Channel Myanmar

Bruce Willis

Vendetta (2022) 3.5
Vendetta (2022) ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာ​တော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အ​နေနဲ့ ​တွေ့ရမှာဆို​တော့ တမျိုးဆန်းတာ​ပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်​ပြေးဟပ် တဲ့ လူကြမ်းလက်​​ဝှေ့သမားကြီးလည်း ပါဝင်ထားပါ​သေးတယ်။  အညွှန်းက​တော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်း​ဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာ​ပျော်ရွှင်တဲ့ ဘဝ​လေးကိုဖြတ်သန်း​နေရင်း တစ်​နေ့မှာ​တော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ​ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ ​သေဆုံးသွားပါတယ်၊ ဒန်ကန် အ​နေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့​ပေမယ့် မျက်မြင်သက်​သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီ​တွေလည်းမရှိလို့ တရား​သေလွတ်သွားခဲ့ပါတယ်။  သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပ​​ဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်​ယောက် ဥပ​ဒေပြင်ပက​နေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါ​ပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်​နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စား​ချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စား​ချေပွဲ ဆင်နွှဲကြ ပါ​တော့တယ်။File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Vendetta (2022)

2022
Corrective Measures (2022)
Corrective Measures (2022) Corrective Measures (2022) (မူရင်းကိုက 1080p မထွက်တဲ့အတွက် 720, 480p နဲ့ပဲ တင်ဆက်ပေးလိုက်ပါတယ်)ဘရုစ်ဝီလီရဲ့ နောက်ဆုံးဖြစ်လာမယ့် ရုပ်ရှင်တွေထဲက တစ်ကားပါ။ စူပါဟီးရိုးကားပါ။ နာမည်တူဂရပ်ဖစ် နိုဗယ်ကိုပဲ ရိုက်ထားတာပါ။ ပုံစံကတော့ The Boys Presents: Diabolical ထဲက အပိုင်းနှစ်နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ဘရုစ်ဝီလီရဲ့ ကာရိုက်တာကတော့ ပရော်ဖက်ဆာ X နဲ့အကုန်တူပါတယ်။ တူဆို အစကတည်းက ကတုံးပဲကိုး။ ဝှီးချဲတော့ မပါဘူးပေါ့။ တခြား Punisher တို့ Electro တို့ The Watcher တို့လည်း ပါတယ်။ ကပ္ပတိန်အမေရိကတို့ မာရှန်မန်းဟန်တာတို့အပြင် ဆိုက်ကလော့နဲ့အတူ တခြားဟီးရိုး ပေါင်းများစွာလည်းပါပါတယ်။X-men ထဲက ဆိုက်ကလော့ထက် ဒီက ဆိုက်ကလော့က ဆိုက်ကလော့နဲ့ပိုတူပါတယ်။ မျက်စိတစ်လုံးပဲ ပါဝါရှိတာပါ။ နောက် CW Flash ဖန်တွေအတွက် သတင်းကောင်းပြောရရင် ...
movie

Corrective Measures (2022)

2022
Fortress: Sniper’s Eye (2022) 4.3
Fortress: Sniper’s Eye (2022) Fortress: Sniper's Eye (2022)=====================ဒီကားထဲမှာတော့ အက်ရှင်မင်းသားကြီးBruce Willis က အငြိမ်းစား ထောက်လှမ်းရေးအရာရှိ Robert နေရာကသရုပ်ဆောင်ထားပါတယ်။ ဒီကားလေးက (၂၀၂၁)ကထွက်တဲ့ Fortress ရဲ့အဆက်ဆိုလည်းမမှားပါဘူး။ Russia မှာအဖမ်းခံထားရတဲ့ Sashaဆိုတဲ့ကောင်မလေးကိုကယ်ရင်း ဒဏ်ရာရခဲ့လို့နားနေရတဲ Robertတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေထိုင် ဒဏ်ရာတွေကုသနေရင်း မထင်မှတ်ထားတဲ့ သေပြီလို့ထင်ထားတဲ့ လူတစ် ယောက်ပေါ်လာပြီး သူ့ခိုးခဲ့တဲ့ပိုက်ဆံသန်း(၆၀၀)ကိုပြန်ယူဖို့အပြင် Robert တစ်ယောက်ကိုလက်စားချေဖို့လုပ်လာပါတော့တယ်။ဒါကတော့ Robertချစ်ရတဲ့လူတွေကိုဖမ်းပြီးသတ်ဖို့ပါပဲ။ ဒါပေမယ့်ထောက် လှမ်းရေးအရာရှိဟောင်းပီပီ Robertကလည်း ဉာဏ်နီဉာဏ်နက်ဉာဏ်ဝါတွေ ထုတ်ပြီး ပြန်လည်တိုက်ခိုက်ဖို့ကြံထားတဲ့ အက်ရှင်ကားကိုကြည့်ရှုခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.4 GB) / (650 MB) / (411 MB) Quality – Web-DL 1080p/ 720p / 480p Duration - 1Hr 27mins Subtitle – Myanmar Hardsub Format – MP4 Genre : Action Translator – Chit ...
movie

