Channel Myanmar

Bryan Greenberg

Bride Wars (2009) 5.5
Bride Wars (2009) IMDB: 5.5Rotten Tomatoes: 10%Genre: Comedy/Romanceဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင်Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။Bride Wars (2009) ကသက်သေပါပဲ။တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီးမင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် "အမ်မာ နဲ့ လစ်ဗ်" ဆိုပြီးရှိတယ်။နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာမင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်းနှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကတိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု)လစ်ဗ်အဖြစ် မင်းသမီး Kate Hudsonဒန်နီယယ်အဖြစ် မင်းသား Steve Howeyဖလက်ချ်ဂျာအဖြစ် မင်းသား Chris ...
movie

Bride Wars (2009)

2009
Nobel Son (2007) 6.1
Nobel Son (2007) ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie

Nobel Son (2007)

Junction (2024) 5.2
Junction (2024)  ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Junction (2024)

The Mental State (2022) 6.1
The Mental State (2022) 2023 December တုန်းကမှ Release လုပ်ထားတဲ့ Drama/Mystery/Thriller ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ပြန်လည်ထူထောင်ရေးစခန်းမှာရောက်နေတဲ့ မိခင်ဖြစ်သူနဲ့ ဘဝကို ရုန်းကန်နေရတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ရဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာ ရလို့ရမှန်းမသိဖြစ်နေတဲ့ အရွယ်မရောက်သေးတဲ့ အန်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်.....လူပျိုဖော်ဝင်ခါစမှာ စိတ်ဝင်စားနေတဲ့မိန်းကလေးရဲ့ Attention ကိုရဖို့ ကြိုးစားနေရတဲ့သူ...Scholar ရဖို့အတွက် တခြားသူတွေနဲ့မတူဘဲ ဝါသနာပါတဲ့ Graphic novel တစ်အုပ်ဆွဲပြီး ကြိုးစားနေတဲ့ high school senior ကောင်လေး....Pressure တွေကြားမှာ တိမ်ငုပ်နေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဟာ လူသိရှင်ကြားဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(783 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

The Mental State (2022)

Round and Round (2023) 7.2
Round and Round (2023)  ဇာတ်လမ်းလေးကိုတော့ ရေချယ်က မိဘဖြစ်သူတွေရဲ့ပထမဦးဆုံးတွေ့ဆုံချစ်ကြိုက်ခဲ့တဲ့နှစ်ပတ်လည်ဖြစ်တဲ့ ဟာနူကာပွဲတော် ခုနစ်ရက်မြောက်နေ့ကို သွားရောက်ဆင်နွှဲတာကို အစပြုထားပါတယ်။ ရေချယ်တစ်ယောက် သူတန်ဖိုးထားတဲ့ မိဘများရဲ့တွေ့ဆုံမှု အထိမ်းအမှတ်ဖြစ်တဲ့ ဂျယ်လီဒိုးနပ်တွေကို သွားယူပြီးနောက်မှာ ဆက်တိုက်ဆိုသလို တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့သာ ကြုံနေရပါတော့တယ်။နောက်တော့ သူမကို အဘွားဖြစ်သူက ကောင်လေးတစ်ယောက်နဲ့မိတ်ဆက်ပေးပြီး မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းဒရေတယ်ကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်။ ရေချယ်တစ်ယောက် မောင်နှမတွေရဲ့တိုက်တွန်းမှုကြောင့် ဒရေတယ်ကစားနည်းကို အဘွားဖြစ်သူပေးထားတဲ့ ဒရေတယ်ဖြင့် ဝင်ရောက်ကစားရာမှ တူညီတဲ့တစ်ရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းနေရတဲ့ ထူးဆန်းဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်ကို ကျော်လွှားဖို့ သူ ဘယ်လိုအဖြေရှာမလဲ။ ဒီအဖြစ်အပျက်ရော ဘာကြောင့်ဖြစ်လာတာလဲ။တရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းပြီးနောက်မှာ ရေချယ်တစ်ယောက် သူမရဲ့အခက်အခဲတွေကိုရော ဖြေရှင်းနိုင်ပါ့မလား စသဖြင့် အရွယ်ရောက်ပြီးသူတိုင်းတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကို အံ့ဖွယ်ဖြစ်ရပ်နဲ့ အချစ်ဟာသရောပြိီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူးလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ဟာနူကာပွဲတော်ဓလေ့ကိုလည်း တစေ့တစောင်းလေ့လာခွင့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Fantasy Subtitle….Myanmar ...
movie

