Channel Myanmar

Cameron Mathison

Carrot Cake Murder: A Hannah Swensen Mystery (2023) 6.2
Carrot Cake Murder: A Hannah Swensen Mystery (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်...စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်....ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ....မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်....ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်...စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်....နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်...ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်....ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်.... ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Carrot Cake Murder: A Hannah Swensen Mystery (2023)

A Merry Christmas Wish (2022) 6.2
A Merry Christmas Wish (2022) A Merry Christmas Wish (2022) ======================= IMDb Rating -  6.2/10၁၂လပိုင်း Christmasကာလလေးမှာ Christmasကားတွေပဲ အများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ Jill Wagnerရဲ့ ရုပ်ရှင်ကားသစ်လေး လာပါပြီ။နယူးယောခ့်မြို့ Brand​တွေကို ကြောငြာပေးရတဲ့ ဂျင်းနီဆိုတဲ့ ကောင်မလေးကChristmasကာလမှာ သူ့ဦးလေး ရန်ဒန်ဆုံး သွားလို့နယ်ဘက်ကို ခေတ္တသွားဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်ပဲသွားဖို့စီစဥ်ထားတဲ့ခရီးက ဒီထက်ပိုပြီးကြာ သွားဖို့ ဖြစ်ခဲ့ပါတယ်။ သူကြာသွားရတဲ့အကြောင်းရင်းက ဘာ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာမြင်တွေ့ရမှာဖြစ်ပြီး၊ ပေါ့ပေါ့ ပါးပါးလေးကြည့်ရှု့ရမှာဖြစ်ပါတယ်။နွေးနွေးထွေးထွေးကြင်ကြင်နာနာရုပ်ရှင်လေးမို့လို့ ရည်းစားလေး နဲ့ဖြစ်ဖြစ်၊ မိသားစုလေးနဲ့ဖြစ်ဖြစ် အတူတူကြည့်ဖို့တိုက်တွန်းလိုက် ပါတယ်။ Marry Christmas and Happy New Yearပါ။ God Bless you all. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Minn Khant Kyi Win ဖြစ်ပါတယ်)File Size..........(1.57 GB) / (639 MB) / (378 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Romance Translator.......Minn ...
movie

A Merry Christmas Wish (2022)

2022