Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Caspar Phillipson
5.2
Antboy: Revenge of the Red Fury (2014)
Antboy : Revenge of the red fury ဟာ 2014 မှာထွက်ရှိထားတဲ့ဒုတိယမြောက် Antboy ကားလေးဖြစ်ပါတယ်။IMDb 5.2 ရရှိထားပြီးတော့ Family/Adventure အမျိုးအစားလေးဖြစ်ပါတယ်။Rotten tomatoes ကလည်း 52% ရှိတာမို့ ကြည့်ပျော်တဲ့ ဇာတ်ကားလေးပါ။antboy 2 မှာ အမွှာနှစ်ယောက်က ဗီလိန်အနေနဲ့ပါဝင်ထားတာပါ။ပီလီကို မုန်းတီးကြတဲ့ အမွှာနှစ်ယောက်ဟာ ရက်ဖျူရီနဲ့ပေါင်းပြီးဘယ်လို တိုက်လိုက်ကြမလဲ၊ Antboy ကရော သူတို့ကိုဘယ်လိုပြန်လည်တိုက်ခိုက်မလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။ File size… 1.4 GB / 718 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie
Antboy: Revenge of the Red Fury (2014)
5.2
Antboy (2013)
Antboy 2013 ဇာတ်ကားလေးဟာ IMDb 5.1 ရရှိထားတဲ့ဒိန်းမတ် နိုင်ငံထုတ် ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။Family/ adventure အမျိုးအစားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရအဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပီလီဆိုတဲ့ သာမန်ကောင်လေးဟာထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောက် အကိုက်ခံရပြီးစူပါစွမ်းအားတွေရရှိလာခဲ့ပါတယ်။သူဟာ Antboy အနေနဲ့ စူပါဟီးရိုးဘဝကို လျှို့ဝှက်စွာခံယူပြီးဗီလိန်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။မိသားစုလိုက် ကြည့်ရှုဖို့သင့်တော်တဲ့ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ် File size… 1.7 GB / 788 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie
Antboy (2013)
The Girl in the Trunk (2024)
အဝေးပြေးလမ်းမပေါ်က ထရပ်ကားတစ်စီးအထဲမှာ ပိတ်မိနေတဲ့သတိုသမီး၀တ်စုံနဲ့ကောင်မလေးတစ်ယောက် ၊ ဖုန်းတစ်လုံး နဲ့ ပြန်ပေးဆွဲသူ။ကာယကံရှင်ဖြစ်သူ အမန်ဒါအနေနဲ့လွှတ်မြောက်ဖို့ပြန်ပေးဆွဲသမားရဲ့ ကစားပွဲကိုလိုက်ပါကစားပေးဖို့လိုအပ်လာတဲ့အခါ။အတိတ် နဲ့ ပစ္စုပ္ပန် နှစ်ခုလုံးဆီကလွှတ်မြောက်ဖို့ကြိုးစားနေတဲ့ အမန်ဒါ။ သူမလိုအပ်နေတာကိုကိုရှာဖွေသွားနိုင်မလားဆိုတာ... အညွှန်းနဲ့ဘာသာပြန်ကတော့ Yanni ဖြစ်ပါတယ်File size…(1.3 GB)/(657 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing
movie
The Girl in the Trunk (2024)
7.7
Mission: Impossible – Fallout (2018)
Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie
Mission: Impossible – Fallout (2018)
2018
4K HEVC IMAX
7.2
Flame & Citron (2008)
Flame & Citron (2008)ဒုတိယကမ္ဘာစစ်ကိုနောက်ခံထားပြီးတော့ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဗင့်နဲ့ ဂျော်ဂျန်က ဒတ်ချ်တော်လှန်ရေးအတွက် နာဇီပူးပေါင်းဆောင်ရွက်သူတွေကို ရှင်းပစ်ရတဲ့အလုပ်ကို တာဝန်ယူရတဲ့သူတွေပါ။သူတို့ရှင်းပစ်ရမယ့်သားကောင်တွေကို အက်ဆယ် ဝင်သာဆိုတဲ့မဟာမိတ်ခေါင်းဆောင်က သတ်မှတ်ပေးတာပါ။ဒါပေမဲ့ အချို့အကြောင်းအရင်းတွေကြောင့် ဝင်သာကို သူတို့သံသယရှိလာကြတဲ့အခါ အကြောင်းအရာတွေက ပိုရှုပ်ထွေးလာပါတယ်။ဒါ့အပြင် ဗင့်က ကတ်တီဆယ်မာဆိုတဲ့မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားပေမဲ့ ကတ်တီကလည်းနိုင်ငံရေးအရှုပ်အရှင်းတွေမှာပါဝင်ပတ်သက်နေတဲ့သူဖြစ်နေပါတယ်။ဒီရှုပ်ထွေးမှုတွေအကုန်လုံးကို ဗင့်နဲ့ဂျော်ဂျန်တို့နှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှုရမယ့်ဇာတ်ကားပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size : 2GB, 767MB, 429MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration ...