Fortress: Sniper’s Eye (2022)

2022
A Day to Die (2022) 5.1
A Day to Die (2022) A Day to Die (2022)===============ကျောင်းပြန်ပေးဆွဲခံရမှုဖြစ်ရပ်ဆိုးကြောင့် ghost team အထူးတပ်ဖွဲ့ဝင်တွေ ခြေရာဖျောက်နေခဲ့ရပေမယ့်၊ ထိုင်ခုံမြဲနေခဲ့တဲ့လူကတော့ ရဲမှူးကြီးအော်လ်စတန်ပါ... အဲ့ဖြစ်ရပ်အပြီး(၁၈)လအကြာမှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ပဲဆက်လက် လုပ်ကိုင်နေခဲ့တဲ့ ghost team အဖွဲ့ဝင်ကော်နာကော်နယ်လီတစ်ယောက် သူ့ရဲ့အကျဉ်း သားတစ်ယောက်ကို နောက်ကလိုက်ဖမ်းနေတဲ့ ဂိုဏ်းသားတစ်ယောက်ကိုသတ်ခဲ့မိ ပါတယ်။ သူသတ်ခဲ့မိတာက မြို့ရဲ့နာမည်ကျော်မူးယစ်ရာဇာကြီးရဲ့လူဖြစ်နေတော့ ကျားအမြီးသွားဆွဲမိသလိုဖြစ်သွားတဲ့ ကော်နာတစ်ယောက် မူးယစ်ရာဇာကြီးနဲ့ ရင်ဆိုင် ရချိန်မှာ ဘယ်လိုတွေပြန်ပေးဆပ်ရမှာလဲဆိုတာကို ကြည့်ရှုရမယ့် action ကားသစ်လည်း ဖြစ်ပါတယ်။ အဲ့တော့ မူးယစ်ရာဇာကြီးရဲ့အန္တရာယ်ကနေလွတ်အောင်ရှောင်နိုင်ပါ့မလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာပါ။ နောက်တစ်ခုပြောချင်တာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Bruce Willis ကရော ဘယ်လိုအခန်းတွေမှာပါဝင်သရုပ်ဆောင် မှာလဲဆိုတာတော့ ခင်ဗျားတွေးထားသလို သရုပ်ဆောင်မှာပဲလို့ ပြောချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.16 GB) / (576 MB) / (394 MB) Quality – WebRip 1080p / 720p/480p Duration - 1h 45mins Subtitle ...
movie

A Day to Die (2022)

2022
Gasoline Alley (2022)
Gasoline Alley (2022) Gasoline Alley (2022)ခုတစ်ခေါက်မှာတော့ သည်းထိပ်ရင်ဖိုမှုခင်းကားတစ်ကားဖြစ်တဲ့ Gasoline Alley နဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ လေး‌လောင်းပြိုင်လူသတ်မှုတစ်မှုရဲ့ အခင်းဖြစ်တဲ့နေရာမှာ "Gasoline Alley" လို့ထွင်းထားတဲ့ မီးခြစ်တစ်ခုကို စုံထောက် Freeman နဲ့ Vargas တို့ကတွေ့ရှိခဲ့ပါတယ်။ "Gasoline Alley"ဆိုတဲ့ နာမည်ကအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ Jimmy Jayne ရဲ့ တက်တူးဆိုင်နာမည်နဲ့လာ‌တူနေတဲ့အပြင်လူသတ်မှုမဖြစ်ခင်ညကJimmyဟာ အသတ်ခံရတဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Stars နဲ့ပတ်သက်မှုရှိနေခဲ့တော့အမှုရဲ့သံသယရှိသူဖြစ်လာပါတော့တယ်။ အကျဉ်းကျခဲ့ဖူးပေမယ့် ကိုယ်မလုပ်တဲ့ပြစ်မှုအတွက် ထောင်အကျမခံနိုင်ပါဘူးဆိုတဲ့Jimmy ကသံသယရှိသူဖြစ်လာတဲ့အခါမှာတော့ စုံထောက်နှစ်ယောက်နဲ့ပေါင်းပြီးနာမည်ရှင်းဖို့ရာအတွက် အမှုကိုလိုက်ပြီးစုံစမ်းပါတော့တယ်။Jimmyတစ်ယောက် ကိုယ့်နာမည်ကိုဘယ်လိုရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန်နဲ့ ကြည့်ရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦး။ File size…1.25Gb / 700MB / 350MB Quality…1080p WEB RIP  AAC 5.1CH / 720p / 360p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Honeyey
movie

