Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Catalina Sandino Moreno
5.0
Magic Magic (2013)
Magic Magic (2013) IMDb: 5.0/10 Rotten Tomatoes: 68%Magic Magic ဟာ ၂၀၁၃ ခုနှစ်ထွက်ကြည့်ပျော်ရှုပျော်ရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။အရမ်းကြီးလည်းမကောင်းသလို အရမ်းကြီးလည်းမဆိုးပါဘူး။ဇာတ်ညွှန်း အလီစီယာ ဟာ ဆာရာရဲ့ ညီမဝမ်းကွဲဖြစ်ပါတယ်။ ဆာရာ ဟာ သူ(မ)သူငယ်ချင်းတွေနဲ့ချီလီတောင်ပိုင်းဘက်ကိုအလည်အပတ်ထွက်ဖို့ လုပ်ခဲ့ပါတယ်။ အဲလိုမျိုးထွက်တာကိုအလီစီယာကိုပါခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာရာ ဟာ ကိစ္စတစ်ခုကြောင့်ခရီးတစ်ဝက်မှာနောက်ပြန်လှည့်ပြီး နောက်နေ့မှလိုက်လာခဲ့မယ်လို့ပြောခဲ့ပါတယ်။အဲဒါကြောင့် အလီစီယာဟာတစ်ယောက်တည်း အရင်ပါသွားခဲ့ပါတယ်။စစချင်းမှာ အလီစီယာကနည်းနည်းထူးဆန်းနေခဲ့ပါတယ်။ ဒါကိုဘယ်သူမှမသိခဲ့ပါဘူး။ဒါပေမယ့်လည်း ကြာလာလေလေ အလီစီယာက ထူးဆန်းလေလေဖြစ်လာခဲ့ပါတယ်။ဘာတွေဆက်ဖြစ်မှာလည်းဆိုတာကိုတော့ကြည့်လိုက်ကြပါ။ File size… 1.4 GB / 737 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie
Magic Magic (2013)
7.4
Maria Full of Grace (2004)
IMDB 7.4 ရရှိထားတဲ့ ကိုလံဘီယာဘတ်ဂျတ်ရုပ်ရှင်တစ်ကားပါ။ဘတ်ဂျတ်ရုပ်ရှင်ဆိုပေမဲ့ သရုပ်ဆောင်ချက်တွေက လက်ဖျားခါစရာပါပဲ။ [ဇာတ်လမ်းအကျဉ်း]ကိုလံဘီယာက အမှီအခိုကင်းပြီး စိတ်ဓာတ်ပြင်းတဲ့ ၁၇ နှစ်အရွယ်မာရီယာဟာ ထိုက်သင့်သလောက် လခမရတဲ့ပန်းထုပ်ပိုးတဲ့အလုပ်မှာ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။သူ့ရဲ့ဘဝက အသုံးမကျတဲ့ရည်းစား ဝမ်ကြောင့် စိတ်ပျက်စရာကောင်းသလိုမျှော်လင့်မထားဘဲ ကိုယ်ဝန်ရသွားပြီး အလုပ်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေလို့အလုပ်ထွက်လိုက်ပြီးတဲ့နောက်မှာ ပိုဆိုးလာတော့တယ်။အစ်မနဲ့အမေဖြစ်သူရဲ့ ဖိအားကြောင့်ရော ငွေကြေးအခက်အခဲရောကြောင့်မာရီယာဟာ မူးယစ်ဆေးတို့လိုမျိုး တရားမဝင်ပစ္စည်းတွေပို့ဆောင်ပေးတဲ့ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ အမေရိကားကိုသွားရတဲ့ သူ့ရဲ့ပထမဆုံးပို့ဆောင်မှုမှာတင်အခြေအနေက ထင်သလိုဖြစ်မလာခဲ့ဘဲ အဆိုးဘက်ကိုပဲဆက်သွားနေတဲ့အခါ နောက်ဆုံးမှာ မာရီယာနဲ့ သူ့ကလေးဟာဘေးကင်းတဲ့အနာဂတ်တစ်ခု ရလာနိုင်မလားဆိုတာကိုတော့... File size… 2 GB / 958 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ..... Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Maria Full of Grace (2004)
2004
5.8
[18+] Silent Night (2023)
Silent Night (2023) ==============မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီး အသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကို လိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။ Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူး။R rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။ ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။ မင်းသားကတော့ Suicide Squad ထဲက Joel Kinnaman ပါပဲ။ (သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များ နဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(7.52 GB) / (2.34 GB) / (816 MB) Quality............WEB-DL 4K / 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Mr.Anderson Encoder..........SWM / Ka Naung
movie
[18+] Silent Night (2023)
2023
4K HEVC
7
A Most Violent Year (2014)
A Most Violent Year (2014)အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size : 923MB, 387MB, 240MB Quality ...
movie
A Most Violent Year (2014)
2014
5.0
The Twilight Saga: Eclipse (2010)
စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ...
