Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Carl Ciarfalio
8.8
Fight Club (1999)
ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်...RT မှာ 79% ရထားတယ်။ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ်"ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ် တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။) File size…(8.3 GB)/(2.1 GB)/(1.1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:19:08 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated ...
movie
Fight Club (1999)
1999
4K HEVC
7.2
In the Line of Fire (1993)
In the Line of Fire (1993)~ IMDb - 7.2/10, Rotten Tomatoes - 96% ~ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတကနေဒီရဲ့ သက်တော်စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ ကနေဒီလုပ်ကြံခံရတဲ့အချိန် ...
movie
In the Line of Fire (1993)
1993
4.2
Species III(2004)
Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species 3 (2004) ဇာတ်လမ်းအကျဉ်း.... ဂြိုလ်သားတွေနဲ့လူသားတွေကြား တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေတဲ့တိုက်ပွဲတွေထဲက ကျန်ရှိနေတဲ့ ဂြိုလ်သားမျိုးကို စမ်းသပ်မွေးမြူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.5 GB)/(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:51:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Species III(2004)
1080p HEVC
6.7
Out of the Furnace(2013)
Out of the Furnace(2013)====================ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဘတ်မန်းမင်းသားကြီးChristian Bale ကိုဒီဇာတ်ကားမှာ အမေရိကန် စက်ရုံအလုပ်သမားအောက်ခြေလူတန်းစားတယောက်အဖြစ် မြင်တွေ့ရမှာပါ။ ထပ်မံပြီးတော့Manchester by the sea မင်းသား Casey Affleck နဲ့ Avatar မင်းသမီးZoe Saldaña တို့လဲ ပါဝင်ထားတာမို့ သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့မှုခင်းဒရာမာ ဇာတ်လမ်းကောင်းလေးပါ။နယ်မြို့လေးက စတီးစက်ရုံ အလုပ်သမားလေး ရပ်ဆဲလ်ဗေ့ဇ်(Christian bale) ဟာသာမန်ဘဝလေးတခုမှာ ရိုးရှင်းစွာနေထိုင်ဖို့ကြိုးစားရင်း မထင်မှတ်ဘဲ ကားတိုက်မှုဖြစ်လို့ ထောင်ကျသွားခဲ့တယ်။အဲ့ကနေစလို့ ဘဝတခုလုံး ကံဆိုးမိုးမှောင်ကျတော့တာပါဘဲ။ ဖခင်လဲဆုံးချစ်သူကမုန်း နဲ့ တဦးတည်းသော ညီလေးကလဲ လောင်းကစားကြွေးပိပြီးကြေးစားလက်ဝှေ့ထိုးရင်း လူဆိုးဂိုဏ်းတခုကအပြန် ပျောက်ချင်းမလှပျောက်သွားသောအခါ ညီလေးကိုလိုက်ရှာမယ့် အကိုကြီးအဖြစ် ဘတ်မန်းမင်းသားကြီး ဘေးလ်ကို စော်ပစ်ခံရတဲ့ဘဝသမားလေးအဖြစ် တကားလုံးဆွေးဆွေးမြေ့မြေ့လေးမြင်ရမှာပါ။ File size…1.86GB / 647MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 56m Genre ..... ...
movie
Out of the Furnace(2013)
7.2
Natural Born Killers(1994)
Natural Born Killers(1994)====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်းတွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ်ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့်နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲအဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ်သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကိုထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသားRobert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…2.81GB / 1.26GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Natural Born Killers(1994)
7.0
Out for Justice(1991)
Out for Justice(1991)*******************90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်..၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ...တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်...ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်...ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား...သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်...လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့...File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar ...
movie
Out for Justice(1991)
5.3
Candyman 2: Farewell to the Flesh(1995)
တကယ်လို့တကယ်လို့ သင့်အိမ်မှာ မှန်တစ်ချပ်ရှိတယ် ဆိုရင် အဲ့မှန်ရှေ့ကိုသွားပြီးတော့..."Candy Man,Candy ManCandy Man,Candy ManCandy Man!" ဆိုတဲ့ အတိုင်း သူ့ရဲ့ နာမည်ကို ငါးခါ မခေါ်လိုက်မိပါစေနဲ့အဲဒီလိုခေါ်လိုက်တာနဲ့ သူဟာ သင့်အနောက်ကို ရောက်လာပြီး သင့်ရဲ့ ဗိုက်ကို သံချိတ်နဲ့ထိုးခွဲသွားမှာပါ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် ကျွန်တော်တို့ သူ့ရဲ့ နာမည်ကိုတော့ ကြားဖူးချင်ကြားဖူးကြပါလိမ့်မယ်အခု ဒီရုပ်ရှင်ထဲမှာ တော့ Candy Manက ဘယ်သူလဲ ဘာလို့ Candy Manဖြစ်လာတာလဲ ဆိုတဲ့ သူ့ရဲ့ originsတွေကို သေသေချာချာ နားလည်သွားမှာပါ ဇာတ်ကားက runtime တိုပေမယ့် သူပြချင်တဲ့ အကြောင်းအရာနဲ့ ဇာတ်အိမ်ကို သေချာ တည်ဆောက်ထားတာကြောင့် ပေါ့ပျက်ပျက်နဲ့ rush သလိုမျိုး လုံးဝမဖြစ်ပါဘူးအကောင်းဆုံး jumpscaresတွေ horrorsတွေတော့ မဟုတ်ပေမယ့် ၁နာရီခွဲ အချိန်ပေးပြီး R rated horror movie ...
