Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Camille Mana
6.4
Cake (2014)
IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာတဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်တောင် ညံ့တဲ့အထဲတော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး ...
movie
Cake (2014)
Scrambled (2024)
ဒီဇာတ်ကားမှာဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ အမျိုးသမီးတစ်ယောက်ရဲ့ mid-life crisis တွေကို ရိုက်ပြထားတာတွေရပါမယ်။ ထူးခြားတာကတော့ ဇာတ်ညွှန်းရော၊ ဒါရိုက်တာရော၊ သရုပ်ဆောင်ရော Leah McKendrick ကိုယ်တိုင်ပါပဲ။နယ်လီ ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ ရှောန်နဲ့ပြတ်သွားပြီးတဲ့နောက်မှာ single တစ်ယောက်အနေနဲ့ သူ့ဘဝကြီးကို အပျော်ပွဲတွေတက်၊ ယောက်ျားတွေနဲ့ ဒိတ်လုပ်ရင်းအချိန်တွေကုန်ခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့သူငယ်ချင်းတွေအားလုံး သူ့အိမ်ထောင်၊ သူ့ဘဝနဲ့သူ တည်တည်ငြိမ်ငြိမ်ဖြတ်သန်းတော့မယ့်အချိန်မှာ... သူ့မိသားစုကပေးလာတဲ့ဖိအားတွေနဲ့ အသက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုဆိုင်ရာပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းက comedy, drama အမျိူအစားဖြစ်ပြီး အမျိုးသမီးတစ်ယောက်မှာကြုံတွေ့ရတဲ့၊ အမျိုးသားတွေနဲ့မတူတဲ့ အချိန်ယန္တရားရဲ့ခြိမ်းခြောက်မှုတစ်ခုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(767 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca
movie
Scrambled (2024)
5.5
Seal Team (2021)
Seal Team (2021)ဒီတစ်ခေါက်မှာတော့ Seal Teamဆိုတဲ့ ကာတွန်းကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းအညွှန်းကတော့ HmmFလိုခေါ်တဲ့ ပယ်လယ်ဖျံအဖွဲကချိန်ကိုက်ဗုံးကို ကြိုးမှာဖြတ်ရာကနေအဖွဲကိုဖြိုခွဲခံခဲ့ရပါတယ်တစ်ဖက်မှာလည်း ကွင်နဲ့ ဘန်ဂျီကသူငယ်ချင်းကောင်းတွေပါခရင်းကောင်တွေပဲစားရတာငြီးငွေ့နေတဲ့သူတိုဖို သင်္ဘောပျက်တွေထဲအစာထွက်ရှာရင်း ဘန်ဂျီတစ်ကောင်ငါးမန်းစာဖြစ်သွားတဲ့အခါမှာတော့ကွင်တစ်ကောင်ဒေါသထွက်နာကျည်းပြီး လက်စားပြန်ချေဖိုပြိုကွဲသွားတဲ့အဖွဲHmmfနဲ့သွားပူးပေါင်းခဲ့ပါတယ် ကိုယ်ပိုင်အဖွဲရှာဖွဲ လေ့ကျင့်မှုတွေလုပ်ပြီးတဲ့ကွင်တိုအဖွဲက ငါးမန်းတွေကိုလက်စားပြန်ချေနိုင်မှာလား ငါးမန်းတွေကလည်းအင်အားစုပြီး အုပ်စုကြီးဖြစ်လာတဲ့အခါကွင်တိုအဖွဲလေးဘာတွေဆက်လုပ်ပြီးအနိုင်ယူကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့်ဟာသကာတွန်းကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုရအောင်လားရှင်ဤဇာတ်ကားရဲ့အညွှန်းရေးသားသူက Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni& Poe ပဲဖြစ်ပါတယ် File size…1.2GB / 620MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yunni & Poe
movie
Seal Team (2021)
2021