Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Catherine Dent
6.1
Someone Like You…(2001)
ဇာတ်ဆောင်ဂျိန်းက အသည်းကွဲနေတဲ့ကာလမှာ ယောကျာ်းတွေရဲ့သဘောသဘာဝကိုအဖြေရှာချင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိလာတဲ့သီအိုရီတခုကတော့ နွားအသစ်ပါတဲ့။နွားထီးတွေဟာ သူတိုမိတ်လိုက်ပြီးသားနွားမကို ၂ခါပြန်ပြီးမိတ်မလိုက်တတ်ပါဘူးတဲ့။ ယောကျာ်းတွေဟာလည်း နွားထီးတွေလို အသစ်မြင် အဟောင်းမေ့ဗီဇပါတဲ့သတ္တဝါတွေလိုမှတ်ယူလိုက်ပါတော့တယ်။ဂျိန်းကဇာတ်လမ်းအဆုံးထိ နွားသစ်သီအိုရီကိုလက်ခံသွားမလား မှားကြောင်းပြမယ့်လက်တွဲဖော်တွေ့သွားမလား???? ဇာတ်ကားအညွှန်းရေးသူမိမိလည်း ဒီသီအိုရီကိုလက်ခံချင်မိပါတယ်။ လူကြီးမင်းတိုအမြင်မှာရော နွားအသစ်သီအိုရီကိုလက်ခံလား လက်မခံဘူးလား?လက်မခံတဲ့သူတွေကို အားကျလိုက်တာ အချစ်ခံရတဲ့လူသားတွေဖြစ်မယ်ထင်ပါတယ်။ မိမိလည်း နွားသစ်သီအိုရီကမှားကြောင်းပြနိုင်မယ့်သူတွေ့လာမယ်မျှော်လင့်ရင်း အညွှန်းလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင့်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie
Someone Like You…(2001)
Candy Cane Lane (2023)
Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ -ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ...
movie
Candy Cane Lane (2023)
5.0
Carjacked (2011)
Carjacked (2011) ============ဒီဇာတ်ကားလေးကတော့ ဘဏ်ဓားပြတစ်ယောက်က single mother တစ် ယောက်ရဲ့ကားကို အနုကြမ်းစီးပြီးခိုင်းစေတာနဲ့ အနုကြမ်းစီးခံရသူက ဘယ်လို ထွက်ပြေးလွတ်မြောက်အောင်ကြိုးပမ်းမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။လော်ရိန်း ကယောက်ျားနဲ့ကွဲနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သားလေး ချက်ဒ် နဲ့အတူဘ၀ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတာပါ။ တစ်နေ့တော့ သူနဲ့သူ့သား လေးတို့ကားကို ရွိုင် လို့ခေါ်တဲ့ ဘဏ်ဓားပြတစ်ယောက်က အနုကြမ်းစီးပါတော့ တယ်။ ရွိုင် ကလော်ရိန်းကိုခြိမ်းခြောက်ပြီး သူသွားချင်တဲ့နေရာကိုပို့ခိုင်းတဲ့အခါ လော်ရိန်း တစ်ယောက်သန်မာတဲ့မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်လွတ် မြောက်မလဲဆိုတာ ရပ်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.63 GB) / (684 MB) Quality...........BLU-RAY 1080p / 720p Duration........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator......Theo Katt Encoder..........SWM
movie
Carjacked (2011)
2011
6.9
The Majestic (2001)
The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie
The Majestic (2001)
2001
6.5
Moving On(2022)