Round and Round (2023)

The Perfect Score (2004) 5.7
The Perfect Score (2004) Perfect Score Movie SynopsisIMDb 5.7/10 အားလုံးသိကြတဲ့ Marvel သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans နဲ့Scarlett Johansson တို့ရဲ့ ဆယ်ကျော်သက်အရွယ်လူငယ်ဆန်တဲ့ သရုပ်ဆောင်ပုံတွေကို မြင်ရမဲ့မိသားစုကြည့်လို့ရတဲ့ မှုခင်း ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအထက်တန်းကျောင်းသား Kyle (Chris Evans) ဟာ ရည်မှန်းချက်ကြီးပြီး ကြိုးစားတဲ့လိမ္မာတဲ့ကျောင်းသားတစ်ယောက်ပါ။GPA လို့ခေါ်တဲ့ အတန်းတွင်းရမှတ်ကောင်းတယ်ဆိုပေမဲ့သူတက်ချင်တဲ့ ဗိသုကာကောလိပ်ကိုတက်ခွင့်ရဖို့ကောလိပ်ဝင်ခွင့် S.A.T စာမေးပွဲမှာ သတ်မှတ်ထားတဲ့အမှတ်မရတဲ့အခါမှာတော့ သူနဲ့ အခြေအနေအတူတူပဲဖြစ်တဲ့သူငယ်ချင်း Matty နဲ့ပေါင်းပြီး ရသမျှနည်းလမ်းနဲ့အဖြေလွှာတွေခိုးဖို့ ကြံစည်ပါတော့တယ်။Matty နဲ့ Kyle နှစ်ယောက်သားဟာ အကူအညီရနိုင်တဲ့နေရာမှန်သမျှလိုက်စုံစမ်းကြည့်တဲ့အခါ Francesca (Scarlett Johansson) လို့ခေါ်တဲ့ကောင်မလေးရဲ့ အဆက်အသွယ်တွေနဲ့အဖြေလွှာတွေခိုးလို့ရနိုင်ကြောင်း သိသွားတဲ့နောက်မှာတော့လိမ္မာတဲ့ကျောင်းသားလေး Kyle၊ ကံဆိုးသူ သူငယ်ချင်း Matty၊ ကလန်ကဆန်ကောင်မလေး Francesca တို့နဲ့အတူ နောက်ထပ် သုံးယောက်အနေနဲ့ ဘယ်သူတွေထပ်ပါလာပြီးအဖြေလွှာတွေ ဘယ်လိုခိုးဖို့ ကြံစည်ကြလဲအထက်တန်းကျောင်းသား ၆ ယောက်ကကော ...
movie

The Perfect Score (2004)

2004
You People (2023) 5.5
You People (2023) You People (2023)နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။Jonah Hill နဲ့ Eddie ...
movie

You People (2023)

