Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bruno Lochet
6.9
Summer of 85 (2020)
ဒီဇာတ်လမ်းလေးကိုအခေခံထားတာကတော့ ၁၉၈၅ခုနစ်ရဲ့ နွေရာသီတစ်ခုမှာပါ စာမေးပွဲဖြေပြီး ကြားကာလအချိန်ဆိုတော့ လူငယ်သဘာဝအချိန်ပိုင်းအလုပ်လေးလုပ်ပြီး ပျော်လိုက်ပါးလိုက်နေချိန်ပေါ့ အဲဒီလိုလူငယ်ထဲမှာ အဲလက်စီလို့ခေါ်တဲ့ခပ်နွဲ့နွဲ့ကောင်လေးလည်းပါပါတယ်သူတို့မိသားစုကကမ်းခြေနားကိုပြောင်းလာပြီးနေတာသိပ်မကြာသေးပါဘူး ဒါပေမဲ့ အဲလက်စီကတော့သူ့သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ လှေအပျော်လွင့်ဖို့သွားတတ်ပါတယ် တစ်နေ့မှာတော့ သူ့သူငယ်ချင်းမအားလို့ လှေကိုတစ်ယောက်ထဲရွက်လွင့်ရင်းနဲ့ လှေမှောက်ပါတော့တယ် ဒါပေမဲ့ကံကောင်းချင်တော့ ဒေးဗစ်ဆိုတဲ့သူနဲ့သက်တူရွယ်တူကောင်ချောလေးက အဲဒီနားမှာရှိနေပြီးသူ့ကိုကယ်နိုင်လိုက်ပါတယ် ပြီးတော့သူ့အိမ်ကိုခေါ်သွားပြီး သူ့အမေနဲ့မိတ်ဆက်ပေးကာ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်ဒီလိုဂရုစိုက်ခံလိုက်ရတော့ အဲလက်စီကဒေးဗစ်ကိုစကြွေလာပါတော့တယ် ဒီလိုနဲ့သူတို့နှစ်ယောက်အချိန်တွေတူတူကုန်ဆုံးကြရင်းလိင်တူအတွဲလေးလိုဖြစ်လာကြပါတယ် ဒီလိုနဲတစ်နေ့မှာတော့အရာအားလုံးကတစ်ခဏတွင်းပြောင်းလဲသွားပြီး သူတို့ကြားထဲက ကိတ် ဆိုတဲ့ကောင်မလေးတစ်ယောက်ကရောက်လာခဲ့ပါတယ် ဒီလိုနဲ့ပဲ ဘာတွေဆက်ဖြစ်သွားမလဲ ဒေးဗစ်နဲ့အဲလက်စီတို့ကရောလက်တွဲမြဲပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie
Summer of 85 (2020)
6.2
Gold Brick (2023)
Money Heist လို Plot twist တွေနဲ့ သူခိုးဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေ ပြင်သစ် သူခိုးရုပ်ရှင်လေးတစ်ကားလာပါပြီ။ဆွယ်ဗျားဆိုတဲ့ လူငယ်လေးတွယောက်ဟာ ရှားထရက်မြို့ သာမာန် လူလတ်တန်းစားမိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာသူပါ။ သူ့မှာ စကန်နီးရားလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နေတဲ့မြို့မှာ ဘိုးရစ်နှင့်သားများလို့ ခေါ်တဲ့ ရေမွှေးထုတ်ပိုးဖြန့်ချီရေးကုမ္ပဏီတစ်ခုက တစ်မြို့လုံးရဲ့ အလုပ်အခွင့်အလမ်းတွေကိုအုပ်စိုးထားပြီး ဘယ်လောက်ပင်ပညာတတ်ဖြစ် ေနပါစေ အဆုံးသတ်မှာတော့ ဒီစက်ရုံမှာပဲအလုပ်ဝင်ကြရပါတယ်။ဆွယ်ဗျားနဲ့ စကန်နီးရားတို့ဟာ အဲ့လိုမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ေပမယ့် အဆုံးမှာတော့အများနည်းတူ ဘိုးရစ်စက်ရုံမှာပဲ အလုပ်ဝင်ခံရပါတယ်။ သူတို့အလုပ်ဝင်ပြီးမကြာခင်မှာပဲ ဖခင်ဖြစ်သူဘိုးရစ် သေဆုံးသွားခဲ့ပြီး ဘိုးရစ်ဂျူနီယာက ကုမ္ပဏီကိုအမွေဆက်ခံခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆွယ်ဗျားတစ်ယောက် အလုပ်ကနေ အပိုဝင်ငွေရမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားတဲ့နောက် သာမာန် စက်ရုံအလုပ်သမားဘဝကနေ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနည်းတွေ၊ အခကါအခဲတွေကို ရုန်းကန်ကြိုးစားကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးပြင်သစ်စကားပြောရုပ်ရဗင်ဖြစ်တဲအတွက် Money Heist လို ခပ်ဆင်ဆင် Vibe မျိုးရမှာဖြစ်ပေမယ့် ဇာတ်လမ်းက Twisty ...
movie
Gold Brick (2023)
6.7
The Astronaut (2022)
The Astronaut (2022)~ IMDb rating - 6.7/10 ~ဒီကားလေးက ပြင်သစ်စကားပြော ဒရာမာအမျိုးအစားဖြစ်ပြီး Nomination နှစ်ခုလည်း၀င်ထားလောက်အောင်ကို အာကာသအကြောင်းရယ်၊ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့လူတစ်စုအကြောင်းရယ်ကို အချိုးညီညီပေါင်းစပ်ထားတဲ့ကားပါပဲ။ဂျမ်ဆိုတဲ့ လေကြောင်းအင်ဂျင်နီယာတစ်ယောက်ရဲ့အိပ်မက်က အာကာသယာဉ်မှူးဖြစ်ဖို့ပါ။ ဥရောပအာကာသအေဂျင်စီမှာ ၀င်ခွင့်ဖြေဖူးပေမဲ့ ကျခဲ့တာကြောင့် ကိုယ်ထူကိုယ်ထ ဒုံးပျံယာဉ်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲမှာ လမ်းလျှောက်ဖို့ကြံနေတာပါ။ သူနဲ့အတူ လောင်စာအတွက် ကူညီပေးတဲ့ ဓာတုပညာရှင်တစ်ယောက်ရှိပါတယ်။ နောက်ပိုင်းကျ ခရီးလမ်းကြောင်းကိုတွက်ချက်ဖို့ သင်္ချာပညာရှင်တစ်ယောက် အာကာယာဉ်မှူးဟောင်းတစ်ယောက်ပါလာပြီး သူတို့လူတစ်စု ကမ္ဘာ့ပထမဆုံး အပျော်တမ်း ခရီးသည်ပါအာကာသယာဉ်ကြီးတည်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲအာကာသလမ်းလျှောက်ဖို့လုပ်ကြပါတယ်။ သူတို့ရဲ့အိပ်မက်တွေ အနှောင့်အယှက်မျိုးစုံကြားထဲမှာ အောင်မြင်သွားရဲ့လားဆိုတာ အားလုံးပဲကြည့်ရှုခံစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 870MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - ...
movie
The Astronaut (2022)
2022
5.4
Apaches (2023)
Apaches (2023)"Apache" ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံးယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ...
movie
Apaches (2023)
2023