Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bruno Sanches
The Deep Dark (2023)
IMDB 5.7/10 ရရှိထားတဲ့ ပြင်သစ် Horror/Adventure ဇာတ်ကားလေးဖြစ်ပြီး ဆု ၁၃ ဆုနဲ့ nomination ၂၅ ခု ဝင်ထားပါတယ်။ horror ဆိုပေမဲ့ အကောင်အထည်မမြင်ရဘဲ ခြောက်တာမျိုးမဟုတ်ဘဲ သွေးထွက်သံယိုတွေနဲ့ တချို့အခန်းတွေမှာ jump scare အခန်းတွေ ပါတာမျိုးပါ။ဇာတ်လမ်းအကျဉ်းကို ပြောရရင် ကျောက်မီးသွေး မိုင်းတွင်းတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဆီကို ပါမောက္ခတစ်ယောက်က ရှေးဟောင်းတူးဖော်ရေး နမူနာတွေလိုချင်တယ်ဆိုပြီး ရောက်လာပါတယ်။ အထက်လူကြီးရဲ့အမိန့်နဲ့ ဘောနပ်စ်လည်း ပိုပေးမယ်လို့ဆိုတာမို့ ပါမောက္ခအလိုကျ သူလိုချင်တဲ့ အနက်အထိ ဆင်းပြီး မိုင်းတွင်းထဲ ခေါ်သွားမိတဲ့ အဖွဲ့ခမျာ သူတို့ကို ဘာတွေစောင့်ကြိုနေလဲဆိုတာကို မသိဘဲ အန္တရာယ်တွင်းထဲ သက်ဆင်းမိသွားရာမှာတော့...ပါမောက္ခလိုချင်တဲ့ နမူနာဆိုတာ ဘယ်လိုအရာများလဲ။ သူတို့ကို စောင့်ကြိုနေတဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆီကရော သူတို့တစ်ဖွဲ့လုံး လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File ...
movie
The Deep Dark (2023)
Dealing with Christmas (2023)
ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Dealing with Christmas (2023)