Channel Myanmar

Carlo Nell

Le Samouraï (1967) 8
Le Samouraï (1967) Le Samouraï (1967)~ IMDb - 8/10, Rotten Tomatoes - 100% ~Jean-Pierre Melville ဟာ ပြင်သစ်နယူးဝေ့ကို စတင်ခဲ့တဲ့ဒါရိုက်တာတချို့ရဲ့ စိတ်ကူးတွေမြစ်ဖျားခံရာဖြစ်သလို ပြင်သစ်နယူးဝေ့ရဲ့ အမြင်တွေပေါ်ပေါက်လာစေခဲ့တဲ့သူတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ဒါရိုက်တာစာရင်းမှာတော့ မထည့်ကြပေမဲ့ ပြင်သစ်နယူးဝေ့ရဲ့ Spiritual Father လို့ဆိုကြတယ်။ ပြင်သစ်နယူးဝေ့ထွက်ပေါ်လာတဲ့အထဲ သူ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ သူ့ရဲ့ Independence ဖြစ်တဲ့ တင်ပြပုံနဲ့ အတုလုပ်ထားတဲ့ရိုက်ကွင်းမသုံးဘဲ တကယ့်နေရာအစစ်မှာ ရိုက်ကူးခြင်းတွေကို နယူးဝေ့ဒါရိုက်တာတွေဟာ အတုယူခဲ့ကြတယ်။ ပြင်သစ်နယူးဝေ့ရဲ့ နာမည်အကျော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ဟာ ရိုက်ထားတာတွေကို တည်းဖြတ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့အချိန် Melville က ဂိုးဒတ်ကို သူဆို သူရိုက်ထားတဲ့ထဲက အကောင်းဆုံးအပိုင်းတွေကို ဖြတ်ယူလိုက်တာပဲလို့ ပြောပြခဲ့တယ်။ ဂိုးဒတ်ကလည်း အဲဒီနည်းကို နောက်ပိုင်းလည်း ဆက်တိုက်သုံးခဲ့တယ်။Melville ဟာ ...
movie

Le Samouraï (1967)

1967
(18+) The Margin (1976) 5.2
(18+) The Margin (1976) (18+) The Margin (La marge) (1976) IMDb - 5.2/10"အပြာရုပ်ရှင်ဒါရိုက်တာဖြစ်ခဲ့ရတဲ့ ပါရမီရှင်ကြီး"လို့တောင် သမုတ်ခြင်းခံရတဲ့ ဒါရိုက်တာကြီး Walerian Borowczykရဲ့ လက်ရာကောင်းတွေထဲက တစ်ကားပေါ့။ သူ့ခေတ်သူ့အခါမှာ ပြောင်မြောက်တဲ့ရိုက်ချက်တွေနဲ့ ထိထိမိမိတင်ပြတတ်သူမို့ ဒီဘက်ခေတ်အနုပညာရှင်တွေထိတောင် သူ့ကိုစံထားပြီး အတုယူရတယ်လို့ ဆိုကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချစ်စရာကောင်းတဲ့သားလေးနဲ့ ဇနီးချောလေးရယ်ကိုပိုင်ဆိုင်ထားတဲ့ ဆီဂီစ်မွန်တစ်ယောက် ပါရီမြို့ကြီးဆီကို အလုပ်ကိစ္စနဲ့သွားဖို့ဖြစ်လာပါတယ်။ အမြဲတမ်းစိတ်တူကိုယ်တူဖြစ်တဲ့ ဇနီးဖြစ်သူကို အတူခေါ်သွားချင်ပေမဲ့ သားလေးကိုပစ်ထားပြီး မလိုက်ချင်တာကြောင့် ဆီဂီစ်မွန်တစ်ယောက်တည်း ထွက်လာခဲ့ရပါတယ်။ ပါရီမြို့ကြီးက ညည့်ငှက်လေးတွေဆွဲဆောင်သမျှ ငြင်းပယ်ရင်း ဇနီးဖြစ်သူနဲ့တူတဲ့ အမျိုးသမီးလေးကို တွေ့တဲ့အခါမှာတော့ မရှောင်တိမ်းနိုင်တော့ဘဲ စွဲလန်းမိပါတော့တယ်။ ဒီမှာပဲ အိမ်မှာကျန်ခဲ့တဲ့သားမိနှစ်ယောက်ဆီက သတင်းဆိုးတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့...။(aungmo3han အညွှန်းရေး ဘာသာပြန်ထားပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.9GB | 878MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

(18+) The Margin (1976)

1976