movie
Flame & Citron (2008)
2008
6.2
[17+] Blonde (2022)
Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie
[17+] Blonde (2022)
2022
5.9
The Match (2021)
The Match (2021) ====================1944 ခုနှစ် နွေဦးကာလမှာ ထောင်စခန်းက အကျဉ်းသားတွေနဲ့ နာဇီလက်ရွေးစင်အသင်းတို့ ဘောလုံးပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန် အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းကဘယ်လိုလဲဆိုရင် ဘရန်ကို ဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူငယ်ငယ်က ဆုံခဲ့ဖူးတဲ့ လက်စ်ဇလို ဆိုတဲ့ နာမည်ကြီး ဟန်ဂေရီ ဘောလုံး သမား အကြောင်းကို သူ့မြေးလေးကို ပြောပြနေတဲ့ narrative ဆန်ဆန်ပုံစံ လေးပေါ့။ လက်စ်ဇလိုက နာဇီတွေကို ဘောပွဲတစ်ပွဲမှာ အနိုင်ပိုင်းခဲ့ဖူးတော့ နာဇီတွေက သူ့ကိုတင်းနေတာ၊ အဲတာနဲ့ ညနေခင်းတစ်ခုမှာ နာဇီတွေက သူရောက်နေတဲ့ စားသောက်ဆိုင်ရောက်လာပြီး သူတို့ သိက္ခာပြန်ဆယ်ဖို့အတွက် အလောင်းကစားလုပ်ဖို့ပြောတယ်။ ဇာတ်လိုက်မင်းသားကလည်း ခပ်မာမာနဲ့ ငြင်းလွှတ်လိုက်တော့ သူ့ကို နာဇီတွေက သူ့တို့စခန်းထဲဖမ်းခေါ်သွားရော နောက်ကျတော့ ဗိုလ်မှူးတစ်ယောက်က သူနဲ့ နာဇီတွေနဲ့ ဘောလုံးထပ်ကန်ခိုင်း ဖို့အတွက် အပေးအယူတစ်ခုလုပ်လိုက်ပြီး၊ အဲဲဒီနောက် လက်စ်ဇလိုက စခန်းတွေမှာ လူတွေလိုက်စု အပြင်းအထန်လေ့ကျင့်ပြီး နာဇီတွေကိုထပ်ပြီး အနိုင်ပိုင်းနိုင်မလား ဆိုတာကိုတော့ အဘိုးဘရန်ကို ရဲ့ မြေးလေးနဲ့အတူ ဆက်လက်နားထောင်ပေးလိုက် ပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ...
