Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Caroline Rhea
Christmas with the Kranks (2004)
ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Christmas with the Kranks (2004)
7.4
Man on the Moon (1999)
Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ "အဆိုအကလူကြီး" လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင် တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။ File size…2.8GB / 1GB Quality…1080p ...
movie
Man on the Moon (1999)
1999
7.5
Phineas and Ferb – The Movie: Candace Against the Universe (2020)
အခုတစ်ခါတင်ဆက်ပေးချင်တဲ့ကားလေးကတော့Animationချစ်သူတွေအကြိုက်တွေ့စေမယ့်Disneyဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်နော်..2020 Augထဲပဲထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးပဲပါ..ဒီဇာတ်လမ်းလေးထဲမှာPhineasနဲ့ferbညီအစ်ကိုအပြင်Perry the platypusနဲ့Danville gangတွေစုမိပြီးဂြိုဟ်သားတွေဆီကနေအစ်မCandaceကိုသွားကယ်မယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်နော်...Phineas and Ferb seriesကိုမှဒုတိယအခေါက်ပြန်ရိုက်ထားတဲ့Movieလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားထဲမှာဆိုရင်Phineas နဲ့Ferbတို့ကအရမ်းကိုမှပေါက်ကရလုပ်ဆော့နေကျဉာဏ်ကြီးရှင်လေးတွေပေါ့နော်သူတို့ရဲ့အစ်မCandaceကတော့သာမန်ကောင်မလေးပေါ့Candaceကသူ့မောင်တွေကိုစိတ်အနှောက်အယှက်ဖြစ်တယ်လို့ထင်နေကျ....ဘာလို့ဆိုသူကသူ့မောင်လေးတွေလိုထူးခြားတဲ့လူမျိုးမဟုတ်လို့တဲ့...အစ်မCandaceကိုဘာလို့ဂြိုဟ်သားတွေဖမ်းခေါ်သွားတာလဲ..?ဘယ်လိုတွေပြန်ကယ်ကြမလဲ?ဆိုတာကိုIMDB7.5 ratingတောင်ရထားတဲ့ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားပေးကြပါဦးနော် File Size : ( 787 MB , 339 MB) Quality : WEBRip 720p Running Time : 1 hr 26 min Format : Mp4 Genre : Animation , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyo Khaing Encoded by Moe Myint Lwin
movie
Phineas and Ferb – The Movie: Candace Against the Universe (2020)