Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Catherine Scorsese
7.2
Mean Streets (1973)
ချာလီက မာဖီးယားဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ့ဦးလေးက စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဦးစီးခိုင်းစေချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းလို ညီတစ်ယောက်လို ချစ်ခင်ရတဲ့ ဂျွန်နီကို လိုက်လံစောင့်ရှောက်ပေးနေရတာနဲ့ပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေခဲ့တာပါ။ဂျွန်နီက တကယ့်မလည်ရှုပ် လောင်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းလည်း အရမ်းများတဲ့သူပါ။ ဂျွန်နီတစ်ယောက် ချာလီရဲ့ မိတ်ဆွေ မိုက်ကယ်ဆီကနေ ငွေချေးပြီး ပြန်မဆပ်ရာကနေ ပြဿနာတွေ စတော့တာပဲ။ချာလီက ဂျွန်နီရဲ့ ဝမ်းကွဲအမဖြစ်တဲ့ ထရီစာနဲ့လည်း ချစ်ကြိုက်နေတာပါ။ ထရီစာက စိတ်သိပ်မမှန်လို့ ချာလီက သနားလည်းသနားပါတယ်။ ဂျွန်နီနဲ့ ထရီစာတို့ မောင်နှမအရေးနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကြားမှာ ကြားညပ်သွားတဲ့ ချာလီရဲ့အဖြစ်ကို ရှုစားရမှာပါ။ငြိမ့်ငြိမ့်လေးနဲ့ပဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး စဉ်းစားစရာ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။တကယ့်ဇာတ်အေးကြီး ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လှတဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝမြောပါသွားပါလိမ့်မယ်။Vintage ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ဆိုရင် ကွက်တိပါပဲ။၁၉၇၃ ...
movie
Mean Streets (1973)
7.3
Cape Fear (1991)
သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. ...
movie
Cape Fear (1991)
7.8
The King of Comedy (1982)
The King of Comedy (1982)မကြည့်ဖူးရင်တောင် မာတင်စကောစဲစီရဲ့ မာစတာပိစ်ကားဖြစ်တဲ့ The King Of Comedyကို အများစု သိပြီးသားဖြစ်မှာပါပဲ။ ဂန္တ၀င်စာရင်း၀င်တဲ့ နှောင်းလူတွေ မကြာမကြာမှီငြမ်းခံရတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ အမျိုးအစားက Black Comedyဆိုတော့ အဲဒီ Black Comedyဆိုတာ ဘာလဲ အရင်ရှင်းတာ ကောင်းပါလိမ့်မယ်။ BC ဘာလဲဆိုတာကို မောင်သာရ စာတစ်ပုဒ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ အမာရွတ်ကြည့်ကာ ရယ်ရသည်ဆိုတဲ့ စကားလုံးနဲ့ ဥပမာပေးရင် အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။“ စိတ္တဇဆေးရုံတစ်ခုမှာ ဆေးရုံခေါင်မိုးပေါ်ကနေ လူနာတွေ တစ်ယောက်ပြီးတစ်ယောက် ခုန်ချနေကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးရောက်လာပြီး "ဘာလို့ ခုန်ချနေကြတာလဲ"လို့မေးတော့ လူနာတစ်ယောက်ကပြန်ဖြေတယ်။ လေယာဉ်ပျံစီးတမ်း ကစားနေကြတာတဲ့။ အဲဒါနဲ့ တာဝန်ကျဆရာဝန်ရော မတွေ့ပါလား။ ဘယ်ရောက်သွားလဲဆိုတော့ လူနာက ပြန်ဖြေတယ်။ ပထမ Flight နဲ့ ထည့်ပေးလိုက်ပြီလေတဲ့...”အဲဒီဟာသလေးကို ကြားဖူးကြလားမသိဘူး။ ရယ်ရလားဆိုတော့ ...
movie
The King of Comedy (1982)
1982
8.7
GoodFellas(1990)
GoodFellas(1990)အညြွန္း *********************** IMDb...8.7,,,,Rotten....96% (unicode)IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀) စာရင်းထဲမှာပါတယ်....တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်..ဒါရိုက်တာMartin Scorsese ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ... အော်စစကာ တစ်ဆုရရှိခဲ့ပြီး အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်...ဒီကားကို အညွှန်းမရေးပါရစေနဲ့... ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ... ခံစားကြည့်လိုက်ပါဦးဗျို့..ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်......(zawgyi)IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀) စာရင်းထဲမှာပါတယ်....တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်..ဒါရိုက်တာMartin Scorsese ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ... အော်စစကာ တစ်ဆုရရှိခဲ့ပြီး အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်...ဒီကားကို အညွှန်းမရေးပါရစေနဲ့... ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ... ခံစားကြည့်လိုက်ပါဦးဗျို့..ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်......File Size : (1.12 GB) and (407 MB) Quality : Blu-Ray 720p Format…mp4 Duration…02:26:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
GoodFellas(1990)
1990
7.6
The Godfather: Part III(1990) IMDb...7.6,,,,Rotten...67% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (3.21GBGB) and (1.55GB ) Quality : Blu-Ray 1080p 5.1CH,Blu-Ray 720p Format…mp4 Duration…02:42:00 Genre : ...
movie
1990
8.2
Casino(1995)
Casino(1995) IMDb......8.2,,,Rotten....80 HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ် ...ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်....ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် ... .Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်း ရရှိထားတယ်...Sam AceRothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ် ...သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်...သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ဘယ်ဝိုင်းက ထိုသားအခြေအနေ လောင်းေ ကြးတွေက ဘယ်သူ့ဘက်အလေးသာနေတယ် ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင် ်စွမ်းရှိတယ်..တစ်ဆက်ထဲ သူလိုချင်တဲ့အနေအထားကိုလည်းပြောင်းလဲနိုင်စွမ်းရှိတယ်..ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကု ိ ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်....သူကလည်းလက်ခံခဲ့တယ်...သူ့ကိုလက်ဖျားနဲ့မပြောနဲ့စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစား တစ်ယောက်ကိုသူ့အနားမှာထားပေးတယ်...အဲ့ဒီအလုပ်ကိုသူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံ ရတော့တာပဲ....လူမိုက်တွေ...ရဲတွေ.....အစိုးရအကြီးအကဲတွေ....ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ.....ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ ဆက်မပြောတော့ပါဘူး...... ဒီကားကတစ်ချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တစ်ချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်....File Size…(950MB) Quality…BluRay 720p Format…mp4 Duration…02:58:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Theint Yadanar Oo
movie
Casino(1995)
1995