Gasoline Alley (2022)

Death Becomes Her (1992) 6.6
Death Becomes Her (1992) Death Becomes Her (1992)ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲသုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ဇာတ်လမ်းအကျဉ်းအောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။တစ်နေ့မှာ ...
movie

Death Becomes Her (1992)

1992
Fortress (2021)
Fortress (2021) ကျွန်တော်တို့ရဲ့ အက်ရှင်ဟီးရိုးကြီး Bruce Willis ရဲ့ အက်ရှင်ဇာတ်ကားသစ်တစ်ကား ထပ်မံထွက်ရှိလို့ လာပြန်ပါပြီ Rating အနေနဲ့ 3.5/5 ရထားတဲ့ ဇာတ်ကားတစ်ကားဆိုတော့ မဆိုးလှတဲ့ အက်ရှင်ကားတစ်ကားပေါ့ဗျာပွဲကြမ်းနေကြ အက်ရှင်မင်းသားကြီး Bruce Willis ကို ဒီကားထဲမှာလည်း အငြိမ်းစားယူသွားတဲ့ CIA အေးဂျင့်ဟောင်း Robert အနေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ Paul ဆိုတဲ့ လူတစ်ယောက်က လူသူ‌ရောက်ဖို့မလွယ်လှ ဂျီပီအက်စ်လည်းမမိတဲ့နေရာတစ်နေရာကို ကားတစ်စီးငှားပြီး သွားရာကနေ စထားတယ် သူကတော့ တခြားမဟုတ်ပါဘူး Robert ရဲ့သား ဖြစ်ပြီး သူ့ ရဲ့ cryptocurrency ကုမ္ပဏီဖြစ်တဲ့ Invespia ဟာ အရှုံးပေါ်ကိန်းဆိုက်နေလို့ အဖေဖြစ်သူ Robert ဆီက ငွေချေးဖို့ လာခဲ့တာပဲ ဖြစ်ပါတယ်Paul ကတော့ သူ့အဖေ Robert ကို ဒီတိုင်း ပင်စင်ရိပ်သာမှာနေတဲ့ လူတစ်ဦးအဖြစ် သိထားတာပါ ...
movie

Fortress (2021)

