Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Caroline Proust
Marinette (2023)
CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin
movie
Marinette (2023)
5.3
Scorpion (2007)
Scorpion (2007) ============="ရန်သူတစ်သိန်းကို အနိုင်ရတာထက်ကိုယ့်စိတ်ကိုယ် အနိုင်ရတာကပိုပြီး အောင်မြင်မှုကြီးတယ်"တဲ့။ စိတ် လေးတစ်ချက်မထိန်းနိုင်လိုက်တဲ့ ခဏအတွင်း ပျက်စီး သွားတဲ့ဘဝတွေမနည်းဘူး။ ကွဲကွာသွားတဲ့ မိသားစုတွေ လည်း အများကြီးပဲ။အခုလည်းပဲ လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ် ချင်လွန်းလို့ အရာအားလုံးပုံအောပြီး အသေလဲကြိုးစား ခဲ့ပြီးမှ စိတ်လေးတစ်ချက်မထိန်းနိုင်လိုက်လို့ ထောင်ထဲမှာ ခြောက်နှစ်လောက်သွားနေလိုက်ရတဲ့ အန်ဂျလိုဆိုတဲ့အရွယ် ကောင်း လက်ဝှေ့သမားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို ကြည့်ရမှာဖြစ်ပါတယ်။ သူထောင်ကပြန်ထွက်လာတဲ့အခါ တလွဲတွေအပြည့်နဲ့ ဒုစရိုက်လောကကြီးထဲမှာ မငယ်တော့ တဲ့ သူ့အသက်အရွယ်နဲ့ သူ့အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ပါဦးမလားဆိုတာကို ဥပဒေမဲ့ လက်ဝှေ့ပွဲတွေနဲ့ အတူ ပြင်သစ်ဒုစရိုက်လောကနဲ့ပါယှဥ်တွဲပြီးကြည့်ရှုခံစားရမှာပါ။ မဆိုးလှတဲ့ဇာတ်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်)File Size..........(1.95 GB) / (854 MB) / (507 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Momo Encoder..........SWM
movie
Scorpion (2007)
2007