Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Callie Hernandez
6.4
Alien: Covenant (2017)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien: Covenant (2017)
2017
6.8
Under the Silver Lake (2018)
Under the Silver Lake (2018)IMDb Rating (6.5)ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ...ဒါပေမယ့် မဟုတ်ပါဘူး။ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးကA24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် ...
movie
Under the Silver Lake (2018)
2018
5.3
Jethica (2023)
လောကမှာဘယ်အရာမှ အစွန်းရောက်တာမကောင်းပါဘူး..ဥပမာပေးရရင်တော့ လူတစ်ယောက်ကို အဆုံးစွန်ထိချစ်မိသွားတာမျိုးပေါ့..အရပ်စကားနဲ့ဆိုရင်တော့ အချစ်ကြောင့်စုံလုံးကန်းသွားတာပေါ့.. လူတစ်ယောက်တည်းကိုပဲ အချိန်တိုင်း SMS တွေပို့..ဖုန်းတွေခေါ်..သူနဲ့ပတ်သတ်သမျှအကုန်လုံးဟာ ကိုနဲ့ပဲသက်ဆိုင်ရမယ်လို့တွေးမိနေရင်တော့ ချစ်တာမဟုတ်ဘဲ နှစ်တာဖြစ်သွားပါလိမ့်မယ်..တဖက်ကိုလည်းသ-တ်သလိုဖြစ်သလိုဖြစ်ရင်းကိုပါထိခိုက်ရပါတယ်..ဒီလိုမျိုးဖြစ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရတဲ့ဖြစ်ရပ်တွေပါပဲဒီကားလေးမှာတော့ ဒီဖြစ်ရပ်တွေကိုပုံဖော်ရိုက်ကူးထားတာဘဲဖြစ်ပါတယ်..ဂျက်ဆီကာလို့ခေါ်တဲ့ ကိုမချစ်တဲ့သူတစ်ဦးရဲ့ အတင်းတွယ်ကပ်နေတာကို ခံနေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ အယ်လီနာတဖြစ်လဲ LaLaLand ထဲကမင်းသမီးချောလေးCallie Hernandez တို့ငယ်သူငယ်ချင်းနှစ်ယောက်တို့ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်သူငယ်ချင်းနှစ်ဦး ကြုံတွေ့ရတဲ့အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကျမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါဦး..အဆုံးသတ်မှာ တွေးစရာလေးတွေကောသင်ခန်းယူစရာလေးကောရသွားမယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်းညွှန်းလိုက်ပါရစေခင်ဗျာFile size…(1.4 GB)/(470 GB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:12:00 Genre...Drama, Comedy, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thetti Tun
movie
Jethica (2023)
6.5
Sin City: A Dame to Kill For (2014)
Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie
Sin City: A Dame to Kill For (2014)
1080p HEVC
5.8
Shotgun Wedding (2023)
Shotgun Wedding (2023)ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB ...
movie
Shotgun Wedding (2023)
2023
8.4
La La Land (2016)
(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie
La La Land (2016)
2016
4K HEVC
5.6
Machete Kills (2013)
2010 ကထွက်ရှိထားတဲ့ Machete ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်...ထုံးစံအတိုင်း ပွဲကတော့ ရှယ်ကြမ်းပါတယ်...မင်းသမီးတွေသုံးထားတာလဲ အလန်း...Lady GaGa...Amber Heard....Jessica Alba...Michelle Rodriguez....Alexa PenaVega....Sofía Vergaraစသည်ဖြင့် ရင်ကိုပူနွေးစေတာချည်းပဲ...မင်းသားတွေလဲ ဖိုက်တာတွေ..ခုတ်မယ် ဖြုတ်မယ် ဆိုတာချည်းပဲ...ငယ်ငယ်တုန်းက ဗွီဒီယိုရုံဆိုင်းဘုတ်လို ဒီဇာတ်ကားက" မင်းသမီးအလန်း..တကယ်စွမ်း...သေချင်ရာသေဇမ်း..အကြမ်းပတမ်း..မဟာဘဂျမ်း...ရုံတင်ပြီ" ။Machete (2010) ကို မကြည့်ရသေးရင် https://channelmyanmar.to/machete-2010/ ဒီမှာကြည့်ပါ။ File size…(1,9 GB) and (1.2 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Machete Kills (2013)
6.8
The Endless (2017)
IMDB 6.8 နဲ့ Rotten tomato 96% ရရှိထားတဲ့ဇာတ်ကားလေးပါ။Horror,Mystery ကားတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝအကြိုက်တွေ့မှာသေချာပါတယ်။ဂြိုလ်သားဝတ္ထုတွေနဲ့နာမည်ကြီးတဲ့စာရေးဆရာရေးထားတယ်ဆိုပေမယ့် ဂြိုလ်သားတစ်ခန်းမှမပါလိုက်တာတော့သေချာပါတယ်။လူတွေနဲ့ လူတွေအကြောင်းကိုပဲ ထူးထူးဆန်းဆန်းပုံစံမျိုး အလှည့်အပြောင်းလေးတွေနဲ့ပြထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်သားဖမ်းခံဖို့ စခန်းချသွားတဲ့သူတွေဆီက ထွက်ပြေးလာခဲ့တဲ့ Justin နဲ့ Aaron တို့ညီအစ်ကိုနှစ်ယောက် စိတ်ပိုင်းဆိုင်ရာကုသမှုတွေခံယူနေရာကနေ Aaron တစ်ယောက်သူကြိတ်ပြီးကြွေခဲ့ရတဲ့ စခန်းက Anna ရဲ့ Video ကိုတွေ့မိပြီးပြန်သွားချင်စိတ်ပေါက်လို့အစ်ကိုဖြစ်သူကပြန်လိုက်ပို့ပေးခဲ့ရပါတယ်။သူတို့ Acadia စခန်းကိုရောက်တဲ့အခါမှာတော့ သူတို့ထွက်လာတုန်းကအတိုင်းနုပျိုနေတဲ့ စခန်းကလူတွေကိုတွေ့ကြပြီးတော့.....(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Fantasy, Horror, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-FGT Translated by d3mon Encoded by Thanhtike ...
movie
The Endless (2017)
2017