2023
Same Time, Next Christmas(2019) 6.5
Same Time, Next Christmas(2019) Same Time, Next Christmas(2019)(unicode)ခရစ်စမတ်ရက်လေးမှာ အ Ro ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်...ကိုရီးယား Ro တာတွေနေခဲ့လိုက်တော့ပဲ....အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ အားလပ်ရက်တွေကို ခုံမင်သူတစ်ယောက်ပါ...အထူးသဖြင့် ခရစ်စမတ်အားလပ်ရက်ပေါ့သူတို့မိသားစုဟာ ခရစ်စမတ်အားလပ်ရက်တိုင်းမှာ ဟာဝိုင်ရီကမ်းခြေကို အပန်းလာဖြေတတ်ကြပါတယ်....သူတို့နဲ့ အလားတူ ဟာဝိုင်ရီကို နှစ်တိုင်း လာရောက်အပန်းဖြေတတ်တဲ့မိသားစုတစ်ခုကတော့ ဝီလီယမ်မိသားစုပါအဲ့ဒီမှာ မိသားစုနှစ်ခု တွေ့ဆုံခဲ့ပြီး ဝီလီယမ်မိသားစုရဲ့ သားဖြစ်သူ ဂျက်ဖ်နဲ့ အင်ဒါဆန်မိသားစုရဲ့ သမီးဖြစ်သူ အိုလီဗီယာတို့ ရင်းနှီးခဲ့ရာကနေ နှစ်တိုင်း ခရစ်စမတ်ရောက်ရင် ဟာဝိုင်ရီကမ်းခြေမှာ အတူတူ အပန်းဖြေဖြစ်လာတဲ့အထိပါပဲတစ်နှစ်မှာတော့ ခရစ်စမတ်အားလပ်ရက်မှာ ဝီလီယမ်တို့မိသားစုဟာ ကမ်းခြေကို ရောက်မလာခဲ့ဘဲ အရာရာ အဆက်အသွယ်ပြတ်ခဲ့ပါတယ်...ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ သူတို့တွေ ပြန်လည်စုံတွေ့ကြချိန်မှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်....(zawgyi)ခရစ်စမတ်ရက်လေးမှာ အ Ro ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်...ကိုရီးယား Ro တာတွေနေခဲ့လိုက်တော့ပဲ....အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ အားလပ်ရက်တွေကို ခုံမင်သူတစ်ယောက်ပါ...အထူးသဖြင့် ခရစ်စမတ်အားလပ်ရက်ပေါ့သူတို့မိသားစုဟာ ခရစ်စမတ်အားလပ်ရက်တိုင်းမှာ ဟာဝိုင်ရီကမ်းခြေကို ...
movie


Friends with Benefits (2011)
Friends with Benefits (2011)  မင်းသားကတော့ နာမည်ကျော် အဆိုတော် ဂျက်စတင်တင်းဘားလိတ်...မင်းသမီးက နာမည်ကြီးမော်ဒယ်သရုပ်ဆောင် မီလာကူးနစ်....မင်းသားရော မင်းသမီးရောက အချစ်ရေးမှာ မျှော်လင့်ချက်တွေအကြီးကြီး ထားမိပြီး အဲ့ဒီ့မျှော်လင့်ချက်တွေ အလွယ်တကူကွဲအက်သွားတာကို မချိမဆန့်ခံနေရသူတွေပါ။တစ်နေ့မှာ သူတို့နှစ်ယောက် အလုပ်ကိစ္စတစ်ခုကြောင့် ထိပ်တိုက်တွေ့ဆုံ ခင်မင်လာရာကနေ....အချစ်ဆိုရင် ကြောက်နေမိတဲ့ သူတို့နှစ်ယောက်  အချစ်မပါတဲ့ တွယ်ညှိမှုတွေကို ဘယ်လိုတည်ဆောက်မလဲ....Friends with Benefits ဆိုတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက် Just Sex ယုံကလွဲပြီး သူငယ်ချင်းလို နေကြတာဟာ အဆင်ချောမွေ့ပါ့မလားဆိုတာ....။IMDb Rating (6.6) ရရှိထားတဲ့ Romance/Comedy ဇာတ်ကားလေးကို ကြည့်ရှုခံစားပေးပါဦး။(သူငယ်ချင်းလိုကနေ Just Sex ယုံပဲ..ကျန်တာဘာအကန့်မှ မရှိဘူးဆိုတဲ့ Relationship ကြီးကတော့ အဆန်းကြီးနော်...အဲ့လို RS ကို အားကျနေမိရင် ကိုယ့်သူငယ်ချင်းတွေကိုလဲ Friends with Benefits မလားလို့ လိုက်မေးကြည့်လေ...:P)  File size…(999 MB) Quality…BluRay Rip 720p Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Friends with Benefits (2011)