Deadlock (2021) 4.2
Deadlock (2021) Deadlock (2021)=============ဒီဇာတ်ကားကတော့ နာမည်ကျော် မင်းသားကြီး Bruce Wills ကို ဗီလိန်နေရာကနေ မြင်တွေ့ရမဲ့ Deadlock လို့အမည်ရတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ရွန် ဝစ်လော့ခ် ဦးဆောင်တဲ့ အကြမ်းဖက်လူတစ်စုက တစ်နေ့မှာ ဖစ်ချ်ရှ်မြို့မှာ တည်ရှိတဲ့ ရေအားလျှပ်စစ်စက်ရုံကိုဝင်စီးခဲ့ပါတယ်။ ရွန်တို့အုပ်စုဟာ စက်ရုံကို ဝင်စီးခဲ့တဲ့အပြင် စက်ရုံမှာရှိတဲ့ ဝန်ထမ်းတွေကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြတာပါ။ အဲ့ဒီအပြင် အစိုးရဘက်က သူတို့ရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့မယ်ဆိုရင် ရေလှောင်တမံကြီးကိုဖျက်ဆီးပြီး ရေကြီးရေလျှံဖြစ်အောင် လုပ်မယ်လို့ ကြေညာ ခြိမ်းခြောက်ခဲ့ပါသေးတယ်။တစ်ဖက်မှာတော့ မက်ခ်ကားဟာ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး ဘဝကြီးကို ပေါ့ပေါ့နေ ပေါ့ပေါ့စားဘဝနဲ့ပဲဖြတ်သန်းခဲ့တာကြောင့် ကောင်မလေးဆီကနေ ထားသွားခံခဲ့ရသူလည်း ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းဖြစ်တဲ့ မက်ခ်တစ်ယောက် အလုပ်လုပ်နေတဲ့ ဖစ်ချ်ရှ်ရေအားလျှပ်စစ်စက်ရုံမှာ အကြမ်းဖက်ဝင်ရောက်စီးနင်းမှု ဖြစ်လာတဲ့အခါ.....ရွန်တို့အကြမ်းဖက်အဖွဲ့ကို ဘယ်လိုရင်ဆိုင်နှိမ်နင်းမလဲ... သူနဲ့အတူ ဖမ်းခံထားရတဲ့ ဓားစာခံတွေကို ကယ်တင်နိုင်မှာလား....ရွန်ကရော အခုလို အကြမ်းဖက်မှုကို ဘာကြောင့် လုပ်ဆောင်ခဲ့ရတာလဲ....ဆိုတာ ...
movie

Deadlock (2021)

2021
Apex (2021) 5.7
Apex (2021)  Apex ဆိုတဲ့ကျွန်းကြီးပေါ်မှာ လစဉ်လတိုင်း ထိပ်တန်းလူချမ်းသာ၆ယောက်ဟာ လူတစ်ယောက်ကို သားကောင်အဖြစ်အမဲလိုက်ကစားကြပါတယ်။သူပါတဲ့ပွဲတိုင်းနိုင်နေတဲ့ ဒေါက်တာရိန်းစ်ဖို့ဒ်ဟာ ကစားပွဲစီစဉ်သူကို သတ်ရအခက်ဆုံးသားကောင် တောင်းဆိုလိုက်တဲ့အခါ...တစ်သက်တစ်ကျွန်းကျနေတဲ့ ဘရုစ်ဝီလီတစ်ယောက် လွတ်မြောက်ဖို့အခွင့်အရေး ရလာပါတော့တယ်ကစားသမား၆ယောက်ဟာ သားကောင်ဖြစ်တဲ့ လူအိုကြီးဘရုစ်ဝီလီကို လျှော့တွက်ထားရာကနေ ထင်မထားတဲ့ရလဒ်တွေဖြစ်လာမလားဆိုတာ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Pyi T. Nyein ပါ )File Size__1.6 GB, 900 MB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:30:00 Type__Action , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Pyi T. Nyein Encoded by Naing Aung Latt
movie

Apex (2021)

The Expendables 2 (2012) 6.6
The Expendables 2 (2012) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p HEVC IMDb Rating__6.6/10 Format__mp4 Duration__1h43min Type__Action, Adventure, Triller Subtitle__Myanmar Subtitle (Hardsub) Encoded ...
movie

The Expendables 2 (2012)

2012
HEVC 1080p 5.1
The Expendables (2010) 6.5
The Expendables (2010) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p IMDb Rating__6.5/10 Format__mp4 Duration__1h43min Type__Action, Adventure, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

The Expendables (2010)

2010
HEVC 1080p 5.1
Survive the Game (2021) 5.8
Survive the Game (2021) Survive the Game (2021)==================IMDb Rating - 5.8/10Die hard ရုပ်ရှင်ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Bruce Willis ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဇာတ်ကားလေးလာပါပြီ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဒေးဗစ်(Bruce Willis)နဲ့ သူ့ရဲ့ပါတနာကားလ်တို့ဟာမူးယစ်ဆေးရောင်းဝယ်တဲ့အဖွဲ့တစ်ဖွဲ့ကိုဖမ်းဖို့လုပ်ခဲ့ကြတယ်။ နှစ်ယောက်တည်း သွားဖမ်းရင်း ဒေးဗစ်ဟာ သေနတ်နဲ့ပစ်ခံရပြီးကားလ်ကတော့ ဒေးဗစ်ကိုပစ်ပြီးထွက်ပြေးသွားတဲ့ မစ်ကီနဲ့ သူ့ရည်းစားဗိုင်အိုလက်တို့နောက်ကို လိုက်ဖမ်းခဲ့ပါတယ်။မစ်ကီတို့ဟာထွက်ပြေးရင်း နဲ့ အဲရစ်ရဲ့ လယ်တောဆီကိုရောက်သွားကြတာပေါ့။ အဲရစ်ဆိုတာက ဇနီးဆုံးပြီးနောက် ပိုင်းလောကကြီးနဲ့အဆက်အသွယ်ဖြတ်ထားပြီး တစ်ကိုယ်တည်းဇာတ်မြုပ်နေထိုင်နေသူ တစ်ယောက်ပါ။မစ်ကီနဲ့ ကားလ် တို့ကြောင့် အဲရစ်ဟာ အရှုပ်တော်ပုံထဲပါလာရပြီး . လိုက်ရင်းပြေးရင်းနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှူပေးကြပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Chuck Chuck တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 37minSubtitle ...
movie

