Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Camilla Rutherford
6.1
The Edge of Love (2008)
Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ...
movie
The Edge of Love (2008)
5.9
Club Zero (2023)
Club Zero (2023)~ IMDb - 5.9/10, Rotten Tomatoes - 63% ~Club Zero က Alice in Wonderland တို့၊ Crimson Peak တို့၊ Stoker တို့ရဲ့ မင်းသမီး Mia Wasikowska ကို တမူကွဲပြားတဲ့ ပုံစံနဲ့မြင်ရမယ့် ရုပ်ရှင်ပဲ။ အဲလစ်ထဲက ကလေးမလေးက သူရောဟုတ်ရဲ့လားထင်ရလောက်အောင် ရုပ်လည်းတော်တော်ကျသွားသလို သရုပ်ဆောင်တာလည်း ကြမ်းလာတယ်။ Club Zero က Palme d'Or ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ နောက်ခံတေးဂီတဆုတွေတော့ တခြားရုပ်ရှင်ပွဲတော်တွေမှာ တော်တော်လေးရထားတယ်။ ဒါရိုက်တာဖြစ်တဲ့ Jessica Hausner ကတော့ သိပ်တော့မရင်းနှီးပေမဲ့ ဟိုးကတည်းက ကိန်းစ်မှာ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ဒါရိုက်တာပဲ။ ဒီကားကတော့ သူ့အရင်ကားတွေနဲ့ Genre မတူဘူး။Black Comedy, Thriller ...
movie
Club Zero (2023)
2023
7.2
The Darjeeling Limited (2007)
The Darjeeling Limited (2007)~ IMDb - 7.2/10, RT - 69%, Meta - 67% ~The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ "အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး"တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ...
movie
The Darjeeling Limited (2007)
2007
6.4
Land of the Blind (2006)
Land of the Blind (2006) =================== IMDb Rating - 6.4/10Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 ...
movie
Land of the Blind (2006)
2006
7.0
Yesterday (2019)
(Unicode) Yesterday ဆိုတဲ့ ရုပ်ရှင်လေး ကြည့်ကြရအောင်။ Musical ကားလေးပါပဲ။ကမ္ဘာပေါ်မှာ အကောင်းဆုံး အဆိုတော်အဖွဲ့လို့ ပြောပြီဆို လူအတော်များများ ပြေးမြင်မိကြမှာ ဘီတယ်စ်ပါပဲ။အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး သီချင်းတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ဒီရုပ်ရှင်ကတော့ ဘိုဟီးမီးယန်းတို့ ရော့ကတ်မန်းတို့လို ဘိုင်အိုပစ် မဟုတ်ပါဘူး။ဘီတယ်စ်ကိုအခြေခံထားတဲ့ စိတ်ကူးယဉ် ဂီတ ရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်ရဲ့ မြို့လေးတစ်မြို့မှာ အရမ်းကြိုးစားပေမယ့် မအောင်မြင်တဲ့ အဆိုတော်လေး တစ်ယောက် ရှိတယ်ပေါ့။တစ်နေ့တော့ သူဟာ အဆိုတော်ဘဝကို လက်လျှော့လိုက်တော့မယ် အချိန်မှာ အဖြစ်ဆန်းတစ်ခု ကြုံလိုက်ရပါတော့တယ်။အဲဒါကတော့ ကမ္ဘာပေါ်က လျပ်စစ်အားလုံး ၁၂ စက္ကန့် ပြတ်တောက်သွားပြီး အမှောင်ကျသွားတာပါပဲ။အဲဒီ ၁၂ စက္ကန့်အပြီးမှာ ကမ္ဘာပေါ်က အရာအချို့ဟာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး လူတွေက ရှိခဲ့တယ်ဆိုတာကိုတောင် မသိတော့ပါဘူး။ကိုကာကိုလာတို့ စီးကရက်တို့ကို လူတွေ မသိကြတော့ပါဘူး။အဲဒီအထဲမှာ ဘီတယ်စ် အဖွဲ့လည်း ပါသွားတယ်ပေါ့။အဲဒီ သီချင်းတွေနဲ့ သူတို့လေးယောက်ကို မှတ်မိနေသူက ဂျက် မာလစ် ...
movie
Yesterday (2019)
2019
7.5
Phantom Thread (2017)
Phantom Thread (2017) IMDb - 7.5/10_______Rotten - 91% Won 1 Oscar. Another 57 wins & 120 nominationsဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ်သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး ...
movie
Phantom Thread (2017)
2017
7.0
Breathe (2017)
အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ဘ၀လေး ရုတ်တရက် ပျက်စီးသွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ခံယူလိုက်ရင် ဘာတွေဖြစ်မလဲ။ရောဘင်ဟာ သူ့ဇနီးရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ခရီးလှည့်လည်ထွက်ရင်းနဲ့ ရုတ်တရက် ပိုလီယိုရောဂါပိုးကူးစက်ခံရပါတယ်။သူဟာ လည်ပင်းအောက်ပိုင်း လုံးဝ မလှုပ်နိုင်တော့ပဲ လေဖြတ်ခဲ့ပါတယ်။ နောက်ပိုင်း သူဟာ စိတ်ကျရောဂါပါ ခံစားလာရတယ်။ရောဘင့်ရဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို အလင်းထဲ သွင်းပေးခဲ့တာကတော့ သူ့ချစ်ဇနီး ဒိုင်ယာနာပါပဲ။ဒိုင်ယာနာဟာ သူ့ခင်ပွန်းကို ဒီလို ခံစားနေရတာ မကြည့်ရက်လို့ သက်သာရာ သက်သာကြောင်းကူညီပေးရင်း အရာရာကို စိန်ခေါ်ခဲ့ပါတယ်။သူ့ယောင်္ကျားကို ဆေးရုံက ရအောင်ဆင်းခဲ့ပါတယ်။ (အဲ့ခေတ်က ပိုလီယိုရောဂါသည်တွေက ဆေးရုံက အသက်ရှူစက်တပ်ထားတဲ့အတွက် ဆေးရုံကုတင်က ရွေ့လို့မရပါဘူး။)ရောဘင့်အတွက် အဆင်ပြေမယ့် အသက်ရှူစက်ကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့ဇနီးမောင်နှံနဲ့ သူငယ်ချင်းများပေါင်းပြီး ရောဘင့်အတွက် အဆင်ပြေမယ့်အရာတွေ တစ်ခုပြီးတစ်ခု တိုးတက်တီထွင်ခဲ့ပါတယ်။တဖြေးဖြေး နောက်ပိုင်းမှာ ရောဘင့်အတွက်သာမက တစ်ခြား ပိုလီယိုရောဂါသည်တွေပါ အသုံးပြုနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ရောဘင်ဟာ ပိုလီယိုရောဂါရှင်များရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကား တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ရောဘင်ကာဗန်ဒစ်ရှ်ရဲ့ဘ၀ဖြစ်ရပ်ကို ပုံဖော်ထားပြီး ကိုယ့်ဘ၀မှာ ...
movie
Breathe (2017)
2017
6.2
The Fifth Estate (2013)
The Fifth Estate (2013)_____IMDb - 6.2/10 ၂၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။ The Fifth Estate ဆိုတာ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World's Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။ The Fifth Estate ဇာတ်ကားဟာ WikiLeaks ရဲ့အတွင်းရေးကို ဖွင့်ချထားတာဖြစ်ပါတယ်။ Daniel Domscheit Berg ဟာ ...
movie
The Fifth Estate (2013)
2013