Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cameron Arnett
5.9
I Can (2023)
အခုလိုအရာရာ ခက်ခဲပင်ပန်းနေတဲ့အချိန်အခါမှာ လူတိုင်းမှာတော့ဒီခက်ခဲတဲ့ လမ်းခရီးကိုဆက်မလျှောက်ချင်တော့ပဲ လက်လျှော့လိုက်ချင်ကြတဲ့ အတွေးတွေအနည်းနဲ့အများတော့ တွေးဖူးကြမှာပါ။ဒါပေမယ့် ရတောင့်ရခဲတဲ့လူ့ဘ၀မှာကြိုးစားရင်မလုပ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးဆိုတာကို I Can ဆိုတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးနဲ့စိတ်ခွန်အားရဖို့ တင်ဆက်ပေးချင်ပါတယ်။IMDb Rating 5.9 အထိရရှိထားပြီးခဏတာအချိန်ပေးပြီးကြည့်ရှုလိုက်ရုံနဲ့ ဘ၀မှာအဆိုးဆုံးဆိုတဲ့အရာတွေဖြစ်နေရင်တောင်အနည်းနဲ့အများစိတ်ခွန်အားပြန်လည်တက်ကြွလာစေမှာတော့အမှန်ပါပဲ။အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ စစ်သားဇနီးတစ်ယောက်တို့ကချစ်ကျွမ်းဝင်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲသမီးလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ဒါပေမယ့်ကံအကြောင်းမလှစွာနဲ့ပဲ မွေးဖွားလာတဲ့သမီးလေးကိတ်တလင်းမှာ လက်တစ်ဖက်ပဲပါလာပြီး တခြားတစ်ဖက်ကတော့ မသန်စွမ်းဖြစ်နေခဲ့ပါတယ်။ကိတ်တလင်းကြီးပြင်းလာတဲ့အခါမှာတော့ ကံကြမ္မာကတစ်ဖန်ပြန်ပြောင်းလဲခဲ့ပြီး ကိတ်တလင်းကဆော့ဖ်ဘောဆိုတဲ့ဘေ့စ်ဘောနဲ့ဆင်တူတဲ့ ကစားနည်းမှာအရမ်းတော်နေတဲ့ ပါရမီပါနေခဲ့ပါတော့တယ်။အဲ့ဒါကြောင့် ကျောင်းပွဲတွေမှာအမြဲတမ်းအနိုင်ရခဲ့ပြီး ကိတ်တလင်းကထိပ်တန်းကစားသမားဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကံကြမ္မာဆိုတာ ချိုတစ်လှည့်ခါးတစ်လှည့်ဖြစ်နေစမြဲမလို့ကိတ်တလင်းအတွက် အရမ်းအရေးကြီးတဲ့အချိန်တစ်ခုမှာကစားရင်းနဲ့မတော်တဆဖြစ်ပြီးဒူးခေါင်းစုတ်သွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကိတ်တလင်းနဲ့ သူ့မိသားစုအတွက်အမြဲတမ်းအလှည့်အပြောင်းဖြစ်နေတဲ့ကံကြမ္မာကြားမှာ ကိတ်တလင်းတစ်ယောက်ဘယ်လိုမလျှော့သောဇွဲနဲ့ဆက်လက်ကြိုးစားသွားပြီး အောင်မြင်တဲ့အမျိုးသမီးမသန်စွမ်းအားကစားသမားတစ်ယောက်ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1GB / 494MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 25m Genre ….. Drama , Family , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
I Can (2023)
Nefarious (2023)
Nefarious (2023)တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ...
movie
Nefarious (2023)
5
Running the Bases (2022)
Running the Bases (2022)ငယ်စဉ်ကတည်းက ဘေ့စ်ဘောကစားနည်းကို ဝါသနာကြီးသလို ကစားတာလည်းထူးချွန်တဲ့ ဂျော့ရှ်နဲ့လုခ်ဆိုပြီး ညီအစ်ကို၂ယောက် ရှိရာ ကံမကောင်းစွာပဲ အစ်ကိုဖြစ်သူ ဂျော့ရှ်က နှလုံးအားနည်းတဲ့ ရောဂါကြောင့် ကွင်းထဲမှာပဲ ရုတ်တရက်သေသွားသလို ညီဖြစ်သူ လုခ်လည်း အလားတူရောဂါမျိုးဆေးစစ်တွေ့ရှိခဲ့လို့ ဝါသနာကြီးတဲ့ ဘေ့စ်ဘောကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ဒါပေမဲ့တစ်နေ့မှာ သူချစ်တဲ့ဘေ့စ်ဘောလောကထဲ တဖန်ပြန်ဝင်ဖို့ လမ်းစရပြီး ဘေ့စ်ဘောနည်းပြတစ်ဦးဖြစ်လာကာ ဇာတိမြို့ငယ်ရဲ့ ကျောင်းအသင်းလေးကို ဆုဖလား၉ကြိမ်ရအောင် ဦးဆောင်နိုင်သူ ဖြစ်လာပါတယ်။ ဒီလိုနဲ့တက္ကဆက်က ကျောင်းကြီးတစ်ကျောင်းက သူ့ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံနိုင်ဖို့ လက်ခံလိုက်ပါတယ်။ဇာတိမြို့အသင်းကို ကိုင်တွယ်စဉ်က ဖိအားတွေ သိပ်မရှိခဲ့ပေမယ့် မြို့ကြီးပြကြီးမှာ ကျောင်းကြီးတစ်ကျောင်းရဲ့အသင်းကို ကိုင်တွယ် ရတဲ့အခါ ထင်သလောက်မလွယ်ဘဲ ဘက်ပေါင်းစုံက အခက်အခဲ များစွာ ကြုံလာရတဲ့အခါ လုခ်အနေနဲ့ ဘေ့စ်ဘောချစ်စိတ်တစ်ခုနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြမလဲ။ သူကိုင်တွယ်ရတဲ့ အသင်းကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မလား စောင့်ကြည့်ရမှာပါ။အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။Genre.....Drama, Family Quality…. 1080p | 720p | 480p File size…2.1GB | 1.1GB ...
