Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Carolyn Walker
6.5
Janet Planet (2023)
ဒီတစ်ခေါက်မှာတော့ မိုးအေးအေးလေးနဲ့ ကော်ဖီတစ်ခွက်ဘေးချပြီးတွေးလို့ကောင်းမဲ့ A24 film တစ်ခုကိုတင်ဆက်ပေးပါရစေ။ပထမဆုံးအနေနဲ့ ဒီရုပ်ရှင်ဟာ အတွေးဒဿနကိုဦးစားပေးတာဖြစ်တဲ့အတွက် ဇာတ်လမ်းအသွားအလာ တည်ငြိမ်ကြောင်းကိုကြိုတင်အသိပေးပါစေ။ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ Title ထဲကအတိုင်းဂျဲနက်ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ ဂျဲနက်မှာ ၁၁နှစ်အရွယ်သမီးလေး တစ်ယောက်ရှိပြီး သားအမိနှစ်ယောက်တူတူနေထိုင်ကြပါတယ်။ အဲဒါကို ဂျဲနက်ရဲ့ ကမ္ဘာလေး (Janet Planet) လို့တင်စားထားတာမျိုးပါ။ရုပ်ရှင်ထဲမှာ ဇာတ်လမ်းကို ၃ ပိုင်း ခွဲခြားထားပြီး ဂျဲနက်ရဲ့ကမ္ဘာလေးထဲကို ဧည့်သည် ၃ယောက်အလည်လာခဲ့ပုံကို တစ်ပိုင်းစီရိုက်ပြထားပါတယ်။အဲဒီဧည့်သည်တွေကတော့ ဝိန်းဆိုတဲ့ ဂျဲနက်ရဲ့ရည်းစားရယ်၊ရက်ဂျီနာဆိုတဲ့ ဂျဲနက်ရဲ့သူငယ်ချင်းရယ်၊ ရက်ဂျီနာရဲ့ ရည်းစားဟောင်းအာဗီဆိုတဲ့လူရယ်ပါ။ သူတို့သုံးယောက်ဟာ တစ်ယောက်ကို စရိုက်တစ်မျိုးစီ၊ အခြေအနေတစ်မျိုးစီနဲ့ ဂျဲနက်ရဲ့ကမ္ဘာလေးထဲကိုတစ်လှည့်စီဝင်လာခဲ့ကြပါတယ်။အဲဒီဧည့်သည်တစ်ယောက်ချင်းစီနဲ့ ဂျဲနက်ရဲ့ စကားပြောခန်းလေးတွေဟာဒီရုပ်ရှင်ရဲ့ အနှစ်ပါပဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီးသွားရင် လူ့သဘောလူ့သဘာဝတွေ၊ နေ့စဉ်ဘဝအကြောင်းအရာတွေ၊ဘာသာရေးအကြောင်းတွေ၊ ဒဿနတွေ၊ အနုပညာတွေ စတဲ့အရာအားလုံးနဲ့ပတ်သတ်ပြီး မေးခွန်း ဒါမှမဟုတ် အတွေး တစ်ခုခုတော့စိတ်ထဲကျန်နေခဲ့မှာပါ။ဆိုတော့... ဒီရုပ်ရှင်ဟာ တည်ငြိမ်အေးဆေးပြီး အတွေးများစွာပေးနိုင်မဲ့ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…3.14GB ...
movie
Janet Planet (2023)
6.3
Major Payne (1995)
Major Payne (1995) Genre – Adventure, Comedy, Family IMDB – 6.3/10 မေဂျာပိန်းဆိုတာက အမေရိကန်စစ်တပ်က အားထားရတဲ့ အထူးရှယ် လူသတ်လက်နက်ကြီးပေါ့။ ဒါပေမဲ့ နောက်ထပ် စစ်မြေပြင်တွေ မရှိတော့တဲ့အခါမှာ မေဂျာပိန်းအတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတော့တယ်။ အရပ်သားဘဝနဲ့ ကြိုးစားနေကြည့်တော့လည်း အဆင်မပြေမှုပေါင်းများစွာနဲ့ ဖြတ်သန်းနေရရော။ ဒီလိုနဲ့ အထက်အရာရှိကို တောင်းပန်ပြီး စစ်တပ်နဲ့ သက်ဆိုင်ရာ အသတ်အဖြတ်အလုပ်လေး တောင်းကြည့်တော့ အကယ်ဒမီကျောင်းတစ်ခုက ပရိုဂရမ်နဲ့ ဗိုလ်လောင်းလေးတွေကို နည်းပြလုပ်ရမယ်ဆိုပြီး အလုပ်တစ်ခု ရသွားခဲ့တယ်။ ဖြစ်ချင်တော့ ဗိုလ်လောင်းတွေဆိုတာက တကယ့်ကို နှပ်ချေးတွဲလောင်း ၆ နှစ်သားလောက်ကစပြီး ဆယ်ကျော်သက်အရွယ်ထိ အရွယ်စုံ လူစုံ ပေါင်းစုံ စုဝေးထားတဲ့ မျှော်လင့်ချက်မဲ့ ဗရုတ်သုတ်ခ ကလေးတစ်သိုက် ဖြစ်နေပါတယ်။ အဲဒီမှာတင် စည်းကမ်းတင်းကြပ်လွန်းတဲ့ မေဂျာပိန်းတစ်ယောက် ကလေးတစ်သိုက်ကို ဘယ်လိုတွေ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားမလဲ၊ အကြံပေးဆရာမလေးရဲ့ အကူအညီကို ဘယ်လိုယူပြီး ပြောင်းလဲသွားမလဲ၊ သံမဏိစိတ်ဓာတ်နဲ့ အသည်းမာတဲ့ မေဂျာပိန်းတစ်ယောက် သူ့တပ်ဖွဲ့မှာ ဘုနဲ့ဘောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ၉၀ ခုနှစ် ကာလရဲ့ မိသားစု ဟာသကားလေးပဲ ဖြစ်ပါတယ်။ File size… ...
movie
Major Payne (1995)
1995