Survive the Game (2021)

2021
G.I. Joe: Retaliation (2013) 5.8
G.I. Joe: Retaliation (2013) G.I. Joe: Retaliation (2013)_____IMDb - 5.8/10 GI Joe The Rise of Cobra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီး ပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့ Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင်ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ပိုကြမ်းလာတယ်ပြောရမှာပေါ့...။တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။ဇာတ်လမ်းကတော့...G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သတ်ဖြတ်ခံရပီးတဲ့နောက်အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီးCobra commander , Firefly , Zartan နဲ့ Storm Shadow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဘယ်လိုတွေတားဆီးကျမယ်...သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကိုAction ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။(Extended Version ကိုမှ HEVC Quality ပါ ...
movie

G.I. Joe: Retaliation (2013)

2013
HEVC 1080p 5.1
Midnight in the Switchgrass (2021)
Midnight in the Switchgrass (2021)  Midnight in the Switchgrass(2021) ======================= No Rating Yetတာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။ သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊ နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက် က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့် အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။ မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့ ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့ စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဒုတိယအချက်ကို အမိအရသုံးထားတယ်။မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့ ကားအစမှာကတည်းက ဖော်ပြထားလို့ သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။ ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့ သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။ ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့ ရင်ဖိုစရာတော့ကောင်းတယ်။ အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ်မှုတစ်ခုတော့ ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင် အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့ Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmett ကတော့ The Irishmanကားအပါအ၀င် ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာ လုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောက ကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။ သို့ပေမဲ့ ...
movie

Midnight in the Switchgrass (2021)

Out of Death (2021)
Out of Death (2021) Out of Death (2021)===============IMDb Ratingဒီနေ့အတွက် မင်းသားကြီး Bruce Willis ပါဝင်သရုပ်ဆောင်ထားတဲ့ 2021 ထွက်ကားသစ်ကိုတင်ဆက်ပေးပါရစေ။16 July မှ released date မို့ imdb rating တော့မတတ်သေးပေမယ့် popularity ကတော့ တရိပ်ရိပ်တတ်နေတဲ့ကားပါ။ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းလို့ အညွှန်းနည်းနည်းလေးညွှန်းပြီး ကိုယ်တိုင်ခံစားကြည့်ရှုစေချင်ပါတယ် . . .ဇာတ်လမ်းအစက ရဲမေ တစ်ယောက်နဲ့ ဘိန်းမှောင်ခိုလုပ်တဲ့ကောင်တို့ရဲ့ ချစ်ခန်းနဲ့စတင်ထားသလို . အပေးအယူလုပ်တဲ့အခန်းနဲ့စတယ်ဆိုလည်းမမှားပါဘူး။ သူတို့အပေးအယူမတည့်ကြတဲ့အခါ ထုံးစံအတိုင်းလက်နက်ရှိသူဟာ အနိုင်ကျင့်စမြဲဆိုပါတော့ဒါပေမယ့် ဒီဖြစ်စဥ်ကိုတွေ့မြင်သွားသူကတော့ အဖေ့ရဲ့အရိုးပြာကိုကျဲပေးဖို့ တောထဲလာခဲ့တဲ့ ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။သူမက ဒီဖြစ်စင်ကိုတွေ့မြင်သွားတဲ့အတွက် အန္တရာယ်တွေဟာ တောက်လျောက်လိုက်ပါလာပြီး . ပြေးရင်းလွှားရင်းနဲ့ ကတုံး(Bruce Willis)နဲ့ဆုံတွေ့ကြရာကနေ ဒီဇာတ်လမ်းကို စိတ်ဝင်တစားတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Amelia မှရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူများကတော့ Amelia, Jerrica တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p ...
movie

