Channel Myanmar

Can Yılmaz

My Father is a Hero/ Benim Babam Bir 2023
My Father is a Hero/ Benim Babam Bir 2023  Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ တူရကီမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ နိုင်ငံအသီးသီးကပြန်ရိုက်ထားကြတဲ့ သမီးလေးကိုထောင်ထဲခေါ်ထည့်ထားပြီး ကျပ်မပြည့်တဲ့အဖေဖြစ်သူနဲ့အပေါင်းအပါတစ်စုတို့ ဖွက်ထားကြတဲ့ရုပ်ရှင်လိုမျိုးကို မတူညီတဲ့ဇာတ်လမ်းမှာ တူညီတဲ့ရသခံစားစေရမယ်ထင်ပါတယ်။မိတဆိုးလေးမို့ သားဖြစ်သူကို တုန်နေအောင်ချစ်ရှာတဲ့ စည်ပင်သာယာဝန်ထမ်း ဆင်းရဲသားတစ်ယောက်။ ဆင်းရဲပေမဲ့ သားဖြစ်သူကိုဖူးဖူးမှုတ်ထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ကြတယ်။တရက် အဖေဖြစ်သူတို့သူငယ်ချင်းအုပ်စု ဘောလုံးကန်နေတုန်း သားဖြစ်သူဝင်ပါရင်း အမောဖောက်လဲကျသွားရာကစ နှလုံးအစားထုကုရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးက ငယ်သေးတဲ့အတွက် ကိုက်ညီတဲ့နှလုံးရှာတွေ့ပြီး ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှ အသက်ရှင်ဖို့ရာခက်ခဲတဲ့အခြေအနေ။ နှလုံးအစားထိုးကုသဖို့ ကိုက်ညီတဲ့နှလုံးမရခင်အချိန်မှာ စူပါဟီးရိုးတွေကိုကြိုက်နှစ်သက်တဲ့ သားဖြစ်သူရဲ့ စိတ်ကလေးလန်းဆန်းနေစေဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စူပါဟီးရိုးဝတ်စုံတွေချုပ် ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းတွေဖန်တီးပါတော့တယ်။အဖေတစ်ယောက်ရဲ့မေတ္တာတရားနဲ့ သူငယ်ချင်းတွေကြားကသံယောဇဉ်ကို အချိုးညီဖန်တီးရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(953 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Family, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

My Father is a Hero/ Benim Babam Bir 2023

Do Not Disturb (2023) 6.3
Do Not Disturb (2023) Do Not Disturb (2023)~ IMDb - 6.3/10, Rotten Tomatoes - 67% ~COVID Pandemic ရဲ့ရိုက်ခတ်မှုခံခဲ့ရတဲ့ အသက်၅၀ အရွယ် မေတင်ဆိုတဲ့သူရဲ့ စိတ်သောက ပူပန်မှုတွေ ဗျာများနေပုံတွေကို မြင်တွေ့ရမယ့် တူရကီကားတစ်ကားဖြစ်ပါတယ်။မေတင်က သူ့ဘ၀တစ်လျှောက်လုံး သင်္ဘောသားအဖြစ် ပင်လယ်ပြင်မှာ ကျင်လည်ခဲ့ပြီး ကပ်ရောဂါကြောင့် အလုပ်လည်းပြုတ် ၂နှစ်နီးပါး အိမ်တွင်းအောင်းခဲ့ရသူ... အသိအဆက်အသွယ်နဲ့ ဟိုတယ်တစ်ခုမှာ ညပိုင်းမန်နေဂျာအဖြစ် အလုပ်ရပြီး အလုပ်ရှင်က သူ့ကို ယုံပြီး ဟိုတယ် အပ်ခဲ့တဲ့အခါ...ဟိုတယ်အ၀တ်လျှော်ခန်းမှာ အလုပ်လုပ်တဲ့ သူတို့မိဘတွေချင်း သဘောတူထားတဲ့ မိန်းကလေး ဆူဟာ... သေချင်စိတ်ပေါက်နေတဲ့ ဧည့်သည် ပါမောက္ခ ဘာတီရာ... နောက်ထပ် မှတ်ပုံတင်မပါဘဲ လာတည်းတဲ့ ဧည့်သည် ဒါဗု... စတဲ့လူတွေနဲ့ မေတင်ဆုံစည်းရပြီး တစ်ညအတွင်း ဘယ်လို အဖြစ်အပျက်တွေ ကြုံရမလဲ။ပင်လယ်မှာပဲ တော်ပြီး ကုန်းပေါ်မှာ အသုံးမကျဘူးလို့ ...
movie

Do Not Disturb (2023)

2023