Channel Myanmar

Catherine Combs

Touched with Fire (2015) 6.2
Touched with Fire (2015)  Touched with Fire ဟာ 2015 ခုနှစ်ကထွက်ရှိထားတဲ့အမေရိကန်ဒရာမာဇာတ်ကား‌ကောင်းဖြစ်ပြီး ဒါရိုက်တာPaul Dalio က ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ စိတ်ကျန်းမာရေးဆေးရုံမှာဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့ ကဗျာဆရာနဲ့ကဗျာဆရာမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနဲ့ စာပေရေးသားဖန်တီးခြင်းကို ဝါသနာထုံပြီး ကဗျာပါရမီကောင်းကြပေမဲ့တဖက်မှာလည်း စိတ်ကြွစိတ်ကျ အစွန်းနှစ်ဖက်ရှိတဲ့Bipolar စိတ်ရောဂါခံစားနေရတဲ့ စိတ်ဝေဒနာရှင်တွေဖြစ်ပါတယ်။မာကိုနဲ့ ကာလာတို့နှစ်ဦးဟာ အဖွဲ့လိုက်ကုထုံးခံယူမှုမှာတယောက်ကိုတယောက် စသတိထားမိခဲ့ကြပြီးတော့တဖြည်းဖြည်းနဲ့ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ မိသားစုနဲ့ ဆရာဝန်ရဲ့ အကြံပေးစကားတွေကိုပါဆန့်ကျင်ပြီး သူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝတခုတည်ဆောက်ဖို့ကြိုးစားကြပုံကို ရင်ဖိုလှိုက်မောစွာ ကြည့်ရှုခံစားကြရမှာပါ။ File size…1.62GB / 759MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Touched with Fire (2015)

The Blind Side (2009) 7.7
The Blind Side (2009) The Blind Side (2009)IMDb Rating (7.7) / Rotten Tomatoes (66%)မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့်အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့်မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes
movie

The Blind Side (2009)

2009
1080p HEVC