ်ကြည်ရေးအတွက်ရော မီဒီယာအာရုံလွှဲပြောင်းတဲ့ အနေနဲ့ပါ ဒီဖြစ်နိုင်ခြေ နည်းပါးလှတဲ့ ပရောဂျက်ကိုဟယ်ရီယက်နဲ့ အလုပ်အတူ တွဲလုပ်ဖို့ ဖိအားပေး တာဝန်ပေးလိုက်ချိန်မှာတော့....။သူတို့နှစ်ဦးကြားက ကတောက်ကဆဖြစ်မှုလေးတွေနဲ့ ပရောဂျက်တစ်လျှောက် ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ ...
movie

Salmon Fishing in the Yemen (2011)

Astral {2018} 4.5
Astral {2018} ကျွန်တော်တို့တွေ လိပ်ပြာလွှင့်တယ်ဆိုတဲ့ အရပ်သုံးစကားကို တော်တော်များများကြားဖူးကြမှာပါ ဒီဇတ်ကားလေးကတော့ ငယ်ငယ်လေးထဲက မိခင်ဟာကိုယ့်ကိုယ်ကိုသတ်သေသွားတာကို အခုမှသိလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသား အဲလက်စ် တစ်ယောက် ကျောင်းလက်ချာချိန်မှာ လိပ်ပြာလွှင့်တာနှင့်ပတ်သတ်ပြီး သင်ကြားမိတာကနေ စပြီး သူ့ အမေရဲ့ ဝိညာဉ်နှင့် အဆက်အသွယ်ရဖ်ု့ လိပ်ပြာလွှင့်တဲ့အတတ်ကို စမ်းကြည့်ရာကနေ မမျှော်လင့်ထားတဲ့ ပရလောက ကံကြမ္မာဆိုးကြီးနှင့်တွေ့ ပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ သည်းတထ်တ်ထိတ်ရင်တဖိုဖို စောင်ကြည့်ရမယ့် horror ဇတ်ကားကောင်း တစ်ကား ဖြစ်ပါတယ် ရုပ်ရှင်ကားကို ကောင်းမြတ်သူ က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်  
movie

Astral {2018}

2018
About Time (2013) 7.8
About Time (2013) About Time (2013)IMDb - 7.8/10_____Rotten - 68%   ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ...
movie

About Time (2013)

2013