Out of Death (2021)

2021
Cosmic Sin (2021) 3.0
Cosmic Sin (2021) Cosmic Sin (2021)==============ကျွန်တော်တို့ နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လို့ထင်ပါသလား ....ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လို့ထင်လဲ၊ သူတို့ကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .ပိုပြီး စိတ်၀င်စားဖို့ ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတို့က လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ......ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖို့ဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ...
movie

Cosmic Sin (2021)

2021
Hard Kill (2020) 3.0
Hard Kill (2020) Action/Thriller အမျိုးအစားပါ။ Eva ဆိုတဲ့ ကောင်မလေးကလူတွေရဲ့ ဘဝကို ကယ်တင်ဖို့ဆိုပြီးကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မယ့် A.I စနစ် နည်းပညာတစ်ခုကို တီထွင်ခဲ့တယ်။အဲ့ဒီနည်းပညာဟာ Pardoner ဆိုတဲ့psychopath အကြမ်းဖက်သမား လက်ထဲရောက်သွားတယ်။သူကတော့ အဲ့ဒီ A.I system ကြီးကိုသုံးပြီး တစ်ကမ္ဘာလုံးကprogram တွေ လုပ်ငန်းတွေအကုန်လုံးကို အပျောက်ဖျောက်ချင်တာပါတဲ့။တစ်မ္ဘာလုံးကို reset ချချင်တာမျိုးပေါ့။ဒါပေမယ့် အဲ့ဒီနည်းပညာကို သုံးဖို့က လျှို့ဝှက်ကုဒ်နဲ့ ဖြည်မှရမှာ။အဲ့ဒီကုဒ်ကိုသိတဲ့သူက Eva ရဲ့အဖေ Donovan ။ဒီတော့ Pardonerက Donovan ကို အကျပ်ကိုင်ဖို့ သူ့သမီးကို ဖမ်းထားလိုက်တယ်။အဲ့ဒီမှာပဲ Donovan က ဇာတ်လိုက် Miller ခေါင်းဆောင်တဲ့ကြေးစားအထူးတပ်ဖွဲ့ကို ငှားရမ်း တာဝန်ပေးတာနဲ့ ဇာတ်လမ်းစပါတယ်။ File ...
movie

Hard Kill (2020)

The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)

The Siege (1998) 6.3
The Siege (1998) ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာကို တိုက်ခိုက်နေခြင်း မဟုတ်ပါဘူး ၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အကြမ်းဖက်သောင်းကျန်းနေသူများကို တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်လို့ အိုဘားမား သမ္မတဖြစ်ခါစ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့ဖူးတယ် ။ ၁၉၈၀ ကျော်မှာ ဆိုဗီယက်က အာဖဂန်နစ္စတန်ကို ကျူးကျော်တုန်းက အမေရီကန် CIA တွေက ဘင်လာဒင်တို့လို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ကို တော်လှန်ရေးသမားအဖြစ် မွေးမြူခဲ့တယ် ။ CIA ရဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရီကန်ရဲ့ အကျိူးစီးပွားကို ထိခိုက်နိုင်တဲ့ ဆိုဗီယက်ရဲ့ ဩဇာအာဏာကို ဟန့်တားဖို့ပေါ့ ။ ၁၉၉၀ ကျော် အမေရီကန် သမ္မတ ဂျော့ဘုရှ် လက်ထပ်မှာတော့ အီရတ်က ဆတ်ဒမ်ဟူစိန်ကိုအမေရီကန်က ဖြုတ်ချချင်တယ် ။ အီရတ်ပြည်တွင်းမှာ ဆတ်ဒမ်ကို တော်လှန်ချင်သူတွေကို လက်နက်တွေပေးတယ် ၊ အကြမ်းဖက်နည်းတွေ သင်ပေးတယ် ၊ ဗုံးလုပ်နည်းတွေ သင်ပေးတယ် ။ အမေရီကန် သမ္မတသစ် ကလင်တန် လက်ထပ်မှာ နိုင်ငံခြားရေးမူဝါဒကပြောင်းသွားတယ် ...
movie

The Siege (1998)

1998