Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cal Macaninch
6.4
The Awakening (2011)
Horror ပရိသတ်များအတွက် slow burn လေးနဲ့ ဖြည်းဖြည်းချင်းကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော်ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominicWest နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်းများခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး ImeldaStaunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း--------------------အမျိုးသမီးတွေဟာ ပညာရေးပိုင်းနဲ့မသက်ဆိုင်ဘူးလို့ တစ်ပိုင်းတစသတ်မှတ်ထားကြတဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအချိန်မှာ ဖလောရန့်စ်ကတော့ ပညာရေးပိုင်းထူးချွန်ပြီး အင်္ဂလန်ရဲ့ အထက်မြက်ဆုံးလူတွေထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားလေ့လာနေတဲ့သူဖြစ်တဲ့အလျောက် လက်တွေ့အရှိတရားတွေကိုပဲယုံကြည်ပြီး သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးလို့မှတ်ယူထားတာပါ။ ဒီလိုမှတ်ယူထားတဲ့အတွက် သူ့ရဲ့ ကောင်းမွန်တဲ့ဉာဏ်စွမ်းနဲ့အတွေးအခေါ်တွေကို ပေါင်းစပ်အသုံးချပြီး မြို့တွင်းက သရဲတစ္ဆေခေါ်ပွဲတွေ၊ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သရဲယောင်ဆောင်ထားတဲ့လူတွေကို လက်ပူးလက်ကြပ်ဖမ်းပြကာ ဝိညာဉ်တွေတကယ်မရှိကြောင်းသက်သေလိုက်ပြလေ့ရှိပါတယ်။တစ်နေ့မှာတော့ ...
movie
The Awakening (2011)
7.7
Dear Frankie(2004)
Dear Frankie(2004)******************IMDB မှာ rating 7.7 ထိရရှိထားပြီး အားလုံးရဲ့ရင်ထဲကိုထိစေမယ်ဆိုတာပြောစရာမလိုပါဘူး ဖရန်ကီက နားမကြားတဲ့ကောင်လေးတစ်ယောက်ပါ။ ဖရန်ကီရဲ့အမေကတော့ဖရန်ကီရဲ့အဖေနဲ့ ဘာလို့တစ်ကွဲတစ်ပြားစီ ဖြစ်နေတယ်ဆိုတာကိုသားလေးဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားမှာဆိုးလို့မသိစေချင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ဖရန်ကီရဲ့ အဖေကို သင်္ဘောသားအဖြစ်နဲ့ စိတ်ကူးယဉ်ဖန်တီးပြီး သားဆီကို စာတွေရေးပို့နေခဲ့ပါတယ်။တစ်နေ့မှာတော့ ဖရန်ကီဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေသူ့ဆီလာတွေ့မယ် မတွေ့ဘူး ဆိုတာကို လောင်းကြေးထပ်ခဲ့ပါတယ်။ ဒီတော့ ဖရန်ကီရဲ့ အမေဟာ သူစိမ်းတစ်ယောက်ကိုငှားရမ်းပြီး ဖရန်ကီရဲ့အဖေနေရာမှာ ဟန်ဆောင်ပေးဖို့ဖြစ်လာရပါတော့တယ်။ ဖရန်ကီကရော သူလောင်းထားတဲ့ ကိစ္စမှာ အနိုင်ရရှိသွားမလား။ သူ့အမေရဲ့စိတ်ကူးယဉ်ဇာတ်လမ်းကကော ဘာဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှု့စားလိုက်ပါခင်ဗျာ... File Size :(2.1GB) and (683MB) Quality : AMZN.WEB-DL1080p5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae
