Channel Myanmar

Carey Loftin

Spartacus (1960)
Spartacus (1960)  ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Spartacus (1960)

Duel (1971) 7.6
Duel (1971) မှော်ဝင်နေတဲ့ ဒါရိုက်တာကြီး စတီဗင် စပီးဘက်ရဲ့ ပထမဦးဆုံး တီဗီရုပ်ရှင်တွေထဲက တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာ စပီးဘက်ကို ကမ္ဘာကျော်စေခဲ့တဲ့ Jaws, E.T စတဲ့ ရုပ်ရှင်တွေကိုမရိုက်ကူးခင် ၁၉၇၁ မှာ ဘက်ဂျက်နည်းနည်းနဲ့ ၁၂ ရက်အတွင်း အပြီးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ဒါတောင်မှ လက်စောင်းထက်လို့ အော်စကာမဟုတ်တဲ့ အခြားဆုတွေ အများကြီး ရလိုက်ပါသေးတယ်။ဘယ်လောက်ဘက်ဂျက်နည်းလဲဆို ကားပေါက်ကွဲတဲ့အခန်းကိုတောင် ကားနှစ်စီးဖိုးမတတ်နိုင်လို့တစ်ခါတည်း အပိုင်ရအောင် ရိုက်ခဲ့ရတာပါ။ဒါပေမဲ့ ဒီနေ့ထိ ဂန္ဓဝင်လက်ရာတွေထဲမှာပါနေတုန်းပါပဲ။ဇာတ်လမ်းကတော့ဇာတ်ဆောင်နေရာကနေ ဝင်ခံစားကြည့်ရင် အတော်ကို ကြောက်စရာကောင်းပါတယ်။ရုပ်ရှင်သမိုင်းတစ်လျှောက် စိတ္တဇလူသတ်သမားတွေထဲမှာ အတော်ကို ကို့ရို့ကားယားနိုင်တဲ့ လူသတ်လက်နက်ကို သုံးထားလို့ပါ။ထရပ်ကားကြီးတစ်စီးပါပဲ။ ဟုတ်ပါတယ် အဝေးပြေးလမ်းပေါ်မှာ လူတွေကို သေအောင် လိုက်တိုက်တတ်တဲ့ စိတ္တဇကားသမားတစ်ယောက်နဲ့ အလုပ်ကိစ္စနဲ့ ခရီးထွက်လာတဲ့ သာမန်လူရိုးလူအေးကြီးတစ်ယောက် လမ်းတလျှောက် အသက်လု ရင်ဆိုင်ရပုံတွေကို ရိုက်ကူးထားတာပါ။ရင်တဖိုဖိုနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.6 GB) / (900 Mb) ...
movie

Duel (1971)