Moving On(2022)****************ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီးအိမ်ထောင်ကိုယ်စီကျသွားလို့ ဝေးသွားကြသူတွေပါ။ အဘွားအရွယ်ကိုရောက် မြေးတွေရလို့ရနဲ့ ဘဝရဲ့သက်တမ်းအတော်များများကိုဖြတ်သန်းပြီးခဲ့ကြပါပြီ။ ဒီလိုနဲ့ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့အသုဘကိုလာရင်း လေဒီကြီးနှစ်ယောက်ပြန်ဆုံစည်းမိကြပါလေရော။ ဇာတ်လမ်းကခုမှစမှာပါ။ သူတို့ဒီအသုဘကို လာခဲ့တာက အခြားရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီနဲ့ပါ။ ပြောရရင် ကလဲရာဟာ ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူနဲ့က ရန်ကြွေးတွေရှိလို့ အသေသတ်ဖို့ကြံနေတာပါ။ အက်ဗ်လင်းကလည်း ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူကိုမကြည်တဲ့အကြောင်းရှိလို့ ကလဲရာကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့တဲ့ သူတို့ကြားက ရန်ငြိုးကဘာဖြစ်မလဲ၊လေဒီကြီးနှစ်ယောက်ကရော ဘယ်လိုအတူတကွပူပေါင်းလုပ်ကြံမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comdedyဇာတ်ကားလေးဖြစ်ပါတယ်။File Size :(1.4GB) and (521MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Moving On(2022)
Nobody’s Fool (1994)
ဇာတ်လမ်းအကျဥ်းကတော့ Donald Sullivan(Sully) ဆိုတဲ့အဘိုးကြီးက သူ့သူငယ်ချင်းRubအတူ Carl Roebuckရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပါတယ်။ အလုပ်လုပ်တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအတွက်တရားရုံးကတစ်ဆင့်Carlဆီကလျော်ကြေးကိုလည်းခြေထောက်တစ်ဖက်ပဲရှိတဲ့ရှေ့နေသူငယ်ချင်းနဲ့တောင်းကြတာငြင်းခံရတယ်။ သူ့ရဲ့သားPeterတို့မိသားစုကိုပြန်တွေ့တော့ သူ့မိန်းမနဲ့သားကိုထားခဲ့တဲ့Sullyအတွက် မထင်မှတ်ထားတဲ့တာဝန်တွေကိုကြုံလာရပါတော့တယ်။ အဲ့တစ်ချိန်ထဲမှာပဲ သူ့အိမ်ရှင်အမျိုးသမီးBerylရဲ့သားကSullyကိုအိမ်မှာဆက်မထားဖို့ သူ့အမေကိုတွန်းအားပေးတဲ့အခါ Sullyဘယ်လိုဖြေရှင်းမလဲ Carlရဲ့မိန်းမကိုကြုံရင်ကြုံသလိုအီစီကလီလုပ်ရင်း Carlနဲ့တစ်ယောက်တစ်လှည့်ဘယ်လိုအနိုင်ယူကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရမယ့်ကားလေးပါ ဒီကားလေးကအော်စကာနှစ်ဆုအပြင်တခြားဆုပေါင်းများစွာအတွက်လည်းNominationဝင်ထားပါတယ် ဒီဇာတ်ကားရဲ့Directorနဲ့Screenplayကတော့ Kramer vs. Kramer(1979)နဲ့ ScreenplayရောDirectorရော အော်စကာရခဲ့တဲ့Robert Bentonပါ။ ဒါ့အပြင်Bonnie and Clyde(1967)နဲ့Superman(1978)အတွက်ရောတွဲဖက်ရေးပေးခဲ့ပါသေးတယ်။ Sully အနေနဲ့ကတော့အော်စကာဆုရှင်မင်းသားကြီးPaul Newmanနဲ့ Berylနေရာမှာတော့အော်စကာဆုရှင်မင်းသမီးကြီးJessica Tandy၊ Carlအနေနဲ့ကတော့လူတိုင်းသိတဲ့Bruce Willisကသရုပ်ဆောင်ထားပေးပါတယ်။ Sullyရဲ့သားPeterနေရာမှာတော့Superman & Lois မှာ Sam Laneအနေနဲ့သရုပ်ဆောင်တဲ့ Dylan Walshပါ။File size…(1.9 GB)/(1.1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha
movie
Nobody’s Fool (1994)
6.2
[17+] Blonde (2022)
Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie
[17+] Blonde (2022)
2022
7.7
21 Grams (2003)
21 Grams ( 2003 ) ------------------------ Directed by Alejandro G. Iñárritu IMDb Rating - 7.7/1021 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ...
movie
21 Grams (2003)