Channel Myanmar

Carlos Bardem

Assassin’s Creed (2016) 5.7
Assassin’s Creed (2016) Assassin's Creed (2016)ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin's Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin's Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် ...
movie

Assassin’s Creed (2016)

2016
4K HEVC
The Ministry of Ungentlemanly Warfare (2024) 7.3
The Ministry of Ungentlemanly Warfare (2024)    The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာလာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံးသေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီးဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်းအဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက်ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ...
movie

The Ministry of Ungentlemanly Warfare (2024)

2024
4K HEVC
Escobar: Paradise Lost (2014) 6.5
Escobar: Paradise Lost (2014) Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက်အချစ်နဲ့ အန္တရာယ်ကြားထဲကသည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကိုအသားပေး ဖော်ပြထားပါတယ်။ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson ကနစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတားJosh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူအလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်းမူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။အစပိုင်းမှာတော့ သူတို့အချစ်ရေးကအားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက်ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်..အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ ...
movie

Escobar: Paradise Lost (2014)

2014
Centauro (2022) 5.2
Centauro (2022) Centauro (2022) Centauro ဆိုတာ စပိန်လို မနုဿမြင်းကို ခေါ်တာပါ။ ရှင်းရှင်း‌ပြောရရင် လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါပေါ့။ မနုဿမြင်းတွေက နာမည်ကြီးတယ်ဗျ။ ရဲစွမ်းသတ္တိနဲ့ပြည့်ဝတယ်။ သန်မာတယ်။ အထူးခြားဆုံးကတော့ သေအောင် အပြေးမြန်တာပါပဲ။မနုဿမြင်းလို လူငယ်လေးတစ်ယောက်ရှိသတဲ့။ သူကတော့ မြင်းခွာတွေအစား ပြိုင်ဘီးတွေရှိတဲ့ ဆိုင်ကယ်သမားတစ်ယောက်ပေါ့။ မွေးကတည်းက ဆိုင်ကယ်ပြိုင်တဲ့နေရာမှာ ပါရမီပါလာတဲ့ လူငယ်လေးမလို တော်တော်များများက တန်းမျက်မှန်းတန်းမိကြတယ်။ဒီ‌ကောင်လေးတစ်ယောက် ချစ်နေဆဲဖြစ်တဲ့ ဇနီးဟောင်းနဲ့ သားလေး ဒုက္ခရောက်တဲ့အခါမှာတော့ သူကိုယ်တိုင် ဝင်ကယ်ဖိုဖြစ်လာပါတော့တယ်။ မူးယစ်ဂိုဏ်းနဲ့မှ သွားပတ်သက်မိတဲ့ကောင်မလေးရဲ့ အရှုပ်ကို ပြိုင်ဘီးတစ်စီးနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆိုင်ကယ်‌မောင်းတဲ့အကွက်တွေနဲ့ ဝှီးဝှီးဆိုပြီး ကြည့်ရမှာပါ။2016 ခုနှစ်က ထွက်ရှိထားတဲ့ Burn Out ဆိုတဲ့ဇာတ်လမ်းကို Remake ပြန်ရိုက်ထားတဲ့ Centauro ဆိုတဲ့ စပိန်ကားလေးကို ကြည့်ရှုခံစားကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 1.5GB, 654MB, 338MB Quality : 1080p ...
movie

Centauro (2022)

2022
Cell 211 (2009) 7.6
Cell 211 (2009) Cell 211 ဇာတ်လမ်းအညွှန်း********************၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား…တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...
movie

Cell 211 (2009)

2009
Che: Part Two (2008) 6.9
Che: Part Two (2008) Che: Part Two (2008)__________IMDb - 6.9/10   [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....)  (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ...
movie

Che: Part Two (2008)

Despite Everything (2019) 5.3
Despite Everything (2019) နယူးရော့ခ်မှာအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးအလုပ်တစ်ခုပဲအာရုံစိုက်ပြီး အချစ်ဟောင်းကိုမေ့ဖို့ကြိုးစားနေတဲ့ ဆယ်ရာပတ်ဝန်းကျင်ရဲ့စကားတွေကိုကြောက်တတ်ပြီးအိမ်ထောင်ရေးအဆင်မပြေမှုကိုမိသားစုကိုဖုံးကွယ်ထားတဲ့ ကလော်ဒီယာအနုပညာကိုဝါသနာပါပြီး ပန်းချီဆရာမတစ်ယောက်ဖြစ်တဲ့ Lesbian ဆိုဖီယာရည်းစားခပ်ရှုပ်ရှုပ်နဲ့ မိဘတွေကိုအရွဲ့တိုက်ပြီးရှင်သန်နေတဲ့ လူစီယာဒီညီအစ်မလေးယောက် တစ်ယောက်တစ်နေရာ တစ်ယောက်တစ်ဘဝစီရှင်သန်နေထိုင်ကြတယ်...တစ်နေ့မှာ မိခင်ဖြစ်သူဆုံးပါးကြောင်း အကြောင်းကြားခံရပြီး မွေးရပ်မြေကိုပြန်လာကြတယ်....မိခင်ဖြစ်သူရဲ့သေတမ်းစာမှာ သူမတို့လေးယောက်ရဲ့လက်ရှိအဖေဟာအဖေရင်းမဟုတ်ကြောင်း တစ်ယောက်စီမှာအဖေတစ်ယောက်စီရှိကြောင်း မှာကြားထားလို့...တစ်ယောက်ချင်းစီရဲ့အဖေတွေကိုရှာပုံတော်ဖွင့်ပွဲဆင်နွှဲမယ့် ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ် File Size : (735 MB , 240 MB ) Quality : WEB-DL 720p Running Time : 1 hr 18 min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Htoo Htoo Ka Joe Encoded by Moe Myint Lwinzawgyiနယူးရော့ခ်မှာအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးအလုပ်တစ်ခုပဲအာရုံစိုက်ပြီး အချစ်ဟောင်းကိုမေ့ဖို့ကြိုးစားနေတဲ့ ...
movie