movie
Dear Frankie(2004)
6.7
Calibre (2018)
Netflix ရဲ့ နောက် Movie တစ်ခုကို ထပ်မံ တင်ဆက်ပေးလိုက်ပါပြီ Netflix ရဲ့ ထုံးစံအတိုင်း တွေးစရာတွေ အများကြီးပေးပြီး ပေါ့ပေါ့ပါးပါး ဇတ်လမ်းလေးကိုပဲ စိတ်ဝင်စားစရာတွေ တစ်ပုံကြီး နဲ့ စွဲဆောင်ထားပြန်ပါတယ်.... ဇတ်လမ်းပုံစံကတော့ ဘော်ဒါဆောင်နေကတည်းက လက်တွဲလာခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက်ဟာ အမဲပစ်ရာသီမှာ အပျော်တမ်း အမဲပစ်ဖို့ ကားတစ်စီး နဲ့ သေနတ်တွေ သယ်ပြီး ခရီးထွက်လာခဲ့ပါတယ်... သူတို့ရောက်တဲ့ မြို့မှာတော့ စရိုက်ကြမ်းတယ်လို့ ပြောလို့ရတဲ့ လူတွေ နေပြီး ဥပဒေစိုးမိုးမှု သိပ်မရှိလှပါဘူး ဒါကြောင့် စည်းကမ်း တစ်ချို့ကို လိုက်နာရပြီး နယ်မြို့လေး ရဲ့ ပြသနာရှိမယ့် လူတစ်ချို့ ကို ရှောင်ပြီး အမဲလိုက်ရမယ့်အကြောင်း သူတို့ကို သတိပေးထားပြီး ဖြစ်ပါတယ်.... မားကပ်စ် က သူဌေးသား တစ်ယောက်ဖြစ်ပြီး ဗွမ် ကို အမြဲတမ်းလိုလို ကာကွယ်ပေးတက်သူပါ သူအချစ်ဆုံး သူငယ်ချင်းအတွက် ဘာပဲ လုပ်ရ လုပ်ရ လုပ်ပေးမယ့် သူ တစ်ယောက်ပေါ့... သူငယ်ချင်း ၂ ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ချစ်ပြီး အသတ်ပေးဖို့ လဲ ဝန်မလေးကြပါဘူး... ဒီလိုနဲ့ သူငယ်ချင်း နှစ်ယောက် သေနတ်တွေ သယ်ပြီး သူတို့ ကားလေးနဲ့ တောအုပ်ထဲ ဝင်ခဲ့တယ် တောစပ် တစ်နေရာမှာတော့ သားကောင် ...
movie
Calibre (2018)
2018
6.0
Doomsday (2008)
သိပ္ပံ စိတ်ကူးယဉ် အက်ရှင် ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Reaper Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် အကြောင်းရိုက်ကူးထားတာပါ။ ဒီဗိုင်းရပ်စ်ဟာဆိုရင် စကော့တလန်နိုင်ငံမှာ စတင်ပျံ့နှံ့ပြီး လူထောင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ဗြိတိန် အစိုးရဟာ ဒီကိစ္စကို ထိန်းချုပ်ဖို့ အတွက် အသက်ရှင်ကျန်နေတဲ့ သူတွေကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး တံတိုင်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ် ရောဂါကူးစက် ခံထားရသူတွေနဲ့ မကူးစက်ခံထားရသေးတဲ့သူတွေကို ခွဲခြားထားခဲ့ရောဂါကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၃၀ ခန့်ကြာပြီးတဲ့ နောက် လန်ဒန်မှာ နောက်တစ်ကြိမ် ဒီဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအချိန်မှာ အစိုးရဟာဆိုရင် ယခင်ကူးစက်ခံခဲ့ရတဲ့ နေရာမှာ ဖြေဆေးနဲ့ ပတ်သတ်တာ ရှိနေတယ် ဆိုတာ သတင်း ရရှိခဲ့ပါတယ် အဲ့အတွက် မေဂျာ အီဒင် ဆင်ကလဲယား ဦးဆောင်တဲ့ အဖွဲ့ကို ဖြေဆေးကိစ္စ အတွက် ကမ္ဘာကြီးနဲ့ သီးသန့်ခွဲထားတဲ့ နေရာ ကို စေလွှတ်ပါတော့တယ်….. ဒီလို နှစ်ပေါင်းများစွာ လူသားတွေနဲ့ ကင်းကွာနေတဲ့ ရောဂါ ကူးစက် ခံရတဲ့ ...
movie
Doomsday (2008)
2008