Channel Myanmar

Catherine McCafferty

American Carnage(2022)
American Carnage(2022)   ဒီနှစ်ထဲ နောက်ဆုံးထွက် thriller ကားကောင်းလေးတစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ် မက္ကစီကိုနိုင်ငံသားတွေဟာ နယ်စပ်ချင်းထိကပ်နေတဲ့အမေရိကန်နိုင်ငံထဲကို နှစ်စဉ်လူပေါင်းများစွာ ခိုးဝင်အခြေချနေထိုင်လေ့ရှိကြပါတယ်။ ဒီခိုးဝင်မက္ကစီကန်တွေဟာ ဒီမိုကရေစီနိုင်ငံကြီးအမေရိကန်ထဲမှာ လွယ်လွယ်ကူကူနေထိုင်ခွင့်တော့ မရပါဘူး။ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်ချုပ်ချယ်မှု အနိုင်ကျင့်မှုတွေ ကြုံတွေ့ရပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ခိုးဝင်အခြေချနေထိုင်တဲ့ မက္ကစီကန်မိဘက မွေးဖွားလာတဲ့ ကလေးတွေဟာ အမေရိကန်နိုင်ငံသားဖြစ်သွားပြီ ဆိုပေမဲ့ လူမျိုးရေးခွဲခြားဆက်ဆံခံနေရတုန်းပါပဲ။ ဒီလိုခွဲခြားဆက်ဆံခံရမှုကို အံတုပြီး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနေတဲ့ ဂျေပီနဲ့ လီလီတို့မောင်နှမနှစ်ယောက်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်ဖမ်းဆီးမိန့်တစ်ခုထုတ်ပြန်ပြီး ခိုးဝင်နေထိုင်သူအားလုံးကို ဖမ်းဆီးခိုင်းလိုက်တဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲခဲ့ပါတော့တယ်။Racism ရဲ့အဆုံးစွန်ရူးသွပ်မှုကို ဖော်ပြထားတဲ့ဒီဇာတ်လမ်းဟာ အစပိုင်းမှာတော့ ဒရာမာလို့ထင်ရပေမဲ့ သည်းထိတ်ရင်ဖို thriller အဖြစ်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားတာမို့ ကြည့်ရှုခံစားကြည့်ကြပါဦး။ File size… 1.3Gb /(836MB)/(406MB) Quality…. 1080p /720p / 480p Format…mp4 Duration….01:38:00 Genre...Comedy/ Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

American Carnage(2022)

Crush (2022) 6.3
Crush (2022) Crush (2022) အညွှန်း ဒီကားလေးကတော့ Hulu က ပြသသွားပြီး ပေ့ါပေ့ါပါးပါး ကြည့်ရမဲ့ ဇာတ်ကားလေးပါ။ လိင်တူ စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ အကြောင်းကို အထက်တန်းကျောင်းလေးတစ်ခုမှာ အမှီပြုပြီး ရိုက်ထားတာဖြစ်ပါတယ်။Crush ဆိုတဲ့ နာမည်လေးအတိုင်း တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေးနဲ့ စတင်ခဲ့ပါတယ်။ ပေ့ချ် ဆိုတဲ့ ကောင်မလေးက လိင်တူ စိတ်ဝင်စားတဲ့ Lesbian လေးပါ။ သူ တက်နေတဲ့ ကျောင်းမှာလည်း 60 % လောက်က gay, lesbian, bisexual တွေချည်းပါပဲ။ ပေ့ချ်က ပန်းချီ အနုပညာကို နှစ်သက်ပြီး ကျွမ်းကျင်တဲ့ ကျောင်းသူလေးပေါ့။ သူ့ အိပ်မက် ကျောင်းဖြစ်တဲ့ CalArts မှာ နွေရာသီ ပရိုဂရမ် ဝင်ခွင့်လျှောက်တဲ့အချိန်မှာ ကျောင်းက သူ့ကို "အပျော်ဆုံး အခိုက်အတန့်" နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာကို တောင်းတယ်။ပေ့ချ်တစ်ယောက် သူ့ဘဝရဲ့ ...
movie

Crush (2022)

2022