movie
The Match (2021)
7.3
The Shadow in My Eye (2022)
The Bombardment (or) The Shadow in My Eye (2022)======================================IMDb Rating - 7.3/10ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေက ဒိန်းမတ်ကို သိမ်းပိုက်ထားခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်ဝင်လေတပ်က နာဇီတွေရဲ့ လျှို့ဝှက်နိုင်ငံရေးရဲတပ်ဖွဲ့ ဂတ်စတာပိုရဲ့ ဒိန်းမတ်ဌာနချုပ်ကို ဗုံးကြဲဖို့ လုပ်ခဲ့ပါတယ်။ အဲဒီဌာနချုပ်ဟာ ကိုပင်ဟေဂင်မြို့လယ်ကြီးမှာ ရှိနေပြီး၊ ထပ်ခိုးမှာ ဂျာမနီတွေကိုတော်လှန်ဖို့ လုပ်နေတဲ့ ဒိန်းမတ်အတိုက်အခံ အဖွဲ့၀င်တွေကို ဖမ်းထားပြီး လူသားဒိုင်းကာအနေနဲ့ ထားထားပါတယ်။ ဒီဌာနချုပ်ကို ဗုံးကြဲရင် သူ့လူတွေပါ သေမှာသိပေမဲ့ ဒိန်းမတ်က ဂျာမန် တော်လှန်ရေးသမားတွေက ကြာရင် သူတို့အင်အားစုတစ်ခုလုံးကို ဂျာမန်တွေ ချေမှုန်းနိုင်တော့မှာ ဖြစ်တာကြောင့် ဗြိတိန်ဘက်ကို ထပ်ခါထပ်ခါ တောင်းဆိုခဲ့ ပါတယ်။ဒီလိုနဲ့ ၁၉၄၅ မတ်လ ၂၁မှာ ဗြိတိန်တော်၀င်လေတပ်က Operation Carthage ခေါ် ဂတ်စတာပိုဌာနချုပ်ကို ဗုံးကြဲဖို့ စစ်ဆင်ရေးကို လုပ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေး အောင်မြင်ခဲ့သလို အဖမ်းခံရတဲ့ အကျဉ်းသားတွေလည်းလွတ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီစစ်ဆင်ရေးဟာ ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုကိုပါ ဖြစ်ပေါ်စေခဲ့တာပါပဲ။ ဗြိတိန်တိုက်လေယာဉ်တွေဟာ ...
movie
The Shadow in My Eye (2022)
2021
6.7
Jackie (2016)
Jackie (2016) IMDb - 6.7/10_____Rotten - 87% ကျွန်တော် La La Land ဇာတ်ကားကို ပိုကြိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ ယခု Jackie ဇာတ်ကားထဲက Natalie Portman သရုပ်ဆောင်ခဲ့တာ Emma Stone ထက် အဆများစွာ သာခဲ့တယ်။ ယခုဇာတ်ကားကိုလည်း ရုံမှာကြည့်ဖို့မစောင့်နိုင်တော့တဲ့အတွက် SD version လေးပဲကြည့်ခဲ့ရတယ်။ သမိုင်းမှာ America ရဲ့နာမည်ကျော် သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ John F. Kennedy ရဲ့ အမျိုးသမီးဖြစ်သူ Jacqueline Kennedy Onassis ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Biographical ရုပ်ရှင်ဇာတ်ကားဆိုပေမဲ့ တစ်ခြားဇာတ်ကားတွေနဲ့ကွာခြားတာတစ်ခုက ယခုဇာတ်ကားက ခင်ပွန်းဖြစ်သူလုပ်ကြံခံရပြီးတဲ့နောက်ပိုင်း နေ့ရက်တွေက သူမရဲ့ဘဝကို ပိုမိုအာရုံထားပြီး တင်ပြထားတာပဲ။ ထို့အတွက်ကြောင့်လည်း ယခုဇာတ်ကားဟာ ပိုမိုလေးနက်တယ်လို့ခံစားခဲ့ရတယ်။ Natalie Portman ရဲ့ သရုပ်ဆောင်ကွက်တွေကို ...
movie
Jackie (2016)
2016