Channel Myanmar

Burgess Jenkins

The Reaping (2007) 5.8
The Reaping (2007)  တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချောHilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elbaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီးIMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက်ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီးအံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကိုသိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကိုပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်းဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလိုဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက်အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်းကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူးချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲလာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေနတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.77GB / 900MB Quality…Blu -Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 39m Genre ….. Horror  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Reaping (2007)

Remember the Titans (2000) 7.8
Remember the Titans (2000) Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ အတော်ဆုံးကစားသမားကတော့ ကစား‌မှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကား‌လေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှု‌ပြင်းထန်ဆဲကာလဖြစ်တဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့ တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့ American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်... တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက် လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။ အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့ လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ် လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲ...လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ... သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး ဆုပေါင်း ...
movie

Remember the Titans (2000)

2000
4K HEVCHDR
Southern Gospel(2023) 6.7
Southern Gospel(2023) Southern Gospel(2023)*********************ဒီဇာတ်ကားဟာ ၁၉၆၀ ခုနှစ်အလွန်က ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံထားပါတယ်။ဆမ်မြူရယ်အယ်လန်ဟာ သူ့ရဲ့အဖေနဲ့ ဂီတကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ပါ။သူရဲ့အဖေက သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အိပ်မက်ကလည်း ကိုယ်ပိုင် ဘုရားကျောင်းတစ်ခုကို တည်ထောင်ဖို့ပါ။ သို့ပေမယ့် ငယ်စဉ်အခါက အိပ်မက်တွေဟာ အပေါင်းအသင်းနဲ့ သူ့ပတ်ဝန်းကျင်ကြောင့် မှေးမှိန်သွားပါတော့တယ်။လမ်းသလား ဆိုးသွမ်းပြီးနောက် အချုပ်ထဲရောက်သွားတဲ့အခါကျမှ သူ့ရဲ့ အတိတ်အကြောင်းနဲ့ ငယ်စဉ်အခါကသူ့ရဲ့အဖေလို တရားဟော သင်းအုပ်ဆရာဖြစ်ချင်ခဲ့တာတွေကို ပြန်ပြီး သတိရသွားခဲ့ပါတော့တယ်။ ဘုရားသခင်ကပေးတဲ့ ဒုတိယအခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော...... မည်သို့ပင်ဆိုစေကာမူ ဒီဇာတ်ကားလေးထဲမှာဆိုရင် ပေးချင်တဲ့ message တွေအများကြီးပါဝင်ပါတယ်။အကြိုက်ဆုံးတစ်ခုကတော့ "Never Surrender your dreams" ဆိုတဲ့စာသားလေးပါပဲ။File Size :(2.08GB) and (780MB) Quality : AMZN.WEB-DL 1080p,720p Format…mp4 Duration…01:49:00 Genre :Biography, Music , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo ...
movie

Southern Gospel(2023)

Noelle(2019) 6.3
Noelle(2019) Noelle(2019)အညႊန္း******************IMDb....6.3(unicode)၂၀၁၉ ထွက် ခရစ္စမတ်နောက်ခံနဲ့ ရိုက်ကူးထားတဲ့ Fantasy, Comedy ဇာတ်ကားလေးပါ။Pitch Perfect ဇာတ်ကားက မင်းသမီးချော Anna Kendrick က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Santa Claus တစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားတော့ သူ့ရဲ့သားဖြစ်သူKringle မျိုးရိုးရဲ့ အကြီးဆုံးသား Nick Kringle က Santa Claus နေရာကို ဆက်ခံဖို့အတွက် ပြင်ဆင်ရပါတော့တယ်။အဲဒီလိုပြင်ဆင်ရင်း Nick တစ်ယောက် စိတ်ဖိစီးမှုတွေများနေတဲ့အတွက် ညီမဖြစ်သူ Noelle ကပိတ်ရက်အပန်းဖြေခရီးသွားပြီး အနားယူဖို့အကြံပေးလိုက်ရာမှာ Nick တစ်ယောက်ထွက်သွားပြီး ပြန်မလာတဲ့အတွက်Santa နေရာက လစ်လပ်နေပါတယ်။ အဲဒီကိစ္စကိုဖြေရှင်းဖို့အတွက် အနားယူဖို့ အကြံပေးလိုက်တဲ့ Noelleတစ်ယောက် သူ့မှာ တာဝန်ရှိတယ်လို့ ယူဆပြီး အစ်ကိုပျောက်ရှာပုံတော်ဖွင့်ပါတော့တယ်။ သူ့အစ်ကိုကိုရှာရင်းဘယ်လိုအလွဲတွေဖြစ်မလဲ၊ ခရစ္စမတ်အမီ Santa ကိုတွေ့နိုင်ပါမလားဆိုတာကို IMDB Rating6.3 ရထားတဲ့ ဒီကားလေးမှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ကြည့်လိုက်ပါတော့။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ...
movie

Noelle(2019)

2019