Channel Myanmar

Capucine Valmary

Le Torrent (2022)
Le Torrent (2022)  မုန်တိုင်းတိုက်မယ့် သောကြာနေ့ညတစ်ညမှာ အလဇန္ဒားက ဇနီးသည် ဂျူးလီယက် အိမ်ထောင်ရေးဖောက်ပြန်နေတာကို သိရှိသွားပြီး စကားအကြီးအကျယ်များ၊ ရန်ဖြစ်ကြကာ မိန်းမလုပ်သူကိုအိမ်ပေါ်ကနှင်ချလိုက်ပါတယ်။ ဂျူးလီယက်က ညဘက်ကြီးထွက်သွားပြီး သိပ်မကြာခင်မှာပဲ လျှိုမြောင်ထဲကို ပြုတ်ကျကာ သေဆုံးသွားပါတော့တယ်။ဒီလိုနဲ့ အချိန်ခဏအကြာ မုန်တိုင်းတိုက်လာတဲ့အခါ တောင်ကျရေနဲ့အတူ သူမရဲ့ အလောင်းက စီးမျောသွားပါတော့တယ်။ ရဲတွေကရှာဖွေရေးလုပ်နေတဲ့အချိန်မှာပဲ ဂျူးလီယက်ရဲ့ ဖခင်က သူတို့အိမ်ကိုရောက်ရှိလာကာ အလဇန္ဒားက အချို့အရာတွေကို လိမ်လည်နေမှန်း ရိပ်မိလာတဲ့အတွက် လိုက်လံစုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller/ Crime ဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw 
movie

Le Torrent (2022)

Jeanne du Barry (2023) 6.8
Jeanne du Barry (2023)  ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက်လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆိုဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက်သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာနေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့်ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာနာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။လမ်းဘေးဘဝ‌ကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက်အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကိုတော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့.......  File size…2.23GB / 869MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Jeanne du Barry (2023)