movie
Running the Bases (2022)
2022
6.4
I Still Believe (2020)
IMDB 6.2 နဲ့ RT မှာ 46%ရထားတဲ့ လူငယ်ဂီတအချစ်ကားလေးလို့ ပြောရမယ်။Drama ကားကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတကားပဲ။တခုကြိုပြောစရာရှိတာက ဒါက ခရစ်ယာန်ယုံကြည်မှုကိုအသားပေးထားတဲ့ဇာတ်ကားလေးမလို့ သူတို့ဆိုတဲ့သီချင်းတွေသူတို့ရဲ့ရေဒီယိုထုတ်လွှင့်တဲ့နေရာတွေကလည်းခရစ်ယာန်အသိုင်းအဝိုင်းတွေပဲဖြစ်တယ်ဆိုတာကိုပါ။နောက်တခုပြောစရာရှိတာက ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ။ကောလိပ်တက်ဖို့ ပြင်ဆင်ပြီးသွားတော့မယ့်သားကိုလိုက်ပို့နေတဲ့ချစ်စရာကောင်းတဲ့မိသားစုလေးတခု။ကောလိပ်သွားမယ့်သားကလည်း ဂီတမှာ ဝါသနာပါပြီး ထူးချွန်တဲ့သူတယောက်။သူကောလိပ်ရောက်တဲ့အခါမှာတော့ နဂိုကတည်းက သူအားကျရတဲ့အဆိုတော်ဆိုတဲ့ပွဲကိုသွားမိတ်ဆက်ရင်း ခင်မင်ခဲ့တယ်။နောက်ပြီး အဲဒီပွဲမှာပဲ ကောင်မလေးတယောက်ကိုမြင်ပြီး သဘောကျသွားခဲ့တယ်။အဲဒီကောင်မလေးကိုလည်း စကားသွားပြောရင်းနောက်ရက်မှာတော့ သူ့ကို အဲဒီကောင်မလေးက ညနေကျရင် တွေ့ဖို့ပြောခဲ့တယ်။သူလည်း တွေ့ဖို့သွားခဲ့ပေမယ့် သူထင်သလိုမဟုတ်ပဲမထင်ထားတဲ့သူတယောက်ကိုပါ တွေ့ခဲ့တယ်။နောက်ပိုင်းမှာတော့ အကြောင်းတခုကြောင့် သူတို့တွဲနေပေမယ့်ဘယ်သူ့ကိုမှ ပေးမသိခဲ့ကြဘူး။အဲဒီကိစ္စနဲ့ပဲ ပြဿနာတွေတက်ကြပြီးသူလည်း ခရစ်စမတ် အချိန်နဲ့ဆိုတော့ အိမ်ပြန်လာခဲ့တယ်။အိမ်ပြန်ရောက်တဲ့ညမှာပဲ ...
movie
I Still Believe (2020)
6.5
Overcomer (2019)
Dramaကားကောင်းလေးတွေကို နှစ်သက်သူများအတွက်rating 6.5ရထားတဲ့ Dramaကားလေးပါ။ဂျွန်ဟာအထက်တန်းကျောင်းဆရာတစ်ယောက်ဖြစ်ပြီးဘက်စကတ်ဘောကို အရူးရူးသွပ်တဲ့နည်းပြတစ်ဦးပါ။ဒါပေမယ့် သူတို့မြို့ရဲ့စီးပွားရေးအကြပ်အတပ်းကြောင့်သူ့အသင်းရဲ့ကစားသမားကောင်းတွေ ကျောင်းပြောင်းသွားတဲ့အခါမှာတော့သူ့အသင်းပျက်သွားပါတယ်။ဒါပေမယ့် နည်းပြတွေရော ဆရာတွေရောနည်းသွားတဲ့သူတို့ကျောင်းမှာ Cross-countryပြေးမယ့်ကျောင်းသူတစ်ယောက်ရှိတဲ့အတွက်သူ့ကိုနည်းပြလုပ်ပေးဖို့ဖြစ်လာပါတော့တယ်။Cross-countryဆိုတာ တောလမ်းလေးကိုပြေးရတဲ့ အပြေးပြိုင်ပွဲတစ်ခုပါ။ပြေးမယ့်တစ်ယောက်တည်းသောကျောင်းသူလေးကလည်းပန်းနာရင်ကြပ်ရောဂါနဲ့ပါ။စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ခွန်အားတွေ ချစ်ခြင်းမေတ္တာတွေကိုဖော်ကျူးထားတဲ့ကားလေးပါ။ File Size : ( 899 MB , 421MB )Quality : WEB-DL 720pRunning Time : 1 hr 59 minFormat : Mp4Genre : Drama , SpotSubtitle : Myanmar Subtitle (Hard Sub)Translated by Moe ...
movie
Overcomer (2019)
2019