Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cameron Boyce
6.6
Eagle Eye (2008)
အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ...
movie
Eagle Eye (2008)
2008
4K HEVC
6.2
Runt (2021)
လူ့အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ခံစားချက်၊ သက်တူရွယ်တူတွေကြားမှာ အဖက်လုပ်ခြင်းမခံရတဲ့ ခံစားချက်ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိတတ်ပါတယ်ဒီဇာတ်ကားကတော့ ကျောင်းရဲ့အပယ်ခံလိုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့အကြောင်းပါ ဖခင်ဆုံးပါးပြီး မိခင်ရဲ့ဝင်ငွေတစ်ခုထဲနဲ့ ကျားကန်နေရတဲ့ ပညာရေးမှာထူးချွန်သူ"ကယ်ဗင်" မိဘတွေက ဆေးသမားဖြစ်နေလို့ ငယ်စဉ်ကတည်းက စောင့်ရှောက်ရေးဂေဟာတွေမှာ ကြီးပျင်းလာခဲ့ရသူ "ဆက်စလီ"ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်ကြတဲ့ သူတို့၂ဦးဟာ ဘဝချင်းတူတော့ ရင်းနှီးလာကြတယ်၊ ခင်မင်လာကြတယ် ထိုမှတဆင့် မေတ္တာမျှလာကြတယ် ဒါပေမဲ့ မိန်းကလေးက လက်ရောက်စော်ကားခြင်း ခံရတယ်၊ ယောကျာ်းလေးက ကျောင်းလူမိုက်တွေ နှိပ်စက်တာကို အလူးအလဲခံရတယ် ဒါပေမဲ့ သူတို့ဘက်မှာ ရပ်တည်မဲ့သူဆိုတာ မရှိပါဘူး မျက်နှာမွဲ၊ငွေမွဲတဲ့သူတို့အတွက် ကျောင်းဆိုတာငရဲပါပဲဒါပေမဲ့ လူဆိုတာခံနိုင်ရည်ရှိတဲ့အတိုင်းအတာဆိုတာ ရှိကြစမြဲပဲလေ နည်းမျိုးစုံနဲ့ဖိနှိပ်ခံရပြီး သည်းမခံနိုင်တဲ့ အဆုံး သူတို့အစွမ်းကုန်ပေါက်ကွဲပါတော့တယ် အဲ့ဒီ ပေါက်ကွဲမှုကို ဒီဇာတ်ကားထဲမှာ လှလှပပနဲ့ တစ်ဆင့်ချင်း ခံစားနိုင်အောင် ရိုက်ကူးပြထားတယ် ဘာကြောင့်များ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ ဘယ်လိုကြောင့်များ ဒီလိုလုပ်ရက်တာလဲဆိုတာ ကြည့်နေရင်းနဲ့ အတွေးထဲကို အလိုလိုဝင်လာအောင် ရိုက်ကူးပြထားပါတယ် Western countryတွေရဲ့ High school lifeကိုရိုက်တိုင်း သူတို့ရဲ့Socailကျမှု၊ လွတ်လပ်မှု၊ ပါတီပွဲတွေနဲ့ အချိန်ပြည့် ...
movie
Runt (2021)
7.0
Descendants 3 (2019)
High School Musical လို သီချင်းတွေဝေဝေဆာဆာနဲ့ဇာတ်ကားမျိုးကိုနှစ်သက်ရင် ဒီဇာတ်ကားကိုနှစ်သက်မယ်ဆိုတာ အာမခံပါရစေ ဇာတ်လမ်းလေးကတော့ ဒီကားလေးရဲ့ prequels ၂ကားကိုကြည့်ဖူးရင်သိကြမှာပါ မယ်က ဗီလိန်မယ်လီဖီးဆန့်ရဲ့သမီးတော်ပါ ဘန်ကတော့ beauty ဘဲလ် and the beast ရဲ့သားတော်ပါ သူတို့နှစ်ယောက်က မတူညီတဲ့နေရာနှစ်ခုက ပေါက်ဖွားလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့်တွေ့ဆုံချစ်ကြိုက်ပြီး အခုဇာတ်ကားမှာဆိုရင် လက်ထပ်မင်္ဂလာပွဲတောင်ကျင်းပတော့မှာဖြစ်ပါတယ် အဲ့ဒါကိုမကျေနပ်နိုင်သူကတော့ Sleeping Beauty အော်ရိုရာရဲ့သမီးတော်ပါပဲ ပင်ကိုတော်ဝင်သွေးပါသူဖြစ်ပေမယ့် မနာလိုမုန်းတီးစိတ်တွေဖုံးလွှမ်းပြီး ဗီလိန်တစ်ယောက်ဖြစ်သွားတဲ့အခါမှာတော့... မယ်တို့သူငယ်ချင်းတွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဘာသာပြန်ပြီး အညွှန်းရေးပေးထားသူကတော့ May Myat Thu ဖြစ်ပါတယ်
movie
Descendants 3 (2019)
2019
6.0
Grown Ups (2010)