movie
Candyman 2: Farewell to the Flesh(1995)
1995
5.4
Spy Hard (1996)
Spy Hard (1996)ဒါလေးက Naked Gun မင်းသားကြီး Leslie Nielsen ပါဝင်ထားတဲ့စပိုင်ဇာတ်လမ်း အက်ရှင်ဟာသဇာတ်ကားလေးပါ ..007 ဟာသဗားရှင်းဆိုလည်း မမှားပါဘူး ..နာမည်ပေးထားတဲ့ Spy Hard ဆိုတာကလဲ ဘရုစ်ဝီလီရဲ့ နာမည်ကြီး Die Hard ကို အခွက်ပြောင်ထားတာပါ။အထဲမှာလဲ နာမည်ကြီးအက်ရှင်ဇာတ်ကားတချို့ကို အခွက်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကတော့...ကမ္ဘာကြီးကိုဖျက်ဆီးမယ့်ဂြိုလ်တုလွှတ်တင်ဖို့ကြံရွယ်နေတဲ့ လူဆိုးဗိုလ်ချုပ်ကြီးကိုတားဆီးဖို့အတွက်အထူးအေးဂျင့် Dick Steele (နာမည်ကအဆန်း) တစ်ယောက် အစွမ်းကုန်ကြိုးစားရင်းအလွဲလွဲအချော်ချော်ဖြစ်ပေါ်တာတွေကို ခွီရအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…(1.4 GB) / (800 MB) / (400 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie
Spy Hard (1996)
6.6
[James Bond] Licence to Kill (1989)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Timothy Dalton ရဲ့ ဒုတိယနဲ့နောက်ဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Timothy Dalton အနေနဲ့ ဘွန်းဇာတ်ကား (၂) ကားသာ ရိုက်ကူးခဲ့ရပြီးသူ့ရဲ့ ဘွန်းဇာတ်ကောင်ဟာ ထူးခြားပါတယ်…မကြိုက်သူတွေက လုံးဝခံစားပေးလို့မရသလိုဂျိမ်းစ်ဘွန်းကို အိလေးဆွဲမမြင်ချင်တဲ့လူတွေကျတော့လည်း သူ့ရဲ့ဘွန်းဇာတ်ရုပ်ကို ပိုပြီးကြိုက်နှစ်သက်ကြပါတယ်…သူကတော့ ဘွန်းတွေထဲမှာ ရုပ်တည်ကြီးနဲ့ အပိုဆာဒါးသိပ်မလုပ်ဘဲသရုပ်ဆောင်တတ်တဲ့ ခပ်တန်းတန်းဘွန်းအဖြစ် အားလုံးက မျက်မှန်းတန်းမိကြပါတယ်။ဒီဇာတ်ကားက IMDb Rating (6.6/10) နဲ့ Rotten Tomatoes (78%) ရရှိထားပါတယ်…။ File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie
[James Bond] Licence to Kill (1989)
HEVC 1080p 5.1
6.9
Con Air(1997)
Con Air(1997)အညွှန်း*******************Blu-Ray 1080p5.1ch, 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....(unicode)နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ... ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့... ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ် နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေ ပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ....ရသအပြည့်အ၀ခံစားရအောင် BLU-RAY 1080P5.1CH နဲ့ အပြည့်အစုံပြန်လည်တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ဒီဇာတ်လမ်လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့.. စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ် ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့ သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ် ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်.... (zawgyi)နီကိုးလတ်စ်ကေ့စ်ခ်ျ ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ခ်ျ)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ ...
movie
Con Air(1997)
1997
8.2
Casino(1995)
Casino(1995) IMDb......8.2,,,Rotten....80 HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ် ...ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်....ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် ... .Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်း ရရှိထားတယ်...Sam AceRothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ် ...သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်...သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ဘယ်ဝိုင်းက ထိုသားအခြေအနေ လောင်းေ ကြးတွေက ဘယ်သူ့ဘက်အလေးသာနေတယ် ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင် ်စွမ်းရှိတယ်..တစ်ဆက်ထဲ သူလိုချင်တဲ့အနေအထားကိုလည်းပြောင်းလဲနိုင်စွမ်းရှိတယ်..ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကု ိ ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်....သူကလည်းလက်ခံခဲ့တယ်...သူ့ကိုလက်ဖျားနဲ့မပြောနဲ့စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစား တစ်ယောက်ကိုသူ့အနားမှာထားပေးတယ်...အဲ့ဒီအလုပ်ကိုသူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံ ရတော့တာပဲ....လူမိုက်တွေ...ရဲတွေ.....အစိုးရအကြီးအကဲတွေ....ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ.....ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ ဆက်မပြောတော့ပါဘူး...... ဒီကားကတစ်ချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တစ်ချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်....File Size…(950MB) Quality…BluRay 720p Format…mp4 Duration…02:58:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Theint Yadanar Oo
movie
Casino(1995)
1995