Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Burnell Tucker
8.3
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)
ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။(ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)
8.7
Star Wars: Episode V – The Empire Strikes Back (1980)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode V – The Empire Strikes Back (1980)
4K HEVC
8.6
Star Wars: Episode IV – A New Hope (1977)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode IV – A New Hope (1977)
4K HEVC
6.1
Lifeforce (1985)
Lifeforce (1985) Genre – Action, Horror, Mystery IMDB – 6.1/10 ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့်ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာအမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီးသွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိတခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီးထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါတခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ်ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ဒီလိုနဲ့ ...
movie
Lifeforce (1985)
1985
7.4
Superman I (1978)
Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie
Superman I (1978)
1978
7.5
The Omen (1976)
The Omen (1976)~ IMDb - 7.5/10, RT - 86%, Meta - 62% ~တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး ...
movie
The Omen (1976)
1976
8.3
2001: A Space Odyssey(1968)
2001: A Space Odyssey(1968) IMDb....8.3;;;;;;;;Rotten....92% ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကိုပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။ လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်...ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာမမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာအထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင်2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ2001 ရုပ်ရှင်အကြောင်း၊ Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီး ဒီရုပ်ရှင်ဟာ ...
movie
2001: A Space Odyssey(1968)
1968
8.4
The Shining (1980)
The Shining (1980) IMDb - 8.4/10_____Rotten - 84% Unicode ********** CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကအရမ်းအောင်မြင်ခဲ့တဲ့ Drama/ Horrorဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ကျော် The Shawshank Redemption ဇာတ်ကားရဲ့မူရင်းစာရေးဆရာ Steven King ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 84% ရရှိခဲ့တာပါ။Old but Gold ပါပဲ.... ဇာတ်လမ်းကတော့...........ဘဝမှာ အောင်မြင်မှုမရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ်ယောက်...ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့မိခင်တစ်ယောက်.... ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ်ရာကောင်းတဲ့ ကောင်လေးတစ်ယောက်.....အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီးယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ကော်လိုရာဒိုကရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်းဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ပြီးတဲ့နောက်မှာတော့........ ဒီဇာတ်ကားမှာ အော်စကာဆုအတွက်ရာထားခံရမှုအများဆုံးနဲ့၊ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့သူဖြစ်တဲ့ Jack Nicholson က ခေါင်းဆောင်ပါဝင်ထားပြီး ...
movie
The Shining (1980)
1980