Grown Ups ဆိုတဲ့ကားလေးက ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ အမေရိကန် comedy ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ အလယ်တန်းတုန်းက အတူဘတ်စကတ်ဘောကစားခဲ့ကြတဲ့သူငယ်ချင်း ၅ ယောက် သူတို့ရဲ့ နည်းပြဖြစ်သူ ဆုံးသွားကြောင်းကို ကြားသိပြီးနောက် ပြန်လည်ဆုံစည်းဖြစ်ခဲ့ကြပုံလေးပါ။သူငယ်ချင်း ၅ ယောက်ဆိုပေမယ့် မတူကွဲပြားတဲ့ စရိုက်ကိုယ်စီ ရှိကြသူတွေဖြစ်ပြီး လက်ရှိမှာလည်း ကိုယ်ပိုင် မတူညီတဲ့ ဘဝအသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။ဒါပေမယ့်ဒီလိုစရိုက်မတူသူ ၅ ဦးကပဲ ငယ်စဉ်က ကျောင်းဘတ်စကတ်ဘော ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိိခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ဘတ်စကတ်ဘောလို အားကစားတစ်ခုကစားရာမှာ တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။တစ်သင်းလုံး တက်ညီလက်ညီ စိတ်တူကိုယ်တူနဲ့ အပေးအယူမျှမျှှ ကစားရတာမျိုး ဖြစ်ပါတယ်။ဒါပေမယ့်ဒီလို စရိုက်ချင်းမတူညီကြတဲ့ သူငယ်ချင်း ၅ ယောက်ကရော ဘယ်လိုကြောင့် ပြိုင်ပွဲမှာအနိုင်ရရှိခဲ့ကြတာလဲ?သူတို့ ၅ ယောက်ရဲ့ တူညီတဲ့ အချက်ကရော ဘာဖြစ်နိုင်မလဲ?နှစ်တွေအကြာကြီး ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့တဲ့အခါမှာရော ...
movie
Grown Ups (2010)
2010
6.6
Descendants 2 (2017)
Disney Channel ကထုတ်လုပ်လိုက်တဲ့ Descendants-2015 ဇာတ်ကားရဲ့ အဆက်အဖြစ်ထွက်ရှိလာတာပါ။Disney ရဲ့ လူသိများကျော်ကြားသော ဗီလိန်များဖြစ်ကြတဲ့ မယ်လီဖီဆမ့် ၊ စနိုးဝှိုက်မင်းသမီးအားပန်းသီးအဆိပ်ကျွေးသူ အီဗယ်ဘုရင်မ ၊ အာလာဒင်နှင့်မီးခွက်စောင့်ထဲမှ ဗီလိန် ဂျာဖာနှင့် 101 Dalmatiansခွေးလိမ္မာကားထဲမှဗီလိန် ခရူလာဒီဗယ် တို့ရဲ့ သားတော်သမီးတော်များဖြစ်ကြတဲ့မော်လ် ၊ အီဗီ ၊ ဂျေ နှင့် ကာရ်လော့စ် တို့ပဲ ပါဝင်ထားပါတယ်။IMDb (6.6) ရရှိထားပြီးတော့ Action,Adventure,Family,Musical ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ကလေးတွေ မိသားစုတွေနဲ့အပန်းဖြေရင်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ May Thu ပါ။) File size…(999 MB) and (400 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Thu
movie
Descendants 2 (2017)
2017
6.4
Descendants (2015)
Disney Channel ကထုတ်လုပ်လိုက်တဲ့ IMDB 6.4 ထိရရှိထားတဲ့ Adventure,Comedy,Family,Fantasy ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Disney ၏ လူသိများကျော်ကြားသော ဗီလိန်များဖြစ်ကြသည့် မယ်လီဖီဆမ့် ၊ စနိုးဝှိုက်မင်းသမီးအားပန်းသီးအဆိပ်ကျွေးသူ အီဗယ်ဘုရင်မ ၊ အာလာဒင်နှင့်မီးခွက်စောင့်ထဲမှ ဗီလိန် ဂျာဖာနှင့် 101 Dalmatiansခွေးလိမ္မာကားထဲမှဗီလိန် ခရူလာဒီဗယ် တို့၏ သားတော်သမီးတော်များဖြစ်ကြသည့်မော်လ် ၊ အီဗီ ၊ ဂျေ နှင့် ကာရ်လော့စ် တို့သည်သူတို့မိဘများ အချုပ်ချထားသည့် ကျွန်းပေါ်မှ တိုင်းပြည်သို့ကင်းလွတ်ခွင့်ဖြင့်ရောက်သွားကြရာ မိဘများကသူတို့ရဲ့အငြိုးအတေးအားကလဲ့စားချေရန်အတွက် သူတို့သားသမီးများကို အားကိုးကြပါတယ်။တိုင်းပြည်မှာရှိတဲ့ ဒဏ္ဏာရီနတ်သမီးရဲ့ မှော်တုတ်ကို ခိုးပြီးမိဘတွေရဲ့ အကျယ်ချုပ်ကို လွတ်အောင်လုပ်ပေးရမယ်လို့ မိဘများကအတင်းအကြပ် လွှတ်လိုက်ကြတဲ့အခါ လူငယ်သဘာဝမိဘကိုကြောက်စိတ်ဖြင့် မလွန်ဆန်နိုင်ကြဘူး။...
movie
Descendants (2015)
2015