Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Burghart Klaußner
7.8
The White Ribbon (2009)
ဒီကားကတော့ 2009 ခုနှစ်မှာ ရွှေကမ္ဘာလုံးဆုနဲ့ Palme d'Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုအများကြီးရထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ် မစခင် ဂျာမန် ရွာလေးတစ်ရွှာ မှာ ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပြီး တစ်ရွာလုံးမှာ ဟိုလူထင်ဒီလူထင်နဲ့ ရက်စက်မှုတွေသံသယဝင်မှုတွေနဲ့ ပြည့်နှက်နေပြီး လူ့သဘာဝတွေကိုဖော်ထုတ်ပြနိုင်တဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းကို ဒီထဲက ဇာတ်ကောင် ကျောင်းဆရာကာပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ လူတွေရဲ့နက်နဲရှုပ်ထွေးတဲ့ စိတ်တွေ အကြမ်းဖက်မှုတွေ အမှောင်ဘက်ခြမ်းတွေကို လူသဘာဝဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ဒီ dark ဖြစ်တဲ့ feeling တွေ ညစ်ညမ်းမှူတွေကိုပေါ်လွင်အောင် Black and white နဲ့ပဲ ရိုက်ထားပါတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:24:00 Genre... Drama, Mystery, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
The White Ribbon (2009)
The Edukators (2004)
ဒီဇာတ်ကားလေးက အရင်းရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးဖြစ်တဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီဆိုတဲ့ လူငယ်သုံးယောက်အပေါ် အခြေခံထားပါတယ်။ သူတို့ကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ လူမှုရေးအရမညီမျှမှုတွေနဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံကို စိတ်ပျက်နေကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ဇန်နဲ့ ပီတာ က "The Edukators" ဆိုတဲ့ အဖွဲ့တစ်ဖွဲ့လုပ်ထားပြီး ညဘက်ကျရင် ချမ်းသာတဲ့အိမ်ကြီးတွေထဲဝင်ပြီး ဘာပစ္စည်းမှမခိုးဘဲ ပစ္စည်းတွေကို နေရာပြန်ချပြီး အိမ်ပိုင်ရှင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စာတစ်စောင်ချန်ထားတတ်ပါတယ်။ဂျူလီကတော့ ဟာဒန်ဘက်ချ် လို့ခေါ်တဲ့ ချမ်းသာတဲ့ စီးပွားရေးသမားရဲ့ကားကို တိုက်မိတဲ့မတော်တဆမှုကြောင့် အကြွေးတွေတစ်ပုံတစ်အောကြီးကို အလုပ်လုပ်ရင်းဆပ်နေရတဲ့သူပါ။ တစ်ရက်တော့ ဂျူလီနဲ့ ဇန်တို့နှစ်ယောက်သား အဲဒီ သူဌေးရဲ့ ဗီလာထဲ ခိုးဝင်ရာကနေ ဟာဒန်ဘက်ချ် နဲ့ ပင်ပင်းတိုးတဲ့အခါမှာတော့ သူ့ကိုပြန်ပေးဆွဲဖို့ကြံလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့...ဟာဒန်ဘက်ချ် ကို သူတို့ ဘာဆက်လုပ်မလဲ၊ သူနဲ့ ပတ်သက်ရင်းနဲ့ သူတို့ရဲ့အယူဝါဒယုံကြည်ချက်တွေနဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီ ...
movie
The Edukators (2004)
Good Bye, Lenin! (2003)
IMDb Rating – 7.7/10အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ ...
movie
Good Bye, Lenin! (2003)
7.0
The Silence (2010)
၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence)ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama,Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာလယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ်ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲတစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်းတူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့်ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီးရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းကမတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်းပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီးတစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ..ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲမှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့်တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie
The Silence (2010)
6.5
Inbetween Worlds (2014)
Inbetween Worlds (2014) =================== IMDb Rating - 6.5/10ဂျာမန်စစ်သားတဦးဖြစ်တဲ့ ဂျက်စ်ပါဟာရဲ့ ညီဖြစ်သူက အာဖဂန်နစ်စတန်မှာကျဆုံးထားပေမယ့် နောက်တကြိမ် ထပ်ပြီး အာဖဂန်မှာ တာဝန်ထမ်းဆောင်ရန်ထွက်ခဲ့ပါတယ်။ သူ့တာဝန်က တာလီဘန်တွေရဲ့ရန်ကနေရွာတရွာကို ဒေသခံ အာဘတ်ကီတပ်ဖွဲ့တွေနဲ့ အတူတူကာကွယ်ပေးရမှာဖြစ် ပါတယ်။အဲ့ဒီမှာဂျက်စ်ပါရဲ့ စကားပြန်ဖြစ်သူ တာရစ်နဲ့ သူ့ညီမလေး တို့ဟာ ဂျာမန်စစ်တပ်အတွက် စကားပြန်လုပ်ပေးနေလို့ တာလီဘန်တွေရဲ့ ခြိမ်းခြောက်ခံနေရပါတယ်။ တာရစ်နဲ့ ခင်မင်ရင်းနှီးသွားပြီးနောက် သနားစိတ်တွေပေါ်လာတဲ့ ဂျက်စ်ပါတယောက် တာရစ်ညီမလေးဒုက္ခကြုံလာတဲ့အခါ အထက်အမိန့်တွေလွန်ဆန်ပြီး ကယ်တင်နိုင်မလား ဆိုတာကို စစ်ပွဲနောက်ခံ ဒရာမာ လေးတွေကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.92 GB) / (831 MB) / (476 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 38Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......Chit Min Thu Encoder..........SWM
movie
Inbetween Worlds (2014)
2014
7.6
The Reader (2008)
IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ရသစုံပါတယ်...ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ..သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ...ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon
movie
The Reader (2008)