movie
The Twilight Saga: Eclipse (2010)
2010
1080p HEVC
5.4
Barbarians (2021)
Game of Thrones ထဲက ဂွေးဖြတ်ကောင် ရမ်ဆေးဘော်တန်တဖြစ်လဲ ဝေးလ်မင်းသား Iwan Rheon ကို မြင်တာနဲ့တန်းမှတ်မိအောင် အမြင်ကပ်နေကြမှာပါ... သူ့ဇာတ်ကားတွေက ရှားပါးပေမယ့် ခုရက်ထဲ ဒီကားအသစ်ထွက်လာလို့ တင်ဆက်လိုက်ပါတယ်။ဒီထဲလဲ အမြင်ကပ်စရာအခွက်နဲ့ပါပဲ။တစ်ရက်ထဲ၊တစ်ညထဲ ဒါမှမဟုတ်အချိန်ပိုင်းလေးတစ်ခုကိုပဲတည်ပြီး တစ်ကားလုံးပြီးအောင်ရိုက်ပြသွားတဲ့ ကားမျိုးတွေကိုကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခါဇာတ်ကားကလည်း အိမ်ကြီးတစ်အိမ်မှာ စုံတွဲနှစ်တွဲရဲ့တစ်ညတာကို တစ်ကားလုံးဖြစ်အောင်ရိုက်ပြသွားတဲ့ Drama/Thriller ကားတစ်ကားပါ။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ကျွန်တော်တို့ Documentary တွေမှာမြင်ဖူးနေကျ Stonehenge တွေလိုမျိုး ခေတ်အဆက်ဆက်ပါးစပ်ရာဇဝင်တွေ၊ဒဏ္ဍာရီတွေရှိခဲ့တဲ့ ဂေတာဆိုတဲ့ကျောက်တိုင်ကြီးတစ်ခုရှိပါတယ်။ အဲဒီကျောက်တိုင်ကိုလူးကပ်စ်ဆိုတဲ့လူကသူ့မိတ်ဆွေ ကမ္ဘာကျော်ပန်းပုပညာရှင်နဲ့ပုံစံတူတစ်ခုအပ်ပြီး ကျောက်တိုင်နာမည်နဲ့ပဲ အိမ်ယာစီမံကိန်းတစ်ခုကိုဖော်ဆောင်ဖို့စိတ်ကူးခဲ့ပါတယ်။ အဲဒီစီမံကိန်းကတကယ်လည်းအောင်မြင်ခဲ့ပေမယ့် နောက်ကွယ်မှာတော့ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ဇာတ်ကားရဲ့ Runtime ဟာ တစ်နာရီခွဲသာရှိပြီး အကျယ်ချဲ့ရိုက်ပြလို့ရတဲ့နေရာတွေကိုရိုက်ပြမသွားပဲ ဇာတ်ကောင်တွေရဲ့ဒိုင်ယာလော့ဂ်တွေ အမူအရာတွေကနေပဲ ဒါကဒီလိုပါလားလို့ ကြည့်ရှုသူကိုယ်တိုင်တွေးစရာတွေဆက်တိုက်ပေးသွားတာမျိုးပါ။ Runtime နည်းပေမယ့် အလောတကြီးပြွတ်သိပ်ထည့်ပေးသွားတာမျိုးမဟုတ်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရဒီဇာတ်ကားရဲ့အကောင်းဆုံးအချက်တွေကိုပြောပါဆိုရင် ဘယ်နေရာမှအိုဗာအိုက်တင်ဖြစ်မနေတာ၊ Thriller ဆိုပေမယ့်သဘာဝမဆန်လောက်အောင်ဖြဲခြောက်တာမျိုးတွေပါမနေတာပါပဲ။ ကျစ်လစ်တယ်၊ သဘာဝကျတယ်ပေါ့ဗျာ။ အတိုင်းထက်အလွန်အမွှန်းတင်ရလောက်အောင် ပြောင်မြောက်တဲ့ဇာတ်ကားမျိုးမဟုတ်ပေမယ့်လည်း အချိန်တစ်နာရီခွဲပေးရကျိုးနပ်မယ့်ကားမျိုးဆိုတာတော့အာမခံပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို ...
movie
Barbarians (2021)
6.9
Che: Part Two (2008)
Che: Part Two (2008)__________IMDb - 6.9/10 [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....) (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ...
movie
Che: Part Two (2008)
7.2
Che: Part One (2008)
Che: Part One(2008)__________IMDb - 7.2/10 [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....) (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး ...
movie
Che: Part One (2008)
5.5
The Quarry(2020)
The Quarry(2020)ရာဇဝတ်မှုတွေကနေထွက်ပြေးလာတဲ့ အပြစ်သားတစ်ယောက်ဟာလမ်းမှာအစာရေစာပြတ်လတ်ခေါင်းပါးမှုနဲ့ကြုံတွေ့နေတုန်း ခရီးသွားနေတဲ့တရားပြဆရာတစ်ယောက်ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပါတယ် တရားပြဆရာဟာအပြစ်သားကိုရိပ်မိခဲ့ပြီး အပြစ်တွေဝန်ခံဖို့ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကိုခံယူဖို့ ဖြောင်းဖြခဲ့ပါတယ်..ဒါပေမယ့်လဲ အပြစ်သားဟာ မလုပ်သင့်တဲ့ ပြဿနာအကြီးကြီးကိုလုပ်ခဲ့မိတယ်....ဒီပြဿနာကြီးလုပ်ခဲ့ပြီးတော့ နည်းလမ်းတစ်မျိုးနဲ့ရှင်သန်နေထိုင်ဖို့ကြိုးစားပါတော့တယ်...သူလုပ်ခဲ့တဲ့ ပြဿနာကြီးက ဘာများဖြစ်မလဲ...ဘယ်လိုရှင်သန်နေထိုင်ဖို့ကြိုးစားမှာလဲ...ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါFile Size : (900 MB) and (460 MB) Quality : Blu-Ray 720p Format…mp4 Duration…01:38:